နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောနှင့် မင်းပြား မြို့များတွင် နိုင်ငံတကာကို လှည့်စားရန် ရုပ်ရှင်ရိုက်

မောင်သီဟ
RB News
8.6.2013

မောင်တော ။ ။ ဇွန်လ (၅) ရက်နေ့ နေ့လည် (၂) နာရီခန့် ကစပြီး စစ်သား ၂၅ ယောက်ခန့်နှင့် ရခိုင် (၁၅) ယောက်တို့မှ ဟိန္ဒူလူမျိုး အချို့ကို ခေါ်ယူပြီး မောင်တော မြို့ မြို့မဗလီကြီး ရှေ့တွင် ရိုဟင်ဂျာ များ ကို လူမျိုးတုန်း သတ်ဖြတ်မှု ပတ်သက်ပြီး နိုင်ငံတကာကို လှည့်စားရန် ရုပ်ရှင် ရိုက်ကူးခဲ့ကြောင်း သ တင်း ရရှိပါသည်။ ရခိုင်များမှ ဗလီကို ဖျက်ဖို့ လာသည့် အခါ ဗလီကို လုံခြုံရေး စစ်သားများမှ အ ကာ အ ကွယ် ပေးနေ လေဟန်၊ ဗုဒ္ဓဘာသာဝင် ရခိုင် အကြမ်းဖက် သမားတွေကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးပြီး ခေါ်ဆောင် သွားလေဟန်၊ ရိုဟင်ဂျာ များနှင့် ရုပ်ဆင်သော ဟိန္ဒူ လူမျိုးများကို ရို ဟင်ဂျာ များ အဖြစ် သရုပ်ဆောင် စေပြီး၊ ရိုဟင်ဂျာ များက ရခိုင်များကို ရန်မူ တိုက်ခိုက် နေဟန်၊ စသည်ဖြင့် အသေ အချာ လေ့ကျင့်ပြီး ရိုက်ကွက် မျိုးစုံဖြင့် ဗွီဒီယို ရိုက်ကူးလျက် ရှိပါသည်။ 

အလားတူ ရိုက်ကွက်မျိုး များကို ရခိုင်ပြည်နယ်၏ အခြား မြို့နယ် များတွင်လည်း ရိုက်ကူး ခဲ့ကြောင်း သိ ရ ပါသည်။ 

“ဇွန်လ (၄) ရက်နေ့က မင်းပြား မြို့နယ် တန်းဆိပ် (ခေါက်တီ ဖာရာ) ရွာမှာ ရခိုင်တွေကို ပထမ ချီ တက် စေပါတယ်။ ပြီးတော့ စစ်သားတွေက ရခိုင်တွေကို သေနတ်နဲ့ ပစ်တဲ့ ပုံစံလုပ်တယ်။ အဲဒီမှာ ရခိုင် ၂/၃ ယောက် ကျည်ဆန်ထိပြီး လဲကျသွားဟန် ပြုတယ်။ အဲဒီနောက်မှာ ရခိုင်တွေက အလောင်းတွေကို သယ်သွားတာ မျိုးတွေ လုပ်တယ်။ ဗွီဒီယိုကိုတော့ စစ်တပ်က ရိုက်တာပါ။ ဘာအတွက် ရိုက်တယ် ဆိုတာတော့ မသိဘူး။ လုံခြုံရေး တွေက အကြမ်းဖက် သမားတွေကို ဒီအတိုင်း ရပ်ကြည့် နေတာ မဟုတ် ဘူးပေါ့။ ဗုဒ္ဓဘာသာ ရခိုင် အကြမ်းဖက် သမားတွေကို ဘက်မလိုက်ဘဲ ထိထိ ရောက်ရောက် ဘက် မလိုက်ဘဲ နှိမ်နင်း ခဲ့တယ်လို့ လိမ်လည် ပြသ ပြောဆို နိုင်ဖို့ အတွက် ဒီလို ရိုက်ကူး နေတယ်လို့ ထင် တယ်။” ဟု မင်းပြား မြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြော ပါသည်။ 

ရခိုင် အရေး အခင်း အစပိုင်း တွင်လည်း ရိုဟင်ဂျာ အိမ်များကို ဟိန္ဒူ လူမျိုး များအား မီးရှို့စေပြီး ရိုဟင်ဂျာ များကို မိမိတို့၏ အိမ်ကို မိမိတို့ မီးရှို့သည့် ပုံစံများ၊ ဟိန္ဒူ လူမျိုး များကို ရခိုင် အိမ်များကို မီးရှို့စေပြီး ရိုဟင် ဂျာ များက ရခိုင် အိမ်များကို မီးရှို့သည့် ပုံစံများ၊ အပြစ်မဲ့ ရိုဟင်ဂျာ ရွာသားများကို တန်းစီ ရပ်ခိုင်းပြီး အိမ်သုံးဓါးတို လေးများကို ရှေ့တွင် ချ၍ ရိုဟင်ဂျာ အကြမ်းဖက် သမားများ ဖမ်းမိတဲ့ ပုံစံမျိုးများ ဗွီဒီယို ရိုက် ကူး၍ ဦးသိန်းစိန် အစိုးရမှ အထောက် အထား အဖြစ် လိမ်လည် တင်ပြ ခဲ့ဖူးသည်။

Comment ရေးရန်

Rohingya Exodus