နောက်ဆုံးသတင်း/ဆောင်းပါးများ

အခြေအမြစ်ရှိတဲ့စကား များသာပြောပါ ဒေါက်တာအေးမောင်



ရိုဘားမား
RB News
19.8.2013

အခုနားက ဒေါက်တာအေးမောင်ရဲ့ အခြေအမြစ် မရှိတဲ့ စကားတွေ ရေးထားတဲ့ မြန်မာတိုင်းမ်ရဲ့ အင်္ဂလိပ် ဘာသာနဲ့ ဆောင်းပါး တစ်ပုဒ် ဖတ်ပြီး ဒီစာကို ရေးဖို့ အကြောင်းဖန် လာပါတယ်။

ဒေါက်တောအေးမောင်က အဖြူကဒ် (ယာယီ နိုင်ငံသား ကဒ်ပြား) ကိုင်ဆောင် ထားတဲ့ သူတွေကို မဲပေး ခွင့် ပိတ်ပင်ဖို့ အတွက် လွှတ်တော်မှာ အဆို တင်သွင်း မယ်လို့ ဆိုပါတယ်။ အဲဒါ အပြင် ရိုဟင် ဂျာ တွေ ကို နိုင်ငံရေးနဲ့ လုံးဝ ပတ်သက်ခွင့် မပေးဘူးလို့လည်း ပြောသွားတယ်။ 

ဒေါက်တာအေးမောင်က တိရစ္ဆာန်ဆေးကု ဆရာဝန်ဆိုတော့ လူတွေနဲ့ အထိ အတွေ့နည်းပြီး၊ တိရ စ္ဆာန် တွေနဲ့ သာ အ ထိအတွေ့ များတော့ ဦးနှောက် သုံးအားက လူတွေထက် နိမ့်ပါး နေတာကို သူ့ရဲ့ အပြော အဆို တွေက သက်သေပြ နေပြီ။ 

တိရစ္ဆာန်တွေနဲ့ ထိတွေ့မှု များပြီး လူ့လောကရဲ့ အဖြစ်အပျက် တွေကို မေ့နေတဲ့ ဒေါက်တာအေးမောင် (တိမွေးကု) သိသင့်တာက ရိုဟင်ဂျာ တွေက မြန်မာ့ နိုင်ငံရေး ဇတ်ခုံ ပေါ်မှာ ၂၀၁၀ ခုနှစ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက စင်တင် ပေးလိုက်လို့ ရောက်လာတာ မဟုတ်ဘူး။ ၁၉၄၇ ခုနှစ် မှာ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖွဲ့စည်း ခဲ့တဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်မှာ ရိုဟင်ဂျာ လွှတ်တော် အမတ် နှစ်ဦး ပါခဲ့တယ် ဆိုတဲ့ သမိုင်းကြောင်းက မြန်မာ့ သမိုင်းကနေ ဘယ်တော့မှ ဖျောက်ပစ်လို့ မရသလို၊ အင်္ဂလိပ် လက်ထက် ကလည်း စစ်တွေမြို့က ဦးဂနီမာရ်ကန် တို့ ပါဝင် ခဲ့တာလည်း သမိုင်းမှာ အမြဲကျန်နေမှာပါ။ ပြီးတော့ မြန်မာ နိုင်ငံရဲ့ ပထမ ဦးဆုံး ပါလီမန် ဒီမို ကရေစီ လက်ထက်မှာလည်း ရိုဟင်ဂျာ လွှတ်တော် အမတ်၊ ပါလီမန် အတွင်းဝန်၊၀န်ကြီးတာဝန်တွေပါ ထမ်းဆောင် ခဲ့တာတိမွေး ကုဆရာ ၀န်ကြီးမေ့ သွားပြီလား? ဒါမှ မဟုတ် အဲဒီတုန်းက တိမွေး ကုဆရာဝန် ဒေါက် တာအေးမောင် က ဘင်္ဂလား ဒေ့ရှ် ကနေ မြန်မာ နိုင်ငံ မရောက် သေးလို့၊ ၁၉၇၀ နောက် ပိုင်း မှ မြန် မာ နိုင် ငံရဲ့အစိတ် အပိုင်း ဖြစ်တဲ့ ရခိုင် ပြည်နယ်ကို ရောက်ပြီး အရင်က သမိုင်းတွေကို မလေ့ လာ ဖြစ်သေး တာလား? ပြော စမ်းပါဦး တိမွေးကုကြီးရယ် … 

အာဏာရှင်ကြီး ဆိုပြီးနာမည်ဆိုးနဲ့ကမ္ဘာမှာ ကျော်ကြား ခဲ့တဲ့ ဦးနေ၀င်း လက်ထက်၊ တော် လှန်ရေး ကောင် စီ ခေတ်မှာ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ်မှာရော ရိုဟင်ဂျာ လွှတ်တော် အမတ်တွေ အဆက် မပြတ် ရှိခဲ့တာရော ပြန်လေ့လာ လိုက်ပါဦး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတည်ပြုပြီး တဲ့နောက် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ် ပါတီက မဲအပြတ် အသတ်နဲ့ အနိုင်ရခဲ့ တာရော မြန်မာ့ ဒီမိုကရေစီ သမိုင်းက ဘယ် correction pen နဲ့ဖျက်ချင် သလဲ တိမွေးကုကြီး …

မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ် နိုင်ငံသား ဥပဒေ အရ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူမျိုးတွေဟာ မူလ ဘူတ လူမျိုး တွေဖြစ်တာကြောင့် နိုင်ငံသား လျှောက်ခွင့် မလိုခဲ့ဘူး ဆိုတာရော သိရဲ့လား? ရိုဟင်ဂျာ တွေမှာ တရားရေးရာ ၀န်ကြီးဌာနက ထုတ်ပေးတဲ့ Indigenous Certificate ရှိတယ် ဆိုတာရော တိမွေးကုကြီး သိရဲ့လား? နောက်ပိုင်းမှာ အမျိုးသား မှတ်ပုံတင် ကဒ်ပြား (NRC) သို့မဟုတ် သက်သေခံ ကဒ်ပြား ထုတ်ပေးတော့ ရိုဟင်ဂျာ တွေအားလုံး ရတာရော တိမွေးကုကြီး သိရဲ့လား? ၁၉၇၀ ခုနှစ် နောက်ပိုင်း မှာသာ အာဏာရှင် ဦးနေ၀င်း ယုတ်မာပြီး မထုတ်ပေး တော့တာကို အမှန်အတိုင်း ပြောဖို့ သတ္တိရှိရဲ့လား? ပြီးတော့ ဦးနေ၀င်းရဲ့ လက်ပါးစေ ဗိုလ်ချုပ်ခင်ညွန့်က ရခိုင် ပြည်နယ်ကို ၁၉၉၀ နောက် ပိုင်းမှာ သွားပြီး အမျိုးသား မှတ်ပုံတင် ကဒ်ပြား (NRC) တွေကို သိမ်းပြီး ယာယီ နိုင်ငံသား စီစစ်ရေး ကဒ်ပြား (အဖြူကဒ်၊ White Card) တွေ ထုတ်ပေးဖို့ ညွန်ကြား ခဲ့လို့ ဒီနေ့ ရိုဟင်ဂျာ တွေအဖြူကဒ် ကိုင်နေရတယ် ဆိုတာကို ခင်ဗျားရော … လ၀က ၀န်ကြီး ဦးခင်ရီရော လူထု ရှေ့မှာ အမှန်အတိုင်း ပြောဖို့ သတ္တိ မရှိကြဘူး ဆိုတာ အမှန်တရားပါ။

လွှတ်တော် အမတ် ဦးရွှေမောင်ကို နိုင်ငံသား မဟုတ်ဘူး ဘာညာနဲ့ အမြဲ တိုက်ခိုက် နေတဲ့ တိမွေးကုကြီးရဲ့ ဗီဒီယို အင်တာဗျူး ကိုတော့ ဒီဗွီဘီကို မရဲတော့လို့ ဖြုတ်ပစ်ရတဲ့ အထိပါ။ အခုလည်း မြန်မာတိုင်းမ် ကနေ အခြေအမြစ် မရှိတာနဲ့ ထပ်အော် ပြန်ပြီ။ တခါတလေလည်း အရှက်တရား ဆိုတာ လူတွေ အတွက် ဘယ်လောက် တန်ဖိုး ရှိလဲ ဆိုတာ နားလည် စမ်းပါ။ မရှက်တမ်း လျှောက်ပြော နေတော့ နားလည်တဲ့ သူတွေ အတွက် စိတ်အနှောက် အယှက် ဖြစ်ရုံ ကလွှဲပြီး ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး။ တိမွေး ကု ကြီး သေသေ ချာချာ သိရမှာက ဦးရွှေမောင်ရဲ့ ဖခင် ဖြစ်သူက မောင်တော ခရိုင်က နာမည်ကြီး ရဲအရာရှိ တစ် ဦး ဆိုတာကိုပါ။ ပြီးတော့ ဦးရွှေမောင်က မြန်မာ နိုင်ငံမှာ နိုင်ငံသား စစ်စစ် မဟုတ်ရင် ပညာ သင်ကြား လို့ မရတဲ့ ရန်ကုန် စက်မှု တက္ကသိုလ်က ဘွဲ့ရတဲ့ အင်ဂျင်နီယာ တစ်ဦး ဆိုတာပါ။ ဒီနှစ်ချက်နဲ့တင် မေးစရာ မလိုတော့ လောက်အောင် ပြည့်စုံ နေပါပြီ။ တိမွေးကုကြီးရေ .. လွှတ်တော် အမတ်လည်း ဖြစ်နေပြီ၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပါတီ တစ်ခုက ဥက္ကဌလည်း ဖြစ်နေပြီ၊ ကိုယ့်သိက္ခာ ကိုယ်ထိန်း ပါဗျာ။ အခြေ အမြစ် မရှိတဲ့ စကားတွေ ပြောပြီး နားမလည်တဲ့ သူတွေကို သို့လော သို့လော လုပ်ခြင်းက ငြိမ်းချမ်း စွာ အတူယှဉ်တွဲ နေထိုင်ရေး အတွက် အထောက် အကူ ဖြစ်မှာ မဟုတ်ဘူး။

တကယ်လို့ ဒီကိစ္စကို ဆက်ငြင်း ချင်တယ် ဆိုရင် တိမွေးကုကြီး စိန်ခေါ် သလို ကျုပ်လည်း စိန်ခေါ် ပါရစေ။ တိမွေးကုကြီးနဲ့ တိမွေးကုကြီးရဲ့ ဖခင် တို့ရဲ့ လက်မောင်း များကို မိဘ ပြည်သူ တွေကြား ပေါ်ပေါ် တင် တင် ပြရဲ ပါသလား? မြန်မာ နိုင်ငံသားနဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား တို့ကို အလွယ် တကူ ခွဲခြား တာ က ကျောက်ဆေးထိုး ထားတဲ့ လက်မောင်းနဲ့ ဆိုတာ တိမွေးကုကြီး သိမှာပါ။ သတ္တိရှိရှိ ရင်ဆိုင်ရဲလား တိမွေးကုကြီး?

ကျုပ်တို့ ရိုဟင်ဂျာ လူမျိုးတွေက မြန်မာ နိုင်ငံမှာ မြန်မာ တိုင်းရင်းသား၊ နိုင်ငံသားတိုင်း မဲပေးခွင့် ရှိတဲ့ အ ချိန်က စပြီး မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့် ရှိခဲ့တာ မြန်မာ့သမိုင်းက သက်သေ ရှိနေတယ်။ အဲဒီတော့ မဖြစ်နိုင် တာကို စိတ်ကူးယဉ်ပြီး လျှောက်လုပ် နေမယ့် အစား၊ တစ်သက်လုံး ငြိမ်းချမ်းစွာ အတူ ယှဉ် တွဲ နေလာတဲ့ ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးစု နှစ်စု အရင်လို ပြန်နေရရေး အတွက် ကြိုးစားပါလို့ ရိုးသားစွာ အကြံပေး ပါရစေ။

မြန်မာတိုင်းမ် ဆောင်းပါးမှာ ပါလာလို့သာ ဆက်ပြောပါရစေ။ ဦးရွှေမောင်ကို ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ ဆက်နွယ် နေတယ်လို့ စွပ်စွဲတဲ့ ကိစ္စပါ။ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေ မရှိတော့ဘူး ဆိုတာ ကမ္ဘာ က သေချာသိတယ်။ တိမွေးကုကြီး တို့သာ ဘင်္ဂလားက လူအချို့၊ အိန္ဒိယက လူတချို့နဲ့ ပေါင်းပြီး မဟုတ် မမှန်တွေ လုပ်ကြံပြီး ၀ါဒ ဖြန့်နေကြတာ။ ရခိုင် လက်နက်ကိုင် အဖွဲ့တွေကို နောက်ကနေ ကြိုး ကိုင် နေတာ တိမွေးကုကြီး မဟုတ်လား? ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ ကွန်ဖရင့် သွား လုပ်တာ ဘယ်သူလဲဗျ? တိမွေးကုကြီးမှ ဟုတ်ရဲ့လား? အဖ ရခိုင် နိုင်ငံတော်ကြီးကို အမိ မြန်မာ နိုင်ငံ ကနေက ခွဲထွက်ဖို့ ကြိုးစား နေတာ ဘယ်သူတွေလဲ? ရိုဟင်ဂျာ တွေလား? တိမွေးကုကြီးတို့ အုပ်စုလား? 

မြန်မာ ထောက်လှမ်းရေးက အင်မတန် နာမည်ကြီးပါ။ ဦးရွှေမောင်သာ တိမွေးကုကြီး ပြောသလို ဖြစ်မယ် ဆိုရင် USDP အမတ်က ပြုတ်ပြီး ဂျေးအောင်းတာ ကြာရောပေါ့ … အခြေအမြစ် ရှိတဲ့ စကားများ သာ ပြော ပါ ဒေါက်တာအေးမောင် …

(ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်)

Comment ရေးရန်

Rohingya Exodus