နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ လူကုန်ကူးမှု စုံစမ်းဖို့ ထိုင်းကို အမေရိကန် တိုက်တွန်း


20.7.2013

မြန်မာ နိုင်ငံတွင်း ဖိနှိပ်မှု တွေကြောင့် ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ မူဆလင် တွေကို ထိုင်းရေတပ်က မလေးရှား နိုင်ငံကို ခိုးထုတ် ပေးပြီး လူမှောင်ခို ကူးမှု လုပ်ငန်း တွေမှာ ပါဝင် နေတယ် ဆိုတဲ့ ရိုက်တာ သတင်း ဖော်ပြချက်နဲ့ ပတ်သက်လို့ ထိုင်းအစိုးရ အနေနဲ့ ပွင့်လင်း မြင်သာမှု ရှိတဲ့ အရေး တယူ စုံစမ်း စစ်ဆေး မှုတွေ လုပ်သွားဖို့ အမေရိကန် အစိုးရက တိုက်တွန်း လိုက်ပါတယ်။

မြန်မာ နယ်စပ်နဲ့ ဒေသတွင်း နိုင်ငံ တွေမှာ ခိုလှုံ နေကြတဲ့ ဒုက္ခသည်တွေ အပါ အ၀င် မြန်မာ နိုင်ငံ တွင်းက ဖိနှိပ်ခံ နေရသူ တွေရဲ့ လုံခြုံရေးနဲ့ လူသားချင်း စာနာ ထောက်ထား ရမယ့် အခြေ အနေ ဖြစ်နေတဲ့ အပေါ်မှာ အထူး စိုးရိမ်တဲ့ အကြောင်းလည်း အမေရိကန် နိုင်ငံခြား ရေးဌာန ပြောခွင့် ရသူ Marie Harf က သောကြာနေ့ ပုံမှန် သတင်းစာ ရှင်းလင်း ပွဲအတွင်း ပြောခဲ့ ပါတယ်။ ဇွန်လက ထုတ်ပြန် ခဲ့တဲ့ ကမ္ဘာ တ ၀ှမ်း လူကုန် ကူးမှု လုပ်ငန်းများ ဆိုင်ရာ နိုင်ငံခြားရေး ဌာနရဲ့ နှစ်ပတ်လည် အစီရင် ခံစာ ထဲမှာလည်း ခုလို လူမှောင်ခို ကူးမှု ကိစ္စတွေနဲ့ ပတ်သက်လို့ တင်ပြ ထားတဲ့ အကြောင်းလည်း ပြောခဲ့ ပါတယ်။

လူကုန် ကူးမှု လုပ်ငန်း တွေမှာ ထိုင်းအစိုးရ ပိုင်းက ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ် သက်လို့ အသေးစိတ် စုံစမ်း စစ်ဆေး မှုတွေ လုပ်ဆောင်ပြီး ကျူးလွန် သူတွေကို အပြစ်ပေး အရေး ယူဖို့ အပါ အ၀င် လူကုန် ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှု တွေကို အခုထက် ပိုပြီး တိုးမြှင့် ဆောင် ရွက် သွားဖို့ ထိုင်းအစိုးရကို တိုက်တွန်း ထားတယ် လို့လည်း နိုင် ငံခြား ရေး ဌာန ပြောခွင့်ရက ပြောသွား ခဲ့ပါ တယ်။ နိုင်ငံခြားရေး ဌာနက နောက်ဆုံး ထုတ်ပြန် ခဲ့တဲ့ လူကုန် ကူးမှု ဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာ ထဲမှာတော့ မြန်မာ နိုင်ငံနဲ့ ထိုင်းနိုင်ငံ တွေကို စောင့်ကြည့် ရမယ့် နိုင်ငံ တွေအဖြစ် သတ်မှတ် ထား တာ ဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus