နောက်ဆုံးသတင်း/ဆောင်းပါးများ

အောင်မင်္ဂလာ ဒုက္ခသည်များကို အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းကို အစိုးရမှ လိမ်ခိုင်း



RB News
25.8.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ ရိုဟင်ဂျာ ဒုက္ခသည် များကို ကြိုတင် အကြောင်းကြားဘဲ၊နာရီပိုင်း ကြိုအသိပေး၍ အောင်မင်္ဂလာ ရပ်ကွက်မှ ဒုက္ခသည် စခန်းများ သို့ ပြောင်းရွှေ့ လျက် ရှိ ပါသည်။ ဒုက္ခသည် များမှ ပြောင်းရွှေ့ လိုစိတ် မရှိသော်လည်း၊ အစိုးရ အမိန့်ဖြင့် ပြောင်းရွှေ့ နေရ သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အစိုးရမှ အောင်မင်္ဂလာ ရပ်ကွက်မှ ရိုဟင်ဂျာ လူမျိုး တစ်ဦးနှင့် ကမန် လူမျိုး တစ်ဦး တို့ကို အစိုးရဘက်မှ လိုက်၍ လိမ်ညာ ပြောဆို ခိုင်းနေ ပါသည်။

အောင်မင်္ဂလာမှ ဒုက္ခသည် များ ပြောင်းရွှေ့ရန် အမိန့် ပေးသည်နှင့် တပြိုင်နက် RB News မှ အဆိုပါ သတင်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသား၍ ပြည်တွင်း၊ ပြည်ပကို အသိပေး ခဲ့ပါသည်။ ထို ကိစ္စနှင့် ပတ်သက်၍ ပြည်နယ် အစိုးရ၏ လက်ကိုင်တုတ်ဖြစ်သော အောင်မင်္ဂလာရပ်ကွက်မှခေါင်း ဆာင် နှစ်  ဦး ဖြစ် သူ ရိုဟင်ဂျာ အမျိုးသား ဦးရွှေလှနှင့် ကမန် အမျိုးသား ဦးရွှေဇံအောင် တို့ အနက် ဦးရွှေဇံအောင်မှ RFA မြန်မာပိုင်းနှင့် နိုင်ငံတကာ နာမည်ကြီး မီဒီယာဖြစ်သော အေပီ သတင်း ဌာနကို လိမ်ညာ၍ လီ ဆယ် ပြောဆိုခဲ့သည်။ 

ရွှေ့ပြောင်း နေသည့် ဒုက္ခသည် များကို တစ်မိသားစုလျှင် ငွေကျပ် ၉၀၀၀ ပေးလျက် ရှိရာ ၎င်းငွေများ မှာလည်း ရန်ကုန်မြို့မှ ယခု ရက်ပိုင်းအတွင်း လာရောက် လှူဒါန်းသွားသော ငွေများ မှ ပေးနေ ခြင်း ဖြစ်ကြောင်း သိ ရှိ ရပါသည်။ အောင်မင်္ဂလာ ရပ်ကွက် အတွင်းရှိ မွတ်စလင် များအားလုံး အတွက် လွန်ခဲ့သည့် ရက်ပိုင်းတွင် ရန်ကုန်မှ အဖွဲ့ တစ်ဖွဲ့ သွား၍ ငွေကျပ် သိန်း ၅၀ လှူဒါန်း ခဲ့သည်ဟု ဒေသခံ များ ၏ ပြော ကြားချက် အရ သိရှိ ရပါသည်။ 

ယမန်နေ့က အိမ်ထောင်စု ၁၃၀၊ လူဦးရေ ၅၇၇ ဦးကို သက္ကေပြင် အနီးရှိ ဒုက္ခသည် စခန်းသို့ ပို့ဆောင်၍ ယနေ့ ဒုက္ခသည် မိသားစု ၈၉ စု၊ လူဦးရေ ၃၉၆ ဦးကို သက္ကေပြင်နှင့် ဘောဒူဖ ဒုက္ခသည် စခန်းများ သို့ ပြောင်းရွှေ့ နေရာချ ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ ကျန်ရှိ နေသည့် ဒုက္ခသည် များကိုလည်း ဆက်လက်၍ ပြောင်းရွှေ့ သွားမည် ဖြစ်သည်။ 

ဦးရွှေဇံအောင်မှ မီဒီယာ များသို့ ပြောကြားခြင်း နှင့်ပတ်သက်၍ “ကျွန်တော်တို့ ရပ်ကွက် ထဲမှာ ဦးရွှေလှနဲ့ ဦးရွှေဇံအောင် တို့က အစိုးရ ဘက်တော်သား တွေပါ။ သူတို့က အစိုးရက အခွင့်အရေး ပေးထားတယ်။ အားလုံးမှာ သွားလာခွင့် မရှိတဲ့ အချိန်မှာ သူတို့က လွတ်လွတ် လပ်လပ် ဘယ်ကို မဆို သွားလို့ ရတယ်။ အချိန်မရွေး ရဲတွေ ခေါ်ပြီး အစောင့် အကျပ် အဖြစ် သုံးလို့ ရတယ်။ အစိုးရက အခွင့်အရေး ပေးပြီး သ တင်းပေး အနေနဲ့ ထားထားတဲ့ သူတွေပါ။ အခွင့်အရေး သမား ဆိုတာ လူမျိုးတိုင်းမှာ ရှိပါတယ်။ သူတို့ အခွင့် အရေး ရရင် ပြီးရော ဆိုပြီး မီဒီယာ တွေကို လိမ်ပေး တာပါ။ တကယ်တော့ အောင်မင်္ဂလာ ကနေ ဘယ်သူ့မှ မပြောင်း ချင်ပါဘူး။ ဒီဒုက္ခသည် တွေက အစကတည်းက ဒုက္ခသည် စခန်းမှာ မနေချင် လို့ အောင်မင်္ဂလာမှာ နေနေ တာပါ။” ဟု အောင်မင်္ဂလာမှ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus