နောက်ဆုံးသတင်း/ဆောင်းပါးများ

သတိထား ရမယ့် ဆေးရိုးသည် တို့ရဲ့ သင်္ကြန်ပွဲ


ခေဋီဈက်အို
8.4.2013

ပြီးခဲ့တဲ့ ရက်ပိုင်း တွေက မိတ္ထီလာက ဘုန်းကြီး သေတာကို လံကြုပ်ပုံ တစ်ပုံ တင်ပြီး ဗုဒ္ဓ ဘာသာတွေ သွေးကြွ လာအောင် ဆွပေးတယ်။ (တတ်သိ ပညာရှင် တွေက သေသေ ချာချာ လိုက်စုံစမ်း လိုက် တဲ့ အ ခါ အဲ့ဒီ ဓာတ်ပုံက ကွန်ပျူတာ နည်းပညာနဲ့ အတုလုပ် လံကြုပ် လိမ်စဉ် ဇာတ်ထုတ် ကြီး ဖြစ်နေတာ ပေါ်သွားတယ်။)

ဒီနေ့တော့ ကျနော်တို့ မွတ်စလင်မ် တွေအတွက် ခံပြင်း စရာ ကောင်းတဲ့ ဗွီဒီယို တချို့ အင်တာနက်ပေါ် ပျံ့နှံ့ လာတယ်။ အဲ့ဒီ ဗွီဒီယိုမှာ မြင်ရတဲ့ မြင်ကွင်း တွေက တကယ်ကို စိတ်မချမ်း သာစရာပါ။ မိတ္ထီလာ၊ မင်္ဂလာ ဇေယျုံ ရပ်ကွက် အတွင်းမှာ မွတ်စလင်မ် တချို့ကို ရိုက်သတ် နေပုံပါ။ တိရစ္ဆာန် တစ်ကောင် အသတ်ခံ ရသလိုမျိုး လူတွေ အုပ်လိုက်က ဓားတွေ၊ ဒုတ်တွေနဲ့ ၀ိုင်းပြီး ရိုက်ခွဲ၊ ခုတ်ထစ် သတ်ဖြတ် နေ တဲ့ မြင်ကွင်း တွေဟာ ကြည့်ရင်း ကြည့်ရင်းနဲ့ကို မျက်ရည်တွေ ၀ဲလာ ရပါတယ်။

တကယ့် အဖြစ်မှန် ဗွီဒီယိုတွေ ဖြစ်ပေမယ့် ကျနော်တို့ သေချာအောင် လေ့လာ စုံစမ်းကြည့် လိုက်တော့ ဗွီဒီယို ရိုက်တာက လုံခြုံရေး ဆိုသူတွေ ရဲ့ကြား၊ လုံခြုံရေး တွေကို အကာ အကွယ် ယူပြီး ရိုက်ယူ ထားတဲ့ ဗွီဒီယို သက်သက်ပါ။ သတင်း ထောက်တွေ ရိုက်ကူးမှု မဟုတ်တာ ကတော့ သေချာ သလောက်ပါ။

ထပ်မံပြီး ဗွီဒီယိုတွေကို အသေးစိတ် အထပ်ထပ် ကြည့်ရှု လေ့လာဖြစ်ပါတယ်။ ရိုက်ကူးမှု အားလုံးဟာ စနစ် တကျနဲ့ သေသေ သပ်သပ် တည်ငြိမ်စွာ ရိုက်ကူး နိုင်တာ တွေ့ရ ပါတယ်။ ဒါဟာ စနစ် တကျနဲ့ သင်တန်းပေး လေ့ကျင့် ထားတဲ့ ဗုဒ္ဓ ဘာသာဝင် အစိုးရ ၀န်ထမ်း (သို့) အခြား တစ်ဦးဦးရဲ့ ရိုက်ကူး မှု ဖြစ် မှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဖြစ်စဉ်တွေ စတင်တဲ့နေ့ ရွှေဆိုင် တန်းကို အကြမ်းဖက် ခံနေရတဲ့ အချိန်မှာ မှတ်တမ်းတင် ရိုက်ကူးနေသူ မွတ်စလင်မ် များကို လိုက်လံ တားမြစ် ပိတ်ပင် ခြိမ်းခြောက် တာ တွေရှိခဲ့ပြီး အသက် အန္တရာယ် ပေးသည် အထိ ဖြစ်ခဲ့ ပါတယ်။ အဲ့ဒီ အချိန်မှာ မွတ်စလင်မ် ကလွဲပြီး အခြားသော မှတ်တမ်းတင် ရိုက်ကူး နေသူ များကိုတော့ ကန့်ကွက်မှု မရှိခဲ့ လို့ပါ။

အချုပ် ကတော့ အကြမ်းဖက်မှု ဗွီဒီယို မှတ်တမ်းတွေ ဆက်တိုက် ဆိုသလို တစ်ခုပြီး တစ်ခု တက် လာ နေပါတယ်။ မိတ္ထီလာ အကြမ်း ဖက်မှု ဖြစ်စဉ် တွေက အခုဆို (၁၉) ရက်လောက် ကြာခဲ့ ပါပြီ။ လူတွေ ရဲ့ ရင်ထဲက အမုန်းတွေလဲ ချေ ဖျက်နေ ကြပါပြီ။ ပြန်လည် ဖွံ့ဖြိုးရေး ဘက် ကိုပဲ ဦး တည် လို့ သွားနေ ကြ ပါပြီ။ ဖြစ် သင့်တာက ဗွီဒီယိုတွေ ဟာဖြစ်စဉ် ပေါ်ပေါက် နေခိုက် သွေးပူနေစဉ် မှာသာ ထွက်ပေါ်လာရမှာ ပါ။ အ ခုတော့ သွေးအေးလို့အာဃာ တတွေ ဖျောက်ဖျက် နေခိုက် မှာမှ ဘာလို့ ပေါ်လာ ရတာလဲ။

တစ်ဆက် တည်းမှာပဲ အင်တာနက် ဖေ့စ်ဘွက် စာမျက်နှာ ကနေ ရာဇ၀တ်မှု မြောက်သည် အထိ အစ္စ လာမ် ဘာသာကို စော်ကား တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာ ၀င်တွေကို မြှောက်ထိုး ပင့်ကော် လုပ် သွေး ထိုး ပေးနေတဲ့ လူထု မောင်ကာဠုဆိုတဲ့ စာမျက်နှာမှ ဆက်သွယ်ရန် ဖုန်းနံပါတ် ပေးတဲ့ အခါ မတူ ကွဲ ပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ နေမျိုးဝေရဲ့ ဖုန်းနံပါတ် ဖြစ်နေ ပါတယ်။

ရုးနှမ်းနှမ်း နဲ့ နေမျိုးဝေ ကလည်း လူတွင် ကျယ်ကြီး လုပ်ပြီး အာဘောင် အာရင်း သန်သန်ပါပဲ သမ္မတ အကြံပေးဆီ ပေးတဲ့စာကို အင်တာနက်ပေါ် တင်ပြီး လူသိအောင် ဖွလိုက်တယ်။

အနှစ်ချုပ် လိုက်တော့...

ဘုန်းကြီး သေတဲ့ ဓာတ်ပုံကို လုပ်ကြံပြီး တင်ပေးတာ ဘယ်သူ့ လက်ချက်လဲ?

ဗွီဒီယိုကို ဘယ်သူ ရိုက်ပြီး အခုလို ရက်ကြာပြီး သွေးတွေ ခြောက်သွား တော့မှ ဘာလို့ ပျံ့နှံ့လာ ရတာလဲ?

လူထု မောင်ကာဠုက ဆက်သွယ်ဖို့ ဖုန်းနံပါတ်မှာ ဘာလို့ နေမျိုးဝေရဲ့ ဖုန်းနံပါတ်ကို လူသိရှင်ကြား ထုတ်ပေး လိုက်ရ တာလဲ? 

နေမျိုးဝေ ကရော ဘာလို့ အစ္စလာမ် ဆန့်ကျင်ရေး အတွက် ရှေ့တန်းကို ရောက်လာ ရတာလဲ?

ကမ္ဘာ့ ရန်လို့ ပြောရ လောက်အောင် မတည့်ရှုတဲ့ ဇေကမ္ဘာ ခင်ရွှေနဲ့ နေမျိုးဝေက ဘယ်လို အခြေအနေ ရှိ လဲ?

ခင်ညွန့် တစ်ယောက် ဘယ်ပျောက် နေလဲ?

ခင်ညွန့်ရဲ့ တပည့်ရင်း တွေဖြစ်တဲ့ ညာဝါး ပညာသီဟ (ရွှေည၀ါ ဆိုသူ) နဲ့ မွတ်စိုးရိမ် ၀ီရသူ တို့လဲ ငြိမ် ကုန် တာ ထူးဆန်း နေပါတယ်?

စရဖ တွေထဲမှာ ထောက်လှမ်းရေး ဟောင်းတွေ ပါနေတယ် ဆိုတာ ကရော သေချာ နေပြီလား?

ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ရဲ့ အရင်းစာ လူလို့ ပြောသံ ဆိုသံတွေနဲ့ အတူ ဓာတ်ပုံ တွေလဲ ယှဉ်တွဲ ရိုက် ထား တာကို တွေ့ဖူး ကြမှာပါ။

သင်္ကြန် ရက်တောင် နီးလာပြီဗျ။ လာမယ့် (၁၃) ရက်ဆို သင်္ကြန် ရောက်တော့မယ်။ ဟိုးတုန်းက အဖြစ် အပျက်လေး တစ်ခု ကိုသတိ ရမိပါတယ်။ သူက ကျနော်တို့ရဲ့ မြန်မာ မွတ်စလင်မ် သူရဲကောင်း တစ်ယောက် ဖြစ်တဲ့ ကိုဖြိုးပါ။

သူက ဗုံးပေါက် ကွဲမှုမှာ မပေါက်ကွဲဘဲ ကျန်ရှိ နေတဲ့ဗုံးကို မြင်လို့ သတင်း ပေးရာက အဖမ်းခံ လိုက်သူ ပါ။ နောက်ဆက်တွဲ ကတော့ သူ့ကို သက်သေ အဖြစ် ခေါ်ယူတယ်။

(နောက်ဆက်တွဲ ထိပ်သီး အတွင်းရေးအရှုပ်တော်ပုံတွေ ပေါ်လာမှာမို့)မွတ်စလင်မ်တစ်ယောက် ဖြစ်နေမှန်း သိရတဲ့ ကိုဖြိုးကို ဇာတ်လမ်း အသစ် ဆင်ပြီး သက်သေကို တရားခံ အဖြစ် ရဲချုပ် ခင်ရီက ဖန် တီး ပေးလိုက်တယ်။

မြန်မာ ပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုကို မွတ်စလင်မ် တွေကပဲ ဗုဒ္ဓ ဘာသာ တွေကို သင်္ကြန်ပွဲမှာ အားလုံး မင်္ဂလာ ယူချိန်မို့ တိုက်ခိုက် မှုဟာ ဘာသာခြား ဖြစ်နိုင်တယ်´လို့ပြောပြီး မွတ် စ လင်မ် တွေကပဲ တိုက်ခိုက် သယောင် ရဲချုပ် ခင်ရီက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး လိမ်ပေမယ့် ကမ္ဘာက လက်မ ခံခဲ့ဘူး။

ဒီတော့ ကမ္ဘာက လက်ခံ လာစေဖို့ အတွက် ဗိုလ်ချုပ် ကိုကိုက တာလီဘန်တွေ ဖမ်းမိတယ် ဆိုတဲ့ သ တင်းကို လူသိရှင်ကြား ထုတ်ဖော် ပြောပြီး မြန်မာ ပြည်မှာ တာလီဘန် ရှိကြောင်း လိမ်လည်ပြီး မီဒီ ယာ တွေကတဆင့် ကြေငြာ ပေးလိုက်တယ်။

ဒါပေမယ့်လည်း မြန်မာ ပြည်မှာ တာလီဘန်တွေ အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက်မှု တို့ဟာ ဘယ်လိုမှ စိတ်ကူး ယဉ်ပြီး ရှိချင်တယ် ဆိုရင်တောင် မရှိနိုင် ကြောင်းကို ကမ္ဘာက လက်ခံ လိုက်ကြတယ်။

ဘာပဲ ဖြစ်ဖြစ် အဲ့ဒီ လိမ်ဆင် ဇာတ်လမ်း ကတော့ အခိုး အငွေ့ တွေလို လွင့်မျော ပျောက်ကွယ် ခဲ့ရပေမယ့် အပြစ်မဲ့တဲ့ အပြစ်မရှိတဲ့ ကိုဖြိုးဝေအောင် ကတော့ ထောင်တွင်းက ရလိုက်တဲ့ အသည်း ကင်ဆာကြောင့် ကွယ်လွန် သွားတယ်။ သနားစရာ ကောင်းတာက သူ့ရဲ့သမီးလေးနဲ့ သားလေး၊ သူ့ အမျိုးသမီး တွေပဲ။

အခုလဲ လာနေ ပါပြီ။ အချိန်ကိုက်ပဲ ဗုဒ္ဓ ဘာသာ တွေကို သွေးကြွအောင် ဘုန်းကြီး ရိုက်ခံ ရတဲ့ ပုံတွေ လုပ်ကြံပြီး တင်လာပြီ။ မွတ်စလင်မ် တွေကို သည်းခံမှု မရှိအောင် ဗွီဒီယိုတွေ ဖြန့်ထုတ် ပေးနေတယ်။ ငရဲ ခွေးတွေလဲ အရှို အရှို လွတ်ကြ၊ ပုန်းကြ၊ ပေါ်ကြ နဲ့ပေါ့။

တစ်ဆက် တည်းပဲ မြန်မာ ပြည်တွင်း မှာလည်း မြို့ရွာ တိုင်းမှာ ရယက တွေကစပြီး အရာရှိ အဆင့်တွေ ထိက မြို့တွေမှာ မွတ်စလင်မ်တွေ ဗုံးဖောက် ခွဲမယ် ဆိုတဲ့ သတင်းကို လိုက်ဖြန့် နေတယ်။ အချို့ နေ ရာ တွေမှာတော့ မွတ်စလင်မ် တွေရဲ့ ဆိုင်တွေ ကနေ အစား အသောက်တွေ ၀ယ်မစားဖို့ လိုက်ကြေ ငြာ နေတယ်။

တစ်ဖက် မှာလည်း မွတ်စလင်မ် တွေက အန္တရာယ်တွေ၊ ဒုက္ခတွေ ကြုံလာ ရတဲ့ အခါ ငြိမ်းငြိမ်း ချမ်း ချမ်း ဖြေရှင်း ရအောင်လို့ သက်ဆိုင် ရာကို သတင်း ပို့တဲ့ အခါ တာဝန် ရှိသူ တွေက မွတ်စလင် မ် တွေ ကို ပဲ တစ် ဖက်သက် စော်ကား၊ အော် ဟစ် ငေါက် ငမ်းပြီး ပြန်လည် တုံ့ပြန်တာ မျိုး တွေလဲ ဖြစ်လာ နေတယ်။

ဒါတွေဟာ ဘာအကြံ အစည် ရှိလို့လဲ မေးခွန်း ထုတ်ဖို့ လိုပါမယ်။

ကျနော် ကတော့ ဒီလို စဉ်းစား မိပါတယ်။ တစ်ဖက်က ဗမာ ဗုဒ္ဓ တွေဟာ ဘုန်းကြီး ထိလို့ ဆို ပြီး သွေးတွေကြွ နေတာကို အဆိပ် ခတ်တာတို့၊ ဗုံးကိစ္စတို့ အကြောင်းပြ တပ်လှန်ပြီး မီးလောင် ရာ လေ ပင့်ရင်း လှုံ့ဆော် ပေးထားတယ်။ ဟုတ်ပြီ။ နောက်တစ်ဖက် ကတော့ မွတ်စလင်မ် တွေ အသက် အန္တရာယ်တွေ အထိ ခြိမ်းခြောက် ခံရပြီး ဒုက္ခ သုက္ခတွေနဲ့ စိုးရိမ် ပူပန် နေရတယ်။ ဒီကြားထဲ စီး ပွားရေး တွေ ကလည်း ကမောက်ကမ ဖြစ်ပြီး ၀မ်းစာ ရှာဖို့ ခက်ခဲ နေတယ်။ ဒီလို အချိန်မှာ အာဏာ ပိုင် တွေက ပေါ်တင် စော်ကား တာကိုလဲ ခံနေ ရတာကြောင့် မခံချင် စိတ်တွေက သိပ်များ နေတယ်။

ထိလွယ် ရှလွယ် အခြေအနေ ဖြစ်နေတဲ့ နှစ်ဖက် စလုံးကို ဗုံးတစ်လုံးလို အချိန် မရွေး စနက်တံ ဖြုတ်ပေး လိုက်ရုံ ပါပဲ။ ထုံးစံ အတိုင်း မွတ်စလင်မ် တွေဟာလည်း သည်းခံမှု အတိုင်း အတာ တွေ က ကျော် လွန် နေတဲ့ ကြားက အထပ်ထပ် အခါခါ သည်းခံ နေကြ တုန်းပါ။ ဆက်လက် ပြီးလဲ သည်းခံ နေကြ အုံးမှာပါ။

နောက်ဆုံး ကုန်ကုန် ပြောရရင် စစ်မှန်တဲ့ မွတ်စလင်မ် တိုင်းဟာ သူများ သတ်လို့ သေရတာ မျိုးကို မကြောက် ပါဘူး။ အစ္စလာမ်မှာ သူများရဲ့ မတရား သတ်ဖြတ် မှုကို ခံရသူဟာ မြင့်မြတ် သူတွေလို့ ခံယူထား ပါတယ်။ ဒါပေမယ့် ရိုးရိုး သတ်ရုံ တင်မကပါဘူး။ သူတို့ နိုင်ငံကို ကမ္ဘာမှာ ခေတ်စားတဲ့ အကြမ်းဖက် သမား စကားလုံး သုံးပြီး နိုင်ငံကြီး တွေကြားမှာ ဆေးရိုးသည် ကန့်လန့် ၀င်ရော ၀င်ဆံ့အောင် လုပ်ချင် သေးလို့ မွတ်စလင်မ် တွေကို အကြမ်းဖက် သမား ဇာတ်အထိ မရောက် ရောက်အောင် သွင်းပြ အုံးမှာပါ။

အမှန် တကယ် ဆိုရင် မြန်မာ ပြည်က မွတ်စလင်မ်တွေ ခံစား နေရသလို ခွေးတွေ၊ တိရစ္ဆာန်တွေ ခံ စား နေ ရရင် သူတို့ဆို ပြန်ကိုက်၊ ပြန်လုပ် တော့မှာ သေချာတဲ့ အခြေ အနေပါ။ ဒါပေမယ့် မွတ်စလင်မ်တွေ ကတော့ သည်းခံ နေကြလွန်းလို့ ဆေးရိုးသည် ကန့်လန့် လုပ်ချင်သူ တွေရဲ့ ရည်ရွယ် ချက်က မအောင် မမြင် ဖြစ်နေ ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဆေးရိုးသည် တွေကလည်း မရ ရအောင်ကို ရည်ရွယ်ချက် ရောက်ဖို့ လုပ်မယ်လို့ ယူဆမိ ပါတယ်။

ဒါကြောင့်ပဲ အခုဆို စိတ်ကူး ယဉ်တဲ့ ဗုံးဇာတ်လမ်းကို ပုံဖော် နေတာပါ။ မှူးဇော်လည်း ထွင်ကြည့် ပါတယ်။ အလိမ် ပေါ်လို့သာ နောက်ဆုတ် သွားတာပါ။ ဗိုလ်ချုပ် ကိုကိုလည်း ထွင်ကြည့် ပါတယ်။ ဘာ မှ ဖြစ် မလာလို့ ငြိမ်သွား ရပါတယ်။ ခင်ရီ ကလည်း လုပ်ကြည့် ပါသေးတယ်။ မအောင် မြင်လို့ အသာ လစ်သွား ခဲ့ပါတယ်။ အားလုံး အားလုံး လုပ်ကြည့် ချင်ကြ ပါတယ်။ ငပိ ကြိုက်တဲ့ မိတစ်ထောင် သားတွေမို့ ပက်စက် တဲ့ အကြံ တစ်ရာတော့ ရှိမှာပါ။

အခု မြန်မာ့ ရိုးရာ သင်္ကြန် ပွဲတော် လာတော့မယ်။ မွတ်စလင်မ်တွေ သတိထား ဆင်ခြင် ပေးကြပါ။ အာ ဏာပိုင် တွေက ရယကတွေ ကစပြီး အရာရှိ အဆင့် တွေထိက မြို့တွေမှာ မွတ်စလင်မ်တွေ ဗုံးဖောက် ခွဲမယ် ဆိုတဲ့ သတင်းကို လိုက်ဖြန့် နေကြ ပါတယ်။

ဘယ်နေရာမှာ ဘာဖြစ်မလဲ ဆိုတာတော့ ရင်တစ် ထိတ်ထိတ်နဲ့ စောင့်ကြည့် ရမှာပေါ့။ မွတ်စလင်မ်တွေ အသုံးချခံ မဖြစ်ကြ ပါစေနဲ့ဗျာ။ လိမ္မာကြပါ။ ကလေးတွေကို ထိန်းပေး ကြပါ။ သင်္ကြန် ပွဲတော် ဆို တာ မြန်မာ့ ရိုးရာ ပွဲတော် ဖြစ်ပေမယ့် အခုတော့ ဗုဒ္ဓ ဘာသာ တွေက အပိုင်စီး လိုက်ပါပြီ။ မြန်မာ့ ရိုးရာ ပွဲ မဟုတ် တော့ပါ။ ဗုဒ္ဓ ဘာသာပွဲ ဖြစ်တာကြောင့် မွတ်စလင်မ် တွေနဲ့ လုံးဝကို မသက်ဆိုင်ပါ။ သင်္ကြန်မှာ လည်ဖို့ ပတ်ဖို့၊ သူများတွေ မူးသလို မူးဖို့၊ သူများ တွေလို ရူးဖို့တွေ စိတ်မကူး လိုက်ကြ ပါနဲ့။ ဒီလို လုပ်ဖို့ စိတ်ကူး နေတဲ့ သူတွေ ကိုလည်း ကိုယ်နိုင်တဲ့ ဘက်ကနေ ပြင်းပြင်း ထန်ထန် တားမြစ် ပေးကြဖို့ မေတ္တာ ရပ်ခံ ပါရစေဗျာ။

သင်္ကြန်မှာ အိမ်တွင်း နေပြီး ကိုယ်တော် နှစ်သက်တဲ့ စာဖတ်ခြင်း တွေကို ကျင့်ကြံ ကြပါ။ စာမဖတ် တတ်ရင် ဇစ်ကစ်ရ်တွေ စိတ်နေ ကြပါ။ မစိတ် ချင်ရင် တရားခွေတွေ နားထောင် ကြပါ။ ပျင်းတယ် ဆိုရင် သတင်းတွေ ထိုင်ကြည့် ကြပါ။ လူကြီးတွေက လူငယ်တွေ ကိုစုပြီး ပညာပေးတဲ့ ဟောပြော ပွဲတွေ၊ ဆွေးနွေး ပွဲတွေ ဖန်တီး ပေးကြပါ။ နမားဇ် ငါးကြိမ်တော့ ရအောင် ဖတ်ပေး ကြပါ။

Comment ရေးရန်

Rohingya Exodus