နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်္ဂလန် နိုင်ငံ ဘောလ်တန် မြို့တွင် မြန်မာ မွတ်စလင် များအတွက် ဆန္ဒပြ


RB News
8.4.2013

အင်္ဂလန်နိုင်ငံ  ဘောလ်တန်မြို့မှာ ရှိနေတဲ့သူများ အတွက်တော့ မြန်မာနိုင်ငံက မိုင်ပေါင်းထောင် ချီ ဝေးနေ ပေမယ့် လည်း နိုင်ငံ တွင်းဖြစ်ပေါ် နေ တဲ့မွတ်စ လင် တွေ အပေါ် အကြမ်း ဖက်မှု တွေ အ တွက် ဘောလ်တန်မြို့သူ မြို့သားတွေ အတူ တကွ လှုပ်ရှားမှု တစ်ခု စတင် လိုက်ပါပြီ။ 

ဘောလ်တန် မြို့မှာ ရှိတဲ့ မြန်မာ မွတ်စလင်တွေ၊ ဒေသခံ မွတ်စလင်တွေ၊ ဘာသာခြား ပေမယ့်လည်း ငြိမ်း ချမ်း ရေးကို လိုလားတဲ့ သူတွေ၊ Bolton United for Peace နဲ့ Burma Action Group တို့ပေါင်း စည်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တစ်ရပ်ကို ဧပြီလ (၆) ရက်နေ့က Victoria Square မှာကျင်းပ ခဲ့ပါတယ်။ 

ဆန္ဒ ဖော်ထုတ်သူ တွေက အကြမ်းဖက် မှုတွေကို ချက်ချင်း ရပ်တန့် ဖို့နဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက် မှုတွေ ပြုလုပ်ဖို့ တောင်း ဆိုခြင်း ဖြစ်ပါတယ်။ 

ဆန္ဒပြပွဲ ပါဝင်တဲ့ အမျိုးသမီး တစ်ဦးဖြစ်တဲ့ Daubhill ကတော့ မြန်မာ နိုင်ငံမှာ ရှိတဲ့ သူမရဲ့ မွတ်စလင် မိ သား စု ၀င်တွေ ထိခိုက် နစ်နာ လိမ့်မယ် လို့ဆို ပါတယ်။ ရန်ကုန်မှာ ရှိတဲ့ သူမရဲ့ မိခင်ကို မနက် တစ်ကြိမ် ညနေ တစ်ကြိမ် ဖုန်းခေါ်ပြီး အခြေ အနေကို မေးစမ်း နေရတယ်လို့ သူမက ပြောပါတယ်။ 

အသက် ၃၄ နှစ် အရွယ်အမည် မဖော်လိုသူ တစ်ဦးက မြန်မာနိုင်ငံမှာ ရှိတဲ့ သူမရဲ့ ဆွေ မျိုး တွေ အားလုံး က အ ရမ်း   ကြောက်ရွှံ့ နေ ရတဲ့ အခြေ အနေမှာ ရှိတယ် လို့ဆို ပါတယ်။ 

အလားတူ ဆန္ဒပြပွဲ များကို မိတ္တီလာ မြို့တွင် အကြမ်းဖက် မှုများ စတင်ပြီး နောက်ပိုင်း တွင် မလေး ရှား နိုင်ငံတွင် နှစ်ကြိမ်၊ အင်္ဂလန် နိုင်ငံ လန်ဒန်မြို့တွင် တစ်ကြိမ်နှင့် ယမန်နေ့က အမေရိ ကန် ပြည်ထောင် စု ဖို့ဒ်ဝိန်း ပြည်နယ် တို့တွင် ကျင်းပ ခဲ့သည်။ 

အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တွင်လည်း လာမည့် သောကြာနေ့ ဧပြီလ (၁၂) ရက်နေ့ တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရပါသည်။

Comment ရေးရန်

Rohingya Exodus