နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြင်သစ်သမ္မတမှ မြန်မာနိုင်ငံတွင် မွတ်စလင် များအပေါ် အကြမ်းဖက်မှုကို စုံစမ်းရန် ဖိအားပေး

(ဓါတ်ပုံ - Reuters)
RB News
18.7.2013

ပါရီ ။ ။ ပြင်သစ် နိုင်ငံ၊ ပါရီမြို့သို့ တရားဝင် အလည် အပတ် ခရီးရောက်ရှိ နေသော မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်ကို ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ အော်လန်းက ဗုဒ္ဓဟူးနေ့က လက်ခံ တွေ့ဆုံရာ တွင် မြန် မာ နိုင်ငံတွင် လူနည်းစုဖြစ်သော မွတ်စလင် များအပေါ် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် ဖိ အားပေး ပြောဆို လိုက်ကြောင်း ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) ရိုက်တာ သတင်း တစ်ရပ်တွင် ရေး သား ဖော်ပြ ထားပါသည်။ 

သမ္မတ ဦးသိန်းစိန် သည် ပြင်သစ် နိုင်ငံသို့ မရောက် မှီ ဗြိတိန် နိုင်ငံသို့ နှစ်ရက်ကြာ လည်ပတ် ခဲ့သည်။ ပြင် သစ် သမ္မတမှ ကောင်းမွန်စွာ ကြိုဆိုသော်လည်း၊ လူ့အခွင့် အရေး လှုပ်ရှားသူ များမှ မြန် မာ နိုင်ငံတွင် ရိုဟင်ဂျာ မွတ်စလင် များကို အကြမ်းဖက် တိုက်ခိုက် နေခြင်းနှင့် ပတ်သက်၍ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။ 

ပြင်သစ် သမ္မတ ထုတ်ပြန်သော ကြေညာချက်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသည့် နိုင် ငံရေး အကျဉ်းသား များကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန်၊ ဖြစ်ပွား ခဲ့သော မွတ်စလင် များအပေါ် အ ကြမ်းဖက် မှုများကို အမြန်ဆုံး စုံစမ်း ဖော်ထုတ်ရန် တို့ပါဝင်သည်။ 

ပြင်သစ် သမ္မတမှ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အတူမြန်မာနိုင်ငံ၏ နိုင် ငံရေး ပြု ပြင် ပြောင်းလဲမှု များကို ကြိုဆို လိုက်ပြီး၊ ပြင်သစ် နိုင်ငံမှ ကျန်းမာရေးနှင့် ပညာရေး အတွက် အထောက် အပံ့များ ပေးအပ်ရန် ဆန္ဒ ရှိကြောင်း ပြောကြား ခဲ့သည်။ သို့သော်လည်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွှန်း တို့၏ တိုက်တွန်းချက် များအတိုင်း ပြင်သစ် သမ္မတကလည်း ပြုပြင် ပြောင်းလဲရေး များကို အရှိန် အဟုန်မြှင့်ရန်နှင့် တိုင်းရင်းသား များအကြား ဖြစ် ပွားနေသည့် နှစ်ရှည် ပဋိပက္ခ များကို နိဂုံးချုပ်ရန် တိုက်တွန်း ခဲ့သည်။ 

Avaaz Network ၏ ပြောရေး ဆိုခွင့် ရှိသူ ဂျူလီယန် ဘယူက မြန်မာ နိုင်ငံတွင် မွတ်စလင် များအပေါ် အကြမ်းဖက် မှုများ ယခု အချိန်ထိ ရှိနေ သောကြောင့် စေ့စပ် ညှိနှိုင်းရေး ပြုလုပ် နေသည်မှာ အမှန် တ ကယ် ဖြစ်ပေါ်လာခြင်း မရှိသေး ကြောင်း ပြောသည်။ 

“ပြင်သစ် နိုင်ငံ အနေနဲ့ ဒီလို လူသားဖြစ်မှု အပေါ် ကျူးလွန်တဲ့ ပြစ်မှု တွေအတွက် ငြိမ်နေလို့ မရ ဘူး။ မြန် မာ ခေါင်းဆောင် တွေကို ဒီထက် ပိုပြီး ဖိအား ပေးရမယ်” ဟု၎င်းက ပြောသည်။

Comment ရေးရန်

Rohingya Exodus