နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ရင် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(ဓါတ်ပုံ - AFP)

14.9.2013

အရှေ့ ဥရောပ နိုင်ငံတွေ ကို ခရီးထွက် နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပိုလန် နိုင်ငံ ကနေ သောကြာနေ့ မနေ့က ဟန်ဂေရီ နိုင်ငံ ဘူဒါ ပက်စ် မြို့ကို ရောက်ရှိ သွား ပါ ပြီ။ ဘူဒါ ပက်စ် မြို့အရောက် သတင်းထောက် တွေရဲ့ မေးခွန်းတွေကို ဖြေကြား ရာမှာ မြန် မာ ပြည်ရဲ့ လက် ရှိ ဖွဲ့စည်းပုံ ဥပဒေကို မပြင်ဆင် သရွေ့ မြန်မာ နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံ တစ်ခု ဖြစ် လာမှာ မ ဟုတ် ပါဖူးလို့ သူက ပြောကြား လိုက်ပါတယ်။

အဲဒီ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွတ်တော်က ဖွဲ့စည်း ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံး သပ်ရေး ကော်မတီက ဒီနှစ် ကုန်မှာ တင်ပြမယ့် အစီရင်ခံစာ ထွက်ပေါ် လာတဲ့အခါ ဒီမိုကရေစီ စံ နစ် ပြုပြင် ပြောင်းလဲရေး အတွက် လက်ရှိ အစိုးရအနေနဲ့ အမှန်တကယ် စိတ်ဝင်စားမှု ဘယ်လောက် ရှိ သ လဲ ဆိုတာ အထင်အရှား မြင်ရပါ လိမ့်မယ်၊

ဒါကြောင့် လာမယ့် လအနည်း ငယ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်ရာမှာ အင်မတန် အရေးပါတဲ့ ကာလ ဖြစ်မှာ ပါပဲလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒါ့အပြင် တဆက်တည်း မှာပဲ တကယ် လို့သာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို မြန်မာ အစိုးရ အနေနဲ့ ပံ့ပိုး ကူညီ မှု မရှိဖူး ဆိုရင် အဲဒီ အစိုးရဟာ ဒီမိုကရေစီ စနစ်ကို တကယ် လိုချင်တဲ့ အစိုးရ မဖြစ်နိုင် ပါဖူးလို့ လည်း သူက ပြောကြား ခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲကို NLD အနေနဲ့ သပိတ် မှောက်ဖို့ တစုံတရာ ကြိုတင် ထည့်သွင်း စဉ်းစား ထား တာ များ ရှိပါ သလားလို့ သတင်းထောက် တစ်ဦးက မေးမြန်းရာ မှာတော့ ဒေါ်အောင်ဆန်း စုကြည် က မိမိ တို့ အနေနဲ့ အစိုးရနဲ့ ပူးပေါင်း ဆက်ဆံရေး တံခါးကို ကာလ ရှည်ကြာစွာ တတ်နိုင် သမျှ ဖွင့်ထား မှာ ဖြစ် တယ်လို့ ဖြေကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ဟန်ဂေရီ သမ္မတ Janos Ader နဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Zsolt Nemeth တို့ ကို မနေ့က တွေ့ဆုံခဲ့ပြီး ဒီကနေ့ စနေနေ့မှာ ချက်သမ္မတ နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus