နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များ အကြမ်းဖက်မှု ကြောင့် ရိုဟင်ဂျာ တစ်ဦး သေဆုံး


RB News 
6.5.2013 

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့၊ အောင်ဒိုင် ကျေးရွာ အုပ်စု၊ ငပွမ်းချေ ကျေးရွာသို့ ယနေ့ (မေလ ၆ ရက်) နံနက် ၄ နာရီခန့် အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၆၀ ခန့် ၀င်ရောက် စီးနင်း၍ အကြမ်းဖက် မှုကြောင့် ရိုဟင် ဂျာ လူမျိုး တစ်ဦး သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။ 

နံနက် ၄ နာရီခန့် တွင် ဆိုင်ကယ် ၁၄ စီး၊ ကား ၂ စီးဖြင့် စစ်တွေ ခရိုင် ရဲမှူးကြီး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၆၀ ဦး ခန့် ငပွမ်းချေ ကျေးရွာသို့ ရုတ်တရက် ရောက်ရှိ လာပြီး ရိုဟင်ဂျာ လူမျိုး များ၏ အိမ်များကို တစ် အိမ်တက် တစ်အိမ်ဆင်း ၀င်ရောက် စီးနင်း ရှာဖွေ ခဲ့သည်။ ထိုသို့ ရှာဖွေ ပြီးနောက် ရိုဟင်ဂျာ ၁၅ ဦးကို ဖမ်းဆီး ခဲ့သည်။ ၁၅ ဦးကို ဖမ်းဆီး ပြီးနောက် ရဲတပ်ဖွဲ့ဝင် များမှ ရွာသား များကို လေးခွဖြင့် ပစ်၍ အကြမ်း ဖက်ရာ ရွာသား များအားလုံး စိုးရိမ် တကြီးဖြင့် ကြောက်၍ ထွက်ပြေး ကြရာ အချို့မှာ ယခင် တပ် မတော် ထောက်လှမ်းရေး အမှတ် (၁၀) မှ ပြုလုပ် ခဲ့သော ရေချို ပုဇွန်ကန် ထဲသို့ ခုန်ဆင်း ခဲ့ကြသည်။ 

ပုဇွန်ကန် ထဲသို့ ခုန်ဆင်း သူများထဲမှ ဦးမော်ဇောလ် မီယာ (ဘ) ဦးဆီဒီးက် (အသက် ၄၀ နှစ်) မှာ ရေ နစ် သေဆုံး ခဲ့ရကြောင်း သိရသည်။ ရွာသားများ ကြောက်လန့်၍ ထွက်ပြေး နေစဉ် ရဲတပ်ဖွဲ့ဝင် များမှ လူနေအိမ် (၃) လုံးကို ဖျက်ဆီး လိုက်ကြပြီး၊ အိမ်အချို့မှ တန်ဖိုး ရှိသော ပစ္စည်းများကို ယူဆောင် သွားကြကြောင်း သိရှိ ရပါသည်။ 

ရွာမှ ဖမ်းဆီး သွားသော ရိုဟင်ဂျာ (၁၅) ဦးကို ငပွမ်းချေ ကျေးရွာ အနီးရှိ အောင်ဒိုင် (ရခိုင်) ကျေး ရွာ သို့ ခေါ်ဆောင် သွားပြီး၊ ထိုကျေးရွာရှိ ရခိုင် များအား ရိုက်နှက် ခိုင်းခဲ့သည်။ ရိုက်နှက် ပြီးနောက် (၁၃) ဦးကို ပြန်လွှတ် လိုက်ပြီး၊ (၂) ဦးကို ဆက်လက် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရ ပါသည်။ 

ဖမ်းဆီး ခံရသူ နှစ်ဦးမှာ -- 

(၁) ဦးစလင်းမ် (ဘ) ဦးဘေလာလ် (အသက် ၃၀ နှစ်) 
(၂) ဦးဇူဘိုင်ရ် (ဘ) မော်လ၀ီဦးအဒူမာဘူ (အသက် ၂၂ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus