နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားမြို့နယ်တွင် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦး အသတ်ခံရ

RB News
2.6.2013

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြား မြို့နယ်တွင် အိမ်ပြန် နေသော ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးအား ရခိုင် အစွန်းရောက် ၂၀ ကျော်မှ ဖမ်းဆီး၍ သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖြစ်ပွားပုံမှာ မေလ (၂၉) ရက်နေ့တွင် မင်းပြားမြို့နယ် ကျွန်းအုပ် မွတ်စလင်ရွာမှ ဆင်ကြီးပြင် မွတ်စလင် ရွာရှိ နေအိမ်သို့ ပြန်သွားနေသော မလိုင်လာဘေဂမ်ကို အဖော်အဖြစ် ညီအစ်ကို သုံးဦးမှ လိုက်ပို့ပေး ခဲ့သည်။ လမ်းတွင် ဆင်ကြီးပြင် ရခိုင်ရွာသို့ အရောက်တွင် ရခိုင် အစွန်းရောက် ၂၀ ကျော်မှ တုတ်များ ဓါး များ ကိုင်ဆောင်လျက် ထွက်လာပြီး အကြမ်းဖက် တိုက်ခိုက် ရန်ကြိုးစား ခဲ့သဖြင့် ထွက်ပြေးကြရာ အဖော်အဖြစ် လိုက်ပို့သော ညီအစ်ကို သုံးဦးမှာ ထွက်ပြေး လွတ်မြောက် သွားသော်လည်း မလိုင် လာဘေ ဂမ်ကို ရခိုင် အစွန်းရောက် များက ဖမ်းဆီး သွားကြောင်း ဒေသခံများမှ RB News သို့ပြောသည်။

ထိုသို့ ဖမ်းဆီးခံရ ပြီးနောက် လုံခြုံရေး ရဲတပ်ဖွဲ့နှင့် စစ်တပ်သို့ အချိန်မှီ အကြောင်းကြား ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးမှု မရှိခဲ့ကြောင်း သိရှိ ရပါသည်။ 

မလိုင်လာဘေဂမ်၏ အလောင်းကို ယမန်နေ့ (ဇွန်လ ၁ ရက်) နံနက် ၁၁ နာရီတွင် ဆင်ကြီးပြင် ချောင်းတွင် ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။

“မနေ့က ၁၁ နာရီ လောက်မှာ ဆင်ကြီးပြင် ချောင်းကနေ အလောင်းရ ခဲ့တယ်။ ဓါးနဲ့ခုတ်ပြီး သတ်ထား တာပါ။ အပိုင်းပိုင်း လုပ်ထားတယ်။ အာဏာပိုင်တွေ ကသာ ကူညီခဲ့ မယ်ဆိုရင် ဒီလို အသတ်ခံ ရချင် ခံရ မှာ။ အခုတော့ သွားတိုင်တော့လည်း အသတ်ခံ ရအောင် လွှတ်ပေးထား သလိုပါဘဲ။ အခုလည်း အာဏာ ပိုင်တွေက ဘာမှ မလုပ်ပေးဘူး” ဟု ဒေသခံ တစ်ဦးမှ ပြောသည်။ 


Comment ရေးရန်

Rohingya Exodus