နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်၌ အတင်းအဓမ္မ လုပ်အားပေးခိုင်းနေ

RB News
20.7.2013

မောင်တော ။ ။ လွန်ခဲ့သည့် နှစ်တွင် မောင်တော မြို့နယ်၊ အလယ်သံကျော် ကမ်းခြေ၌ စစ်စခန်း တစ်ခု တည်ဆောက် ခဲ့သည်။ စစ်တပ်မှ ထိုစခန်း အနီးရှိ ရိုဟင်ဂျာ များ၏ လယ်ယာမြေ ဧက ၂၀ ခန့်ကိုလည်း သိမ်းယူ ခဲ့သည်။ ယခုအခါ စစ်တပ်မှ ထိုလယ်မြေ များတွင် လယ်ထွန်ရန် အတွက် ရိုဟင်ဂျာ မွတ်စလင် များကို အတင်း အဓမ္မ လုပ်အား ပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ဆင့်ခေါ်လျက် ရှိကြောင်း သ တင်း ရရှိပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်မှာ စစ်တွေမြို့မှ ရခိုင် လူမျိုး တစ်ဦး ဖြစ်သည်။ ၎င်းအား မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တိုက်ရိုက် ခန့်အပ်ခြင်း ဖြစ်သည်။ ဥပဒေ အရ ကျေးရွာတွင် နေထိုင်သူ များ၏ မဲပေး ရွေးချယ် ခြင်းကို လိုအပ်သော်လည်း ဦးမောင်သက်နိုင် အုပ်ချုပ်ရေးမှူး ခန့်အပ် ခံရခြင်းမှာ ဥပဒေ အထက်မှ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။ 

“ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်သက်နိုင်က ကျွန်တော်တို့ကို စစ်တပ်က သိမ်းထားတဲ့ လယ်တွေမှာ လယ် သွား ထွန်ဖို့ပြောတယ်။တစ်မိသားစုကိုတစ်ယောက် မဖြစ်မနေ သွားရမယ်ပေါ့။ မိသားစုထဲက တစ်ယောက် မ သွားဘူး ဆိုရင် တစ်ရက် လုပ်အားခ ၃၅၀၀ ကျပ်ပေး ရမယ် လို့ပြောတယ်။ အဲဒီတော့ သူ တို့ ခေါ်ခိုင်းတဲ့ ရက်တွေမှာ မသွားဘူး ဆိုရင် နေ့တိုင်း ၃၅၀၀ ပေးရမှာပါ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အကယ်၍ ၎င်း၏ အမိန့်ကို မနာခံ ပါက ထိရောက်စွာ အပြစ်ပေး အရေးယူ မည် ဟု ခြိမ်းခြောက်ကြောင်း သိရှိ ရပါသည်။ 

အလယ်သံကျော်တွင် အတင်း အဓမ္မ ခိုင်းစေမှု အပြင် နေ့စဉ် နေ့တိုင်း ရွာသား ၄၅ ဦးမှ လုံခြုံရေး တာဝန် လည်း ယူထား ရပါသည်။ ၅ ဦးစီ အဖွဲ့ ၉ ဖွဲ့ပြီး၊ ကျေးရွာ အနှံ့ အပြင် စစ်စခန်း များ၏ လုံခြုံရေး ကိုလည်း တာဝန်ယူ ရသည်။ ကျေးရွာ လုံခြုံရေးနှင့် စစ်စခန်း များ၏ လုံခြုံရေး တာဝန်ကို မြို့နယ် အုပ်ချုပ်ရေးမှ တာဝန်ယူ ရမည် ဖြစ်သော်လည်း ရိုဟင်ဂျာ များကို အတင်းအဓမ္မ အမိန့်ဖြင့် ခိုင်းစေ နေခြင်း ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus