နောက်ဆုံးသတင်း/ဆောင်းပါးများ

ကမ္ဘာကြီးကို လိမ်ညာရန် ကြိုးစားနေသည့် မြန်မာစစ်တပ်


မောင်အာသာ
RB News 
17.5.2013 

မောင်တော ။ ။ ယနေ့ နံနက် ၈ နာရီမှ ၁၀ နာရီ အထိ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်းရွာ (ရှီဒါဖာ ရာ) ဈေးရှေ့တွင် စစ်တပ်မှ ကားသုံးစီး ရပ်၍ ဈေးထဲတွင် လိုက်လံ တောင်းရမ်း နေသည့် ကလေးများ၊ အ မျိုးသမီး များကို စုဝေး၍ မဟာဆင် မုန်တိုင်း မတိုင်မှီ ရိုဟင်ဂျာ များကို ကူညီနေသည့် အလား ပုံစံ အ သွင် ဖမ်း၍ ကမ္ဘာကြီးကို လိမ်ညာ လှည့်ဖျားရန် ကြိုးစား ခဲ့ကြောင်း သိရ ပါသည်။ 

“မောင်တော အထက် တန်းကျောင်းမှာ အခြေစိုက် ထားတဲ့ မောင်တောမြို့ တောင်ပိုင်း ခရေမြိုင်က တပ် ရင်း ၃၅၂ က စစ်သားတွေ ကားသုံးစီးနဲ့ ရောက်လာ ခဲ့တယ်။ ရှီဒါဖာရာ ဈေးရှေ့မှာ ကားရပ်ပြီး ဆင်းရဲတဲ့ ကလေး တွေ၊ တောင်းရမ်း နေတဲ့ အမျိုးသမီး တွေကို လမ်းတဖက်မှာ စုခိုင်းတယ်။ ပြီးတော့ သူတို့ကို ဓါတ် ပုံ ရိုက်တယ်။ 

အဲဒီနောက်မှာ စစ်သားတွေက သူတို့ကို စစ်ကားပေါ် တက်ခိုင်းပြီးတော့ ဓါတ်ပုံ ထပ်ရိုက်တယ်။ တစ်ခါ အဲ ဒီလူ တွေကို သိပ်မဝေးတဲ့ နေရာ တစ်နေရာကို ခေါ်သွားတယ်။ အဲဒီနေရာ ရောက်တော့ ကားပေါ်က ဆင်းခိုင်းတယ်။ စစ်သားတွေက ကလေးတွေကို ဘီစကွတ်တွေ၊ သကြားလုံး တွေဝေတယ်။ ကလေးတွေ က သကြား လုံး တွေ ဘာတွေ ရတော့ ပျော်တယ်။ အဲဒါတွေကို ဓါတ်ပုံ ထပ်ရိုက်တယ်။ အဲဒီနောက် မှာ ပြန် လွှတ် လိုက်တယ်” ဟု ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News ပြောသည်။ 

“ဒါက ဘာမှတော့ မဟုတ်ဘူး။ သူတို့ရဲ့ နည်းဗျူဟာ တွေသုံးပြီး ကမ္ဘာကြီးကို လိမ်ညာဖို့ ကြိုးစား တာပါ။ မဟာဆင် မုန်တိုင်း အတွက် သတိပေး ကြေညာချက် တွေထုတ် ပြန်ပေးခဲ့ တာတော့ မှန်ပါတယ်။ ဒါပေ မယ့် ကျွန်တော် တို့ကို ပိုပြီး လုံခြုံတဲ့ နေရာကို ပြောင်းဖို့ ဘာမှ ကူညီ မပေးခဲ့ဘူး။ မဟာဆင်က ရခိုင် ပြည် နယ်က ရိုဟင်ဂျာ တွေကို မသတ်ဘဲ ကျော်သွားလို့ တော်တော်လေး စိတ်မကောင်း ဖြစ်နေပုံ ရတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။

Comment ရေးရန်

Rohingya Exodus