နောက်ဆုံးသတင်း/ဆောင်းပါးများ

ချေ အီး ချေ လန့်


ဦးဦးမှော်ဆရာ
4.5.2013

လူတစ်ယောက် အတွက် အခက်ခဲဆုံး အလုပ် တွေထဲမှာ လျို့ဝှက်တဲ့ စကားကို ထိန်းသိမ်း ရတဲ့ အလုပ် လည်း ပါတယ်။ ဒါကြောင့် အကြောင်း အရာတစ်ခုနဲ့ ပက်သက်ပြီး လူအများ ကြားထဲ ပြန့်သွား စေချင်ရင် လူတစ်ယောက်ကိုသာ တိုး တိုး  လေး  ပြောလိုက်.. နောက်နေ့ လူ အယောက် တစ် ထောင် လောက်က အဲဒီ အကြောင်း တစ်ယောက်ကို တစ်ယောက် တိုးတိုး လေးတွေ ပြော နေကြ လိမ့်မယ်။ ဒါထုံးစံ တစ်ခု ပါပဲ။

အစိုးရနှင့် နီးစပ်သော ပုဂ္ဂိုလ် တစ်ဦးက သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးကို ဒီလို သတိပေး စကား ပြောခဲ့ တယ်လို့ ရေးထား တာကို လွန်ခဲ့တဲ့ နှစ်ရက် လောက်က ဖတ်လိုက် ရတယ်။ 

“မကြာခင် မွတ်စလင်မ်တွေ သွေးချောင်း စီးစရာ ရှိနေ ပါတယ်တဲ့။ သမ္မတကြီးက ကိုယ်တိုင် နှစ်လိုခြင်း မရှိသော်လည်း တားလို့ရတဲ့ အနေအထားမှာ မရှိကြောင်း၊ သူကိုယ်တိုင်လည်း ဘေးကြပ် နံ ကြပ်  ဖြစ်နေ ကြောင်း ပြောပြ ပါတယ်” 

ဒါကို ဖတ်ရတော့ စကားပုံ တစ်ခု သတိရ မိတယ်။ ခပ်တိုတိုပဲ.."ချေအီး ချေ လန့် " တဲ့။ သူ ပေါက် လိုက် တဲ့ အီးအသံကျယ် လွန်းလို့ သူဟာသူ ပြန်လန့် တာကို ပြောတာ..။ ကိုယ့်အပြစ် တွေကို ကိုယ်ပြန် လန့် နေ တာကို ဆိုလို ချင်တာပါ။

နောက် တဖက်က တွေး ကြည့်ရင် လက်ခံ နိုင်စရာ မရှိတဲ့ ဆင်ခြေ တစ်ခုကို ဖေါ်ညွှန်း ထားတာပေါ့။ 

အစိုးရနဲ့ နီးစပ်သော ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ဆီက ဒီလို သတိပေး တယ်လို့ သိရတော့ မွတ်ဆ လင် တွေအတွက် စိုးရိမ်ဖေါ် ရတယ် ဆိုပြီး ၀မ်းသာ စရာပဲ ပေါ့ဗျာ။ ဒါပေမဲ့ လက်တစ် ဆုပ်စာ လူတစ်စု က နိုင်ငံသား မွတ်ဆလင် တွေကို အကြမ်းဖက် သတ်ဖြတ် နေတာကို အစိုးရက တားဆီးလို့ မရနိုင်တဲ့ အနေ အထား ပါလို့ ထုတ်ပြော တာကို ဘ၀င် မကျ ဖြစ်မိတယ်။ 

ခုနက ကျနော် ပြောတဲ့ စကားပုံ ထဲကလို သူ လေလည်တဲ့ အသံ သူပြန်လန့် တယ် ဆိုတာ ကိုတော့ လက်ခံ နိုင်စရာ မရှိဘူး။ အဲဒီ ပုဂ္ဂိုလ်သတိပေးတဲ့အတိုင်း ပြည်ပကိုခန ရှောင်နေရလောက်အောင် ငွေကြေး တတ်နိုင်တဲ့ မွတ်ဆလင် မြန်မာ ပြည်မှာ ဘယ်နှယောက် ရှိမလဲ တွေးကြည့်ရင် ဒါဟာ မဖြစ် နိုင်တဲ့ အကြံ ပေးမှု တစ်ခုပဲ။နောက်ပြီး ငွေကြေး တတ်နိုင်ပြီး အဆက် အသွယ် ကောင်းကောင်း ရှိသူ တွေ က ဖြစ်လာမဲ့ အခြေ အနေကို ရှောင်သွား ကြပြီ ဆိုပါတော့။ ကျန်ခဲ့တဲ့ မွတ်ဆလင် အများစု အတွက် ကျရောက် လာမဲ့ သွေးချောင်း စီးမှုမှာ ပိုပြီး အကာ အကွယ်မဲ့ သွားစရာ ရှိတယ်။ နောက်ပြီး ဒီသ တင်း ကြောင့် မွတ်ဆလင်တွေ ပိုပြီး လုံခြုံရေး သတိနဲ့ နေထိုင်တဲ့ အခါ ဆူပူ အကြမ်း ဖက်ဖို့ ကြိုး စား နေ တယ် ဆိုတဲ့ ခေါင်းစဉ် အောက်ကို ရောက် သွားနိုင် ပါတယ်။ 

သူ့စကား ကိုကြည့်ရင် ဖြစ်နေတဲ့ ပြဿနာ တွေမှာ သမ္မတ ဦးသိန်းစိန် ရဲ့ ပယောဂ မပါဘူးလို့ မွတ်ဆ လင် တွေ စိတ်ထဲ လက်ခံ လာအောင် မတ်ဆေ့ခ်ျ ပေးချင် ပုံရတယ်။ ရေးထားတာ ဖတ်ရ သလောက် စ ကား အရ တွေးကြည့် တာပါ..။ တကယ် တမ်းပြော သင့်တာက " ခင်ဗျားတို့ ကိုယ့် လုံခြုံရေး ကိုယ် သေ ချာ ဂရုစိုက်၊ အစိုးရ လုံခြုံရေး တွေကို လည်း သိပ်အား မကိုးနဲ့။ ဖြစ်လာရင် မခံနဲ့ တော့ ၊ ပြန် သာချ၊ နောင် ကိစ္စ နောက်မှ ကြည့်ရှင်း၊ သမ္မတ ကိုယ်တိုင် လုံးဝ လက်မခံတဲ့ ဒီအကြမ်း ဖက်မှု တွေမှာ ကိုယ့်ကိုယ်ကို ကာကွယ် တဲ့အနေနဲ့ ပြန်ခုခံ လို ဖြစ်လာ မဲ့ ကိစ္စတွေ အတွက် ကျနော် တာဝန် ယူတယ်။ ခင်ဗျားတို့ အနီး ၀န်းကျင်မှာ တစ်ခုခု ဖြစ်လာရင် ကျနော့် ဆီကို ဖုန်း အမြန် ဆက်သွယ်ပါ " .. ဒါမျိုး ပြော တာ ဆိုရင်တော့ အဲဒီ စကားက reliable speech လို့ မှတ်ယူ လို့ရတယ်။

အစိုးရ တိုင်းမှာ အတွင်း ဖိအား ဆိုတာ ၇ှိနိုင် ပါတယ်။ ဒါပေမဲ့ ကျနော့် သက်တမ်း တလျောက်မှာ လူပေါင်း သိန်းချီ လမ်းမ ပေါ်ထွက်ပြီး တရား မျှတ မှုကို တောင်းဆို ဆန္ဒပြ ခဲ့တဲ့ အဖြစ် အပျက် ကြီးတွေ အများကြီး ကြုံတွေ့ ဖူးတယ်။ အဲဒီ အရေးခင်း တွေတုန်းက တစ်ရက်၊ နှစ်ရက် အတွင်း အပြတ် နှိမ်နှင်း ပြခဲ့တာ ယခင် စစ်အစိုးရ တဖြစ်လဲ ခုလက်ရှိ အရပ်သား အစိုးရ ထဲက ပုဂ္ဂိုလ် တွေပါပဲ။ မကြာခင်က လက် ပတောင်း တောင်မှာ အကြမ်း မဖက်ဘဲ ဆန္ဒပြတဲ့ ဘုန်းကြီး တွေကို ဒဏ်ရာ ရအောင် အကြမ်း ဖက်ဖြို ခွင်း ခဲ့တာ လည်း ဒီအစိုးရ ပါပဲ။ ဒီတော့ စဉ်းစား စရာ ရှိတာက ယခင် ပြည်သူ တစ်ရပ်လုံး တောင်းဆို ဆန္ဒပြ ခဲ့တာ တွေကို နှိမ်နှင်း ခဲ့စဉ်က အစိုးရ ကြုံတွေ့ ခဲ့ရနိုင်တဲ့ ဖိအား တွေထက် ခုဖြစ်နေတဲ့ မွတ်ဆ လင် တွေ ကို အကြမ်းဖက် သတ်ဖြတ်မှု တွေကို နှိမ်နှင်း တဲ့အတွက် ကြုံရ နိုင်တဲ့ ဖိအား ပေးမှု တွေဟာ ပိုများ ဆိုးရွား ပြင်းထန် နေလို့လား .. 

ခု တကယ့်ကို တကယ့် ရာဇ၀တ် မှုကြီး တွေကို ကျတော့ တားမရ နိုင်တဲ့ အနေ အထားမှာ ရှိတယ်လို့ ပြောလာတော့ အဲဒီ စကားကို ရှင်းရှင်း လင်းလင်း နားလည် မိတာက "မွတ်ဆလင် သုတ် သင် ရေးတွေ ဆက်ဖြစ် လိမ့်ဦးမယ်။ ဒါပေမဲ့ ဒီပြဿနာ တွေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ပယောဂ မပါဘူး မှတ်ပါ။ ဦးသိန်းစိန် ကိုယ်တိုင်လဲ မွတ်ဆလင် တွေအပေါ် ဒီလို အနိုင် ကျင့် သတ်ဖြတ် နေတာ တွေနဲ့ ပက်သက်ပြီး စိတ်မချမ်း မသာ ဖြစ်နေ ရတယ်" .. လို့ ဂရုဏာ သက်ဖွယ် မတ်ဆေ့ခ်ျ တစ်ခုကို ဖြန့် လိုက် တာပါပဲ။

Comment ရေးရန်

Rohingya Exodus