နောက်ဆုံးသတင်း/ဆောင်းပါးများ

'တမန်တော် မုဟမ္မဒ်' အမည်ရ စာအုပ် ထွက်ပြီ


ကမ္ဘာပေါ်ရှိ သန်း ပေါင်း၂၀၀၀ သော မွတ်စ်လင်မ် တို့၏ ရှေ့ဆောင် လမ်းပြ ဖြစ်သည့် တမန်တော် မုဟမ္မဒ် ၏ ဘ၀ဖြစ်စဉ် အတ္ထုပ္ပတ္တိကို လူမျိုးမရွေး ဘာသာ မရွေး လေ့လာ နိုင်ရန် သမိုင်း ရှုထောင့် မှ ရေးသား ထားသော စာအုပ် တစ်အုပ် ဖြစ်ပါသည်။ 

တမန်တော် မုဟမ္မဒ်၏ အတ္ထုပ္ပတ္တိနှင့် အတူ တမန်တော် မုဟမ္မဒ်၏ ဂန္တ၀င်မြောက် ဆောင်ရွက် ချက်များ၊ တမန်တော် မုဟမ္မဒ်၏ လူ့အခွင့် အရေး ဖော်ဆောင် မှုများ ၊ စစ်ပွဲများ အကြောင်း၊ တမန်တော် မုဟမ္မဒ်၏ မိသားစု ဘ၀၊ ယနေ့ ကမ္ဘာနှင့် တမန်တော် မုဟမ္မဒ် အခန်း ကဏ္ဍ၊ တမန်တော် မုဟမ္မဒ်၏ နေထိုင်မှု ပုံစံ များနှင့် အဖိုးတန် မိန့်ချွေ ချက်များ နှင့် မှတ်တမ်း ဓါတ်ပုံများ ပါဝင် ပါသည်။ 

'တမန်တော် မုဟမ္မဒ်' အမည်ရ ၎င်းစာအုပ်ကို စာရေးဆရာ ငြိမ်းချမ်းမွန်မှ ရေးသားပြီး ကံစာပေမှ ထုတ်ဝေ ထားပါသည်။ 

မကြာမီ ရန်ကုန် မန္တလေးရှိ စာအုပ်ဆိုင် များတွင်လည်း ၀ယ်ယူ ရရှိနိုင် ပါမည်။

စာအုပ် မှာယူ လိုပါက ဖုံး ၀၉ ၇၃၁ ၇၅၄၁၁၊ ၀၉ ၇၃၁ ၀၅၃၆၃ ၊ ၀၉ ၇၃၁ ၂၉၀၇၇ တို့တွင် ဆက်သွယ်မှာ ယူနိုင်ပြီး တန်ဖိုးမှာ ကျပ် ၁၀၀၀ ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus