နောက်ဆုံးသတင်း/ဆောင်းပါးများ

ထိပ်တိုက်


ဌေးလွင်ဦး
RB News
13.6.2013

မြန်မာ သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ အာဏာမက် မျက်ကန်း မျိုးချစ် နိုင်ငံရေး သမား ဆိုသူ များနဲ့ လူသတ် သင်္ကန်းဝတ် များက မြန်မာ နိုင်ငံထဲမှာ အစ္စလာမ် သာသနာ ၀င်များကို သတ်ချင်တိုင်း သတ်လို့ရတယ်၊ ခြိမ်းခြောက် ချင်တိုင်း ခြိမ်းခြောက် လို့ရတယ်၊ မောင်းထုတ် ချင်တိုင်း မောင်းထုတ် လို့ရတယ်လို့ ယုံကြည်ထား ကြတယ်။
လူမျိုးတုံး သတ်ဖြတ်မှု အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အကာ အကွယ်ကို ယူဘို့ ဦးသိန်းစိန် အစိုးရ ကလည်း ကုလ က ကိုးရီးယားကြီးကို ဒေါ်လာ သန်းတန် ကျောက်စိမ်း နဂါးရုပ်ကို လက်ဆောင် လာ့ဘ်ထိုး ခဲ့တယ်။ (ကျောက်စိမ်းတုံး ကို နဂါးရုပ် ထုဆစ်မယ့် ပန်းပု ဆရာကို ထိုင်ဝမ်ကခေါ်ပြီး လက်ခ ဒေါ်လာ ၅ သိန်း ပေးခဲ့တယ်။) ကုလ အဘိုးကြီး စေလွှတ်တဲ့ အိန္ဒိယ အဘိုးကြီး ကိုလည်း ဘယ်လို လာ့ဘ် လက်ဆောင်တွေနဲ့ ပေးကမ်း နေသလဲ မကြာမှီ စာရင်း ထွက်လာ မှာပါ။--၊ ကမ္ဘာ့ အသိုင်း အ၀ိုင်းကို ဒီလို လာ့ဘ် ထိုးပြီး-၊ မြန်မာ ပြည်ထဲမှာ လုပ်ချင်တိုင်း လုပ်ဘို့ အတွက် အကြမ်းဖက် အုပ်စုတွေကို စနစ်တစ်ကျ စီမံချက်ချ ပေးထား ပါတယ်။

ခေတ်ကာလနဲ့ ကမ္ဘာ့ အခင်း အကျင်းက လာ့ဘ် ထိုးတိုင်း အောင်မြင်တဲ့ ခေတ်ကာလ မဟုတ်ဘူး- ဆိုတာတော့ ရာဇ၀တ် ကောင်များ သိနေဘို့ လိုပါတယ်။- ကမ္ဘာ့ အသိုင်းအ၀ိုင်းမှာ People Power ဆိုတာ ရှိတယ်။ အာဖဂန် မှာ သက်မဲ့ ရုပ်ထုတွေကို ဖြိုပျက်စဉ်က မြန်မာ ဗုဒ္ဓဘာသာများ ဘယ်လို ခံစားပါသလဲ--၊ တွေးကြည့်ပါ။ အဲ့ဒီ ကိစ္စ ကို သူ့နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာ ဖြစ်တယ်လို့ ကမ္ဘာ့ လူ့နှလုံးသား ရှိတဲ့ အသိုင်း အ၀ိုင်းက မခံစား သလို-၊ ကမ္ဘာ့ နိုင်ငံ အရပ်ရပ်က ဗုဒ္ဓဘာသာဝင် များကလည်း မခံစားခဲ့ဘူး။

အခု မြန်မာ ပြည်တွင်းက အစ္စလာမ် သာသနာ ၀င်တွေကို လူမျိုးတုံး သတ်ဖြတ် နေတာ-၊ အရှင် လတ်လတ် မီးရှို့ နေတာ၊ ရပ်လိုက် ရွာလိုက် မီးရှို့နေတာ၊ အစုလိုက် အပြုံလိုက် မောင်းထုတ် နေတာ၊ ပိတ်ဆို့ စခန်း တွေမှာ သွပ်သွင်း နေတာ၊ သတ်မယ် ဖြတ်မယ် ခြိမ်းခြောက် နေတာ- အစိုးရ ကိုယ်တိုင်က ရာဇ၀တ် ကောင်တွေကို လက်သပ် မွေးလွှတ် ပေးထားတာ-၊ ဒါတွေကို ကမ္ဘာ့ အသိုင်း အ၀ိုင်းမှာ လူ့နှလုံးသား ရှိသူများနဲ့ ကမ္ဘာ့ အစ္စလာမ် သာသနာဝင်များ အားလုံးက ပြည်တွင်းရေး ကိစ္စသာ ဖြစ်တယ်လို့ ခံစား ပေးမယ်လို့ ထင်မှတ် နေခြင်းဟာ ပညာ ဗဟုသုတမဲ့ လွန်းခြင်းသာ ဖြစ်နေ ပါတယ်။

အခု အချိန်မှာ ပြည်တွင်းရေး ကိစ္စ မဟုတ်တော့ဘဲ- အာဆီယံ ဒေသတွင်း အရေးကို စတင် ဖြစ်လာခဲ့ပြီ။ မကြာမှီမှာ ကမ္ဘာ တစ်ခုလုံး အရေးထိ တောမီး ပျံ့သလို တစ်ရှိန်ထိုး ပျံ့နှံ့ သွားတော့မယ် ဆိုတာ မြေကြီး လက်ခတ် မလွဲ ဖြစ်နေပြီ။ လူသား ဆိုတာ ဘယ်လူမျိုး ဘယ်ဘာသာဝင် ဖြစ်ဖြစ် ကမ္ဘာ အရပ်ရပ်မှာ ရေကြည်ရာ မြက်နုရာ လုပ်ကိုင် စားသောက် နေရပါတယ်။ အခုခေတ်မှာ မြန်မာ ပြည်သား ဗုဒ္ဓဘာသာ ၀င်တွေ အနေနဲ့ အရှေ့တောင် အာရှနိုင်ငံ များမှာ လုပ်ကိုင် စားသောက် နေရသလို- မွတ်ဆလင် ကမ္ဘာ အရှေ့ အလယ်ပိုင်း ဒေသတွေ မှာလည်း သိန်းနဲ့ချီ လုပ်ကိုင် စားသောက် နေရပါတယ်။ ဒီကြားထဲ မြန်မာ လူမျိုးကြီး ၀ါဒနဲ့ ရခိုင် အယူသည်း အုပ်စု များရဲ့ မှိုင်း က ပြည်ပရောက် ဗုဒ္ဓဘာသာ များထံ ကူးစက် နေတာ များလည်း ရှိသေးတယ်။ ကမ္ဘာ အရပ်ရပ်မှာ မြန်မာ ဗုဒ္ဓဘာသာ၊ ရခိုင် ဗုဒ္ဓများထက် အစ္စလာမ် ဘာသာဝင် များက လူဦးရေ အဆပေါင်း များစွာ ပိုများနေတယ်-၊ ဆိုတဲ့အချက် များကို မာဖီးယား အစိုးရနဲ့ မျက်ကန်း မျိုးချစ်များ သိနေဘို့ လိုပါတယ်။ လာ့ဘ် လာဘကို မက်တဲ့ အဖွဲ့အစည်း ခေါင်းဆောင် တစ်ချို့ကို လာ့ဘ် ထိုးနိုင်ပေမယ့်-၊ ကမ္ဘာ့ အသိုင်းအ၀ိုင်း ကြီးကိုတော့ ဘယ်လိုမှ လာ့ဘ်ထိုးလို့ မရနိုင်ဘူး- ဆိုတာ ကိုလည်း နားလည် စေချင်တယ်။ 

မြန်မာ ပြည်ထဲမှာ လူနည်းစု အစ္စလာမ် သာသနာဝင် တွေကို ခြံထဲက ကြက်ပုံစံ- ကြိုက်သလို ရိုက်သတ် ချက်စား မယ်ဆိုရင်-၊ ကမ္ဘာ့ အသိုင်းအ၀ိုင်း ကြီးနဲ့ ထိပ်ဆိုင် တိုးသွား ပါလိမ့်မယ်။ လက်ရှိ မြန်မာပြည်ရဲ့ ၀င်ငွေ အများဆုံးနဲ့ မြန်မာ ပြည်သူ တွေရဲ့ ထမင်းအိုး အများစုက ပြည်ပမှာ တည်ရှိနေပါတယ်။ ဒီအချက်ကို မြန်မာ ပြည်သူ တွေနဲ့ မြန်မာ မာဖီးယား အစိုးရ သိနေဘို့ လိုပါမယ်။ မြန်မာ မာဖီးယား အစိုးရက အထက်လမ်း အောက်လမ်း တတ်မြောက် သလို- ကမ္ဘာ့ အသိုင်းအ၀ိုင်း ကလည်း အထက်လမ်း အောက်လမ်း အကုန်ကို တတ်မြောက် ပါတယ်။

ကမ္ဘာ့ အသိုင်း အ၀ိုင်းက ရာဇ၀တ်ကောင် တွေကိုသာ ရွေးချယ် အပြစ်ပေးဘို့- လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အမှုတင် နေချိန်မှာ မြန်မာ့ လူ့အသိုင်း အ၀ိုင်းဟာ ရာဇ၀တ် ကောင်တို့ရဲ့ အမှု တွဲဆွဲခေါ် အဖေါ် စပ်မှုကို နားမယောင် မိဘို့ လိုပါမယ်။ မြန်မာ့ လူ့အသိုင်း အ၀ိုင်းဟာ ထမင်းငတ်ရင် ထမင်းငတ်အောင် ဖန်တီးသူ ကိုသာ အရေးယူ သင့်တယ်။ ထမင်းငတ်လို့ ကြေးစား လူသတ်သမား လုပ်ရတာ ဆိုတဲ့ စိတ်နှလုံးကို ပါယ်သတ် ဘို့လည်း လိုပါမယ်။

မာဖီးယား အစိုးရ အနေနဲ့လည်း- လူမျိုးတုံး သတ်ဖြတ်မှုကို ICC နဲ့ UN လုံခြုံရေး ကောင်စီက မကိုင်တွယ်ရ အောင် လာ့ဘ်တွေ ဘယ်လိုပေးပေး- ကမ္ဘော ဒီးယားမှာ လူမျိုးတုံး သတ်ဖြတ်စဉ်က ဘယ်သူက ဘယ်လို အရေး ယူခဲ့သလဲ။ ဘင်္ဂလားဒေ့ရှ်မှာ ပါကစ္စတန်က လူမျိုးတုံး သတ်ဖြတ်စဉ် ဘယ်သူက ဘယ်လို အရေးယူ ခဲ့သလဲ။ ယူဂိုဆလား ဗီးယားမှာ လူမျိုးတုံး သတ်ဖြတ်စဉ် ဘယ်သူက ဘယ်လို အရေးယူ ခဲ့သလဲ။ အာဖရိက နိုင်ငံတွေမှာ ဖြစ်ပေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှု များကို ဘယ်သူတွေက ဘယ်လို အရေးယူ ခဲ့သလဲ--၊ ဆိုတာ များတော့ လေ့လာ သင့်ပါတယ်။ ICC နဲ့ UN ကို လာ့ဘ် ထိုးရလို့- သို့မဟုတ် UN က ဗီတိုကိုင် နိုင်ငံများကို လာ့ဘ် ထိုးရလို့ တိုင်းပြည်သာ စုပ်ပြတ် သွားပါ လိမ့်မယ်။ ရာဇ၀တ် ကောင်တွေက လွတ်လမ်း မရှိတော့ပါ။ ကမ္ဘာ့ အသိုင်း အ၀ိုင်းက လည်း ICC နဲ့ UN ကို တရားဝင် ဖြစ်အောင်သာ အသိ ပေးတဲ့ သဘောမျှသာ ဖြစ်ပြီး-၊ အချိန်မရွေး ၀င်ရောက် စွပ်ဖက်ဘို့ အချိန် မရွေး တရားခံ တွေကို ၀င်ဖမ်း နိုင်ဘို့ ဘောင်ဝင်အောင် လုပ်ဆောင်မှု တစ်ခုမျှသာ ဖြစ်ပါတယ်။

ဒီကိစ္စရပ်တွေကို ဦးဆောင်နေတဲ့ မာဖီးယား ဦးသိန်းစိန်ဟာ ခေတ်ကာလနဲ့ ကမ္ဘာ့ အခြေ အနေကို ဒီလောက် တောင် မျက်ခြေပြတ် လိုက်မမှီဘူး ဆိုရင် သို့မဟုတ် ပညာ ဗဟုသုတ ကင်းမဲ့ နေရင် သမ္မတဆိုတဲ့ ရာထူးက ဖယ်ပေး လိုက်ဘို့ ကောင်းနေပြီ။ သမ္မတ ရာထူးမှာ ဆက်လက် တည်ရှိ ချင်ရင်-သို့မဟုတ် ကမ္ဘာ့ ခုံရုံးပေါ်ကို မရောက် ချင်ရင်- ကမ္ဘာက သိနေပြီး ဖြစ်တဲ့ ရာဇ၀တ် ကောင်တွေကို ဖမ်းဆီး ပေးဘို့ အချိန်ကို ရောက်နေပါပြီ။

ကမ္ဘာ့ အသိုင်းအ၀ိုင်းဟာ ဒီနေ့ထိ ကြိုးလျှော့ ပေးထားတာ- ကြောက်လို့၊ မလုပ်နိုင်လို့၊ မလုပ်တတ်လို့ မဟုတ်ဘူး အပြစ်မဲ့ မြန်မာပြည်သူ ပြည်သား များကို စာနာလို့-၊ အနာဂါတ် အတွင် ရေရှည် ကြည့်လို့ ဆိုတဲ့ အချက်လောက် တော့---။ နောက်မကျမှီ ဆင်ခြင်ဘို့ အချိန်တန်ပြီ။ 

အစိုးရရော၊ အမျိုးသားရေး ၀ါဒီများရော၊ ကြေးစား လူသတ်ကောင် များရော- ထိပ်တိုက်တွေ့ဘို့ မစဉ်းစား စေလိုပါ။


ဌေးလွင်ဦး 
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ 
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus