နောက်ဆုံးသတင်း/ဆောင်းပါးများ

မကြာမကြာ တီးဦးမယ် (၁)

ယျာတင် (MYARF)
RB News
1.6.2013

“မကြာမကြာ တီးဦးမယ်” ကဏ္ဍမှ ကြိုဆို ပါ၏။

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် နိစ္စဓူဝဖြစ်ပျက် နေသော အကြောင်း အရာ များကို ဒီကဏ္ဍမှ တင်ဆက် ပေး သွား မည်ဖြစ် ပါသည်။

မကြာ မကြာ တီးဦးမယ် (၁)


အချိန်က မနက် ၉ နာရီခွဲ။ ကျွန်တော်သည် မောင်တောမြို့မှ အလယ်သံကျော် သွားလမ်း တစ်လျှောက် လျှောက် လာ နေ ၏။ ကျွန်တော်၏ အစ်မကြီး တစ်ယောက် နာမကျန်း ဖြစ်နေ သည်ဟု သတင်း ကြား၍ လူနာ သွားကြည့် ခြင်းပင်။ ကညင် တန်းရွာကို ဖြတ်ကျော်ပြီး ပန်းတောပြင် တံတား ကို ဖြတ်ကျော် ခဲ့ ၏။ တံတား အလွန်၌ နစက စခန်း၊ ထိုစ ခန်းရှေ့ က ဖြတ်ကျော် ခိုက် နစက တစ်ယောက်မှ နှုတ် ဆက် သံ ပြု လာ သည်။

“ဟေ့ကောင် . . . ဘယ်ကလဲ”

“မြို့ထဲကပါ” လို့ဖြေလိုက်တော့ ရွှေ နစက က

“မှတ်ပုံတင်ပြ . . . ဘယ်သွားမှာလဲ” ဟု ပြန်မေးလိုက် သေးသည်။

ကိုယ်နှင့် တပ်ကြပ် မကွာ အမြဲတမ်း ရှိနေသော အဖြူရောင် သန့်သန့်လေး မှတ်ပုံတင် ကဒ်ကို အိတ်ထဲက ထုတ်ပြ လိုက်ရင်း ဘဂုံးနားရွာကို သွားမှာပါဟု ဖြေလိုက်၏။ မှတ်ပုံတင်ကို ဖတ်ကြည့် ပြီးနောက် နစက ကြီးက ကျွန်တော့ကို နာမည် မေးနေ တော့သည်။ “မောင်စောမြင့်” ပါဟု ပြောလိုက်သော် နစကကြီးတို့ အဖွဲ့သားများ အားလုံး တစ်ပြိုင်နက် ရယ်မော လိုက်၏။ ပျက်ရယ် ပြုသည့် သဘော။ ကျွန်တော့ စိတ်ထဲ အားငယ်မှု စိတ်တွေ ၀င်ရောက် လာသည်။ “ကုလား နာမည်ပြော” နစကကြီးမှ ထပ်မေးသံ ထွက်ပေါ် လာသည်။ ကျွန်တော် ကြောင် သွား၏။ ဒီနိုင်ငံ မှာမွေး၊ ဒီနိုင်ငံမှာ နေတဲ့ ဒီနိုင်ငံ၏ အရင်း အမြစ် ကျွန်တော့ မှာ ကုလား နာမည် ဟူ၍မရှိ။ မြန်မာ နာမည်သာ ရှိသည်။ စောမြင့် က စောမြင့် ပါပဲ . . . ထပ်နာမည် မရှိပါဘူးဟု ဆိုကြည့်သော်လည်း အဖတ်သာ တင်သည်။ နစကကြီး၏ မျက်လုံးသာ မီးတောက် လိုနီရဲ သွား၏။ လူကို ၀ါးမျို နေမည့် အလား ပုံသဏ္ဍာန်က ကြောက်မက် ဖွယ်ကောင်း လှသည်။ ငရဲပြည်က ဂိတ်စောင့် မှာတောင် ဒီနစက တွေထက် သက်ညှာမှု ပိုရှိဦး မည်မှာ အသေ အချာပင်။ လူနာ သွားကြည့် ရမှာမို့ နောက်ဆုံးမှာ နစကမှ တောင်းခံ နေသည့် ငွေတစ်ထောင် လေးကို မပေးချင် လျက်ပေး လိုက် ရ တော့သည်။

သွားပြီ . . . တစ်ရက် လုပ်ခ၏ တစ်ဝက်။ ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ ညွှန်ကြား ထားသည် လားမသိ။

နစက စခန်း ရှေ့မှာတော့

လာဘ်ပေး လာဘ်ယူ တို့ရန်သူ” ဟု အနီရောင် ဘုတ်ပေါ် အဖြူရောင် စာလုံး တွေနှင့် သေသေ ချာချာ တိတိ ကျကျ ရေးထား၏။ ထိုဆိုင်းဘုတ်ကို ကြည့်ပြီး ကျွန်တော် ပြုံးလိုက် မိယောင် ဖြစ်သွားသည်။

နစက၏ နောက်ဆုံး နှုတ်ဆက် စကားမှာ

“သွားတော့ ကျွန်ကုလား” တဲ့။

တစ်နေ့ ဆိုသော အချိန်ကို တမ်းတရင်း ဘဂုံးနား ရွာသို့ ဦးတည်တဲ့ ကျွန်တော်၏ ခြေလှမ်းကို စလိုက်တော့ သည်။ ရင်ထဲ မှာတော့ အတွေးပေါင်း များစွာ တို့နှင့် ပြည့်နှက် နေသည်။

စာဖတ် သူများ ကျန်းမာ ချမ်းသာ ကြပါစေ . . . .

ကျေးဇူးတင်လျက်

(ယျာတင်)

  1. သနားစရာဘဝတွေပါ

Comment ရေးရန်

Rohingya Exodus