နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ မြင့်လွတ်ရွာ၌ အလောင်း ၆ လောင်း ရှာတွေ့

RB News 
17.5.2013 

မောင်တော ။ ။ ရခိုင် ပြည်နယ်တွင် မဟာဆင် မုန်တိုင်း ၀င် မည် ဟု နိုင်ငံ တကာနှင့် မြန်မာ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီး ဌာနမှ အသိပေး နှိုးဆော် ပြီးနောက် ပေါက်တော မြို့နယ် ငှက်ချောင်း ဒု က္ခ သည် စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် များသည် ဆင် တက်မော် သို့ တိမ်းရှောင်ရန် စက်လှေများ ဖြင့်ထွက် ခွာခဲ့ကြ သည်။ မေလ (၁၃) ရက်နေ့ ညပိုင်းတွင် ထွက်ခွာ ခဲ့သော စက်လှေ များမှ စက်လှေ တစ်စီး တိမ်းမှောက် ခဲ့ပြီး ၈၁ ဦး သေဆုံး ခဲ့သော် လည်း သေဆုံးသူ အလောင်း ၂ လောင်း ပြန်လည် ရှာဖွေ တွေ့ ရှိခဲ့သည်။ 

ပျောက်ဆုံး နေသော အလောင်း ၇၉ လောင်းမှ ၆ လောင်းကို ယမန်နေ့ (မေလ ၁၆ ရက်) ညနေပိုင်း တွင် မောင်တော မြို့ မြင့်လွတ်ရွာ ကမ်းခြေ၌ သောင်တင် နေသည်ကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။ ထို အလောင်းများသည် ပေါက်တောမြို့တွင် နစ်မြှပ်ခဲ့သော စက်လှေ မှပျောက် ဆုံးနေ သည့် သူများ၏ အလောင်း များ  ဖြစ် သည် ဟု မျက်ြ မင် သက်သေ များက အတည်ပြု ပြောကြားသည်။ 

“ပေါက်တောမှာ စက်လှေ မြှုပ်ပြီး သေဆုံးသူ တွေရဲ့ အလောင်းတွေ ပျောက်နေတာ ကျွန်တော် တို့ ကြား ပါတယ်။အခု မြင့်လွတ်ရွာ ကမ်းခြေမှာ သောင်တင် လာတဲ့ အလောင်းတွေ ကတော့ ရက်သိပ် မကြာ သေး တော့ ရုပ် မပျက် သေးဘူး။ အားလုံးရဲ့ ရုပ်ရည်က မွတ်စလင်တွေ ဆိုတာ သေချာတယ်လို့ ကိုယ် တိုင် မြင် တဲ့သူ တစ်ယောက် ကပြောပါတယ်” ဟု မောင်တောမြို့က ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါသည်။


သောင်တင်လာ သောအလောင်း များကို နစက နယ်မြေ (၈) မှ တာဝန် ရှိ သူများက သိမ်းယူ သွားသည်ဟု သိရသည်။ 

“အလောင်း တွေကို နစက ကသိမ်းသွားတယ်။ သဂြိုဟ်တာ နဲ့ပတ်သက်ပြီး အခုထိ အတည်ပြု လို့မရ သေးဘူး” ဟု အဆိုပါ ဒေသခံမှ ဆိုသည်။ 

မောင်တောမြို့၊ မြင့်လွတ်ရွာ ကမ်းခြေသို့ သောင်တင် လာသော အလောင်း ၆ လောင်းတွင်၊ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် (မိန်းကလေး) တစ်ဦး တို့ဖြစ်ကြောင်း သိရပါသည်။ 

ထို့အပြင် ဘင်္ဂလားဒေ့ရှ်၊ တပ်ခ်နာဖ် မြို့ကမ်းခြေတွင် လည်း အလောင်း ၁၉ လောင်းသောင်တင် ခဲ့သည် ဟု သတင်း ရရှိ သော်လည်း RB News မှ တိုက်ရိုက် အတည် ပြု၍ မရ သေးပါ။

Comment ရေးရန်

Rohingya Exodus