နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ အမျိုးသမီး များအား ကာအိနြေ္ဒ ပျက်သည် အထိ နစက များက စော်ကား

မဟာမင်းခန့်
RB News
7.6.2013

မောင်တော ။ ။ ယမန်နေ့ (ဇွန်လ ၆ ရက်) တွင် မောင်တောမြို့ နစက ဌာနချုပ် တည်ရှိရာ ကျီး ကန်းပြင် ကျေးရွာတွင် နစက အဖွဲ့ များသည် ကျေးရွာတွင်းသို့ ရောက်လာပြီး၊ လက်ဗွေနှိပ်ခြင်း ကိစ္စကို အတင်း အဓမ္မ ရယူခြင်းများ ပြုလုပ် နေခြင်းကြောင့် ဘင်္ဂလီဟု လူမျိုး နာမည် ရေးထား မည်ကို စိုးရိမ်၍ ရွာ ရှိ ရိုဟင်ဂျာ အမျိုးသား များက လက်ဗွေ မနှိပ်ရ လေအောင် ရွာပြင် အနီး အနားနှင့် နီးစပ်ရာ တောစပ် များ သို့ ထွက်ပြေး တိမ်းရှောင် နေခဲ့ရသည်။ 

ထိုသို့ အမျိုးသားများ တိမ်းရှောင် နေသည်ကို တွေ့သွားသော နစက အဖွဲ့သည် နေအိမ် များရှိ အမျိုးသမီး များအား အတင်း အဓမ္မ ဒရွတ်တိုက် ဆွဲခေါ်ခြင်း၊ ငြင်းဆန်၍ မလိုက်လိုသော အမျိုးသမီး များအား ရိုက်နှက်၍ ခြေဖြင့် ကန်ခြင်း၊ အမျိုးသမီး များ၏ ကိုယ်ဝတ် အင်္ကျီ၊ ထမီ စသည်တို့ကို ဆွဲဖြဲကာ ၀တ်ဆင် ထားသော ထမီပါ ကျွတ်ကျသည် အထိ အဓမ္မ ဆွဲခေါ်ခြင်း အစရှိသည် များပြုလုပ်၍ အမျိုး သမီးများ ကာအိနြေ္ဒ ပျက်ပြား သည်အထိ ပြုလုပ် ခဲ့သည်ဟု အမည် မဖော်လိုသော ကျီးကန်းပြင် ရွာသားတစ်ဦးမှ သတင်း ရရှိပါသည်။ လက်ဗွေ မနှိပ်လိုသူ အမျိုးသမီး အချို့နှင့် အမျိုးသား အချို့အား ဖမ်းဆီး ခေါ်ဆောင် သွားပြီး၊ နစက ဌာနချုပ်သို့ ရောက်သော အခါ အမျိုးသမီး များမှ အဓမ္မ လက်ဗွေနှိပ် ယူပြီး ပြန် လွှတ် ပေးလိုက် သည်ဟု သိရှိ ရပါသည်။ အမျိုးသား များအား ယနေ့ (ဇွန်လ ၇ ရက်) နံနက် တွင် ပြန် လည် လွှတ်ပေး လိုက်သည်။

ယမန်နေ့က အဓမ္မ လက်ဗွေနှိပ် ပေးရသူ ယောက်ျား ၁၀ ဦးကျော်နှင့် အမျိုးသမီး ၄၀ ဦးကျော် ရှိသည် ဟုသိရသည်။ 

မောင်တောမြို့ တမန်းသားရွာနှင့် ကွမ်းသီးပင် ရွာများတွင်လည်း ယမန်နေ့ (ဇွန်လ ၆ ရက်) က နစက နယ်မြေ (၄) မှ အဖွဲ့ဝင် များသည် ရွာရှိ ရပ်မိ ရပ်ဖ များကို ခေါ်ယူ တွေ့ဆုံပြီး၊ ရွာသူ ရွာသားများ ဘင်္ဂလီဟု ရေးထားသော ကွန်ပျူတာ ပရိုဂရမ်တွင် လက်ဗွေ နှိပ်ပေး ရမည် ဖြစ်ကြောင်း၊ အကယ်၍ လက်ဗွေ မနှိပ်ပေး ပါက ရွာရှိ ကျောင်းသူ ကျောင်းသား များကို ကျောင်းတက်ခွင့် ပေးမည် မဟုတ်သည့် အပြင် ရွာရှိ ဗလီဝတ်ကျောင်း များတွင် ၀တ်ပြုခွင့် ပြုမည် မဟုတ်ကြောင်း ခြိမ်းခြောက် ပြော ဆို သွား သောကြောင့် ဒေသခံ ရိုဟင်ဂျာများ မကျေ မနပ် ဖြစ်နေကြောင်း ရွာသား များထံမှ စုံစမ်း သိရှိ ရပါ သည်။

Comment ရေးရန်

Rohingya Exodus