နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာမွတ်စလင်နှင့် နိုင်ကဒ် ပဟေဠိ



မင်းအောင်
RB News
9.9.2013

လွန်ခဲ့သည့် ရက်ပိုင်းက ရှမ်းနီ လူမျိုး အချို့နှင့် အင်တာဗျူး ထားသည့် ဗီဒီယိုဖိုင် တစ်ခုကို ကြည့်မိပါသည်။ ရှမ်းနီလူမျိုးများ၏ နိုင်ကဒ်တွင် ရှမ်းဗမာလူမျိုး ဟူ၍ရေး သားထားသည်ကိုမကျေနပ်သည့် အကြောင်း ပြော ကြား ထားခြင်းဖြစ်ပါသည်။ နိုင်ငံတော် အသိအမှတ်ပြု လူမျိုး တစ်မျိုး၏ အမည်တွင် အကြောင်းပြ ချက်ခိုင် လုံမှု တစ်စုံ တစ်ရာ မရှိဘဲ ဗမာ လူမျိုး နာမည် ပေါင်းထည့် ခြင်းသည် သွေးရိုး သားရိုး မဖြစ်နိုင်ပါ။ ကံယာ ကံရှင်များ ကိုယ်တိုင် နှစ်သက် ကျေနပ်မှု မရှိဘဲ အစိုးရမှ ထည့်ထား ခြင်းသည် နောက်ကွယ်တွင် ရည် ရွယ်ချက်တစ်ခုရှိနေမည် ဆိုသည်မှာထင်ရှား နေပါသည်။ အစိုးရ၏ မရိုးသားမှုအား သတိထား မိ လာသော ၎င်းရှမ်းနီ လူမျိုး များမှ မိမိတို့၏ လူမျိုးမှန် အားသာ နိုင်ကဒ် များတွင် ထည့်သွင်း ရေးသားရန် ကျယ် ကျယ် ပြန့်ပြန့် ပြောဆို လာကြခြင်း ဖြစ်သည်။ သို့မဟုတ် ပါက မကြာသော အချိန် ကာလ တစ်ခု အတွင်း မိမိတို့ လူ မျိုး အားလုံးသည် ဗမာလူမျိုး အဖြစ် ဇတ်သွင်းခြင်း ခံရပြီး မိမိတို့ ပင်ကို လူမျိုး အမည် ပျောက် ကွယ် သွားနိုင် ပါသည်။ 

ရန်ကုန်တိုင်း အတွင်း နေထိုင်ကြသော မွန်လူမျိုး များမှလည်း မိမိတို့ နိုင်ကဒ် များတွင် မွန်-ဗမာ ဟူ၍ လည်းကောင်း၊ မွန်ကို ဖျောက်ပြီး ဗမာ လူမျိုး ဟူ၍ လည်းကောင်း၊ ထည့်သွင်း ထားမှုအား စတင် ကန့် ကွက် ပြောဆို လာကြ ပါသည်။ ဗမာ လူမျိုးကြီး ၀ါဒသည် အောက်ခြေ ဗမာ လူမျိုးများ အတွင်း ရှိ/မရှိ မသိနိုင် သော်လည်း ဗမာ လူမျိုး အများစုဖြင့် ဖွဲ့စည်း ထားသော အစိုးရတွင် ရှိနေသည်မှာ မည်သို့မှ ငြင်း ပယ် နိုင်မည် မဟုတ်ပါ။ လ၀က ရုံးများတွင် ကပ်ထားသော “မြေမျို၍ လူမျိုး မပျောက် လူမျိုမှ လူ မျိုး ပျောက် မည်” ဟူသော ဆောင်ပုဒ်အား ၎င်း လ၀က ရုံးများ ကိုယ်တိုင် အစိုးရ၏ မဟာ ဗမာ လူမျိုးကြီး ၀ါဒအား ဘာသာတူ လူမျိုးစုများ အထဲတွင် အကောင် အထည် ဖော်နေလျှင် ဘာသာမတူ လူမျိုးစု များ ဆိုလျှင် ဆိုဖွယ် မရှိပေ။ ရှမ်းလူမျိုး၊ မွန်လူမျိုး များကဲ့သို့ အထင်ကရ ဘာသာတူ လူမျိုး များအား ဗမာ ဇတ်သွင်းသော နည်းဖြင့် လူမျိုးစု နာမည် ပပျောက် သွားစေရန် (သို့မဟုတ်) လူမျိုးစု လူဦးရေ လျော့နည်း သွားစေရန် အစီအစဉ် တကျ အကောင် အထည် ဖော်နေသည် ဆိုပါက၊ ဘာသာ မတူ၊ လူမျိုး မတူသော ရိုဟင်ဂျာ အပါအ၀င်၊ မြန်မာ မွတ်စလင် များအပေါ် မည်ကဲ့သို့ ယုတ်မာ ရက်စက်သော နည်းလမ်းများ အ သုံးပြုပြီး၊ လူမျိုးစုများ ပျောက်ကွယ် သွားစေရန် လုပ်ဆောင်မည် ဆိုသည်ကို အနည်း ငယ် တွေးကြည့် ရုံဖြင့် သိနိုင် ပါသည်။ 

အမျိုးသား မှတ်ပုံတင် (အစိမ်းကဒ်) ကိုင်ဆောင်သည့် ကာလတွင် ရခိုင်ပြည်နယ်၊ တောင်ပိုင်းရှိ မွတ်စလင် များအား ရခိုင် အစ္စလာမ်၊ ကမန် အစ္စလာမ် အဖြစ် အသိအမှတ် ပြုပြီး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စ လင် များအား ရိုဟင်ဂျာ မွတ်စလင် အဖြစ် အသိအမှတ်ပြုထား ခဲ့သည်။ ယခုအချိန်တွင် ရခိုင်အစ္စ လာမ်နှင့် ရိုဟင်ဂျာ မွတ်စလင် ဆိုသော လူမျိုးစု အမည်နာမအား လုံးဝ ဖျောက်ဖျက် ပစ်လိုက်ပြီး ပုံစံ အမျိုး မျိုးဖြင့် ဘင်္ဂါလီ ဇတ်သွင်းလျက် ရှိနေသည်။ ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှု အတွင်း ၎င်းဘင်္ဂါလီ လှိုင်းလုံး ကြီးသည် ကမန် လူမျိုးစု အားလည်း တိုက်စား သွားခဲ့သည်။ ကမန် လူမျိုးများ သီး သန့် နေ ထိုင်သော ရမ်းဗြဲမြို့အား ရခိုင် အစွန်းရောက် များမှ နှစ်ကြိမ် တိုင်တိုင် မီးလောင် တိုက်သွင်း ခဲ့ကြသည်။ ရမ်းဗြဲမြို့မှ ကမန် မွတ်စလင် များ၏ အိုးအိမ်၊ တိုက်တာ အဆောက် အဦများ၊ စီးပွား ဥစ္စာများ ရာနှုန်းပြည့် ပျက်စီး ဆုံးရှုံး ခဲ့ရသည်။ ၀မ်းနည်း စရာကောင်းသည်မှာ ကမန် လူမျိုး တချို့မှ အာဏာရှင် အစိုးရ၏ မွတ်စလင်များ အပေါ် ထားသည့် သဘောထားနှင့်၊ ရခိုင် အစွန်းရောက် များ၏ ယုတ်မာမှု များအား မျက် ကွယ် ပြုပြီး၊ မွတ်စလင် များအတွင်း တရားခံ လိုက်ရှာ နေခြင်း ဖြစ်သည်။ သို့သော်လည်း ကမန် လူငယ် များ၏ အမြင် ကျယ်ကျယ်ဖြင့် တက်ကြွ လှုပ်ရှား လာနေသော ဒီရေလှိုင်းသည် (အဆိုပါ လူတစ်စု) အား ဖြတ်ကျော် သွားနိုင် လိမ့်မည်ဟု လည်း ယုံကြည် နေမိသည်။ 

ပြည်မတွင် နေထိုင် ကြသော မြန်မာ မွတ်စလင် များ၏ နိုင်ကဒ် များအား လေ့လာ ကြည့်လျှင် အစိုးရ၏ ရက်စက် ယုတ်မာမှုကို တွေ့ရ ပါမည်။ မြန်မာ မွတ်စလင် နိုင်ကဒ် များတွင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ စသည့် နိုင်ငံခြား သားလူမျိုး တစ်မျိုးမျိုး ပေါင်းထည့်ပြီး၊ နိုင်ငံသား ကဒ်များ ထုတ်ပေး နေခြင်း ၏ နောက် ကွယ်တွင် မည်သည့် ရည်ရွယ်ချက်များ အစိုးရတွင် ရှိနေ နိုင်မည်နည်း။ ဘာသာတူ လူမျိုးကွဲ များအား ဗမာ ဇတ် သွင်း နေသော အစိုးရသည် မြန်မာ မွတ်စလင် များအပေါ် ရည်ရွယ်ချက်မဲ့ သဘော ထား ကြီး ပြနေ ခြင်း မဖြစ်တန်ရာ။ ၂၀၁၂ ခု ဇွန်လမှ စတင်ခဲ့သော မွတ်စလင် များအပေါ် တဖက်သတ် အကြမ်း ဖက်မှု ဖြစ်စဉ် အတွင်း အစိုးရနှင့် ဗုဒ္ဓ ဘာသာဝင် များမှ မွတ်စလင် များအပေါ် ထားရှိသော သဘောထား အမှန်များကို ထင်သာ မြင်သာ တွေ့လာ ရသည်။ မေတ္တာ တရား ကြီးမား ပါသည် ဆိုသော ဘာ သာရေး ခေါင်းဆောင်များ၊ လူ့အခွင့် အရေး အတွက် နှစ် ၂၀ ကျော် တိုက်ပွဲ ၀င်လာသော ကျောင်း သား ခေါင်းဆောင် များ၏ မြန်မာ မွတ်စလင် များနှင့် ပတ်သက်ပြီး သဘောထား မှတ်ချက်ပြုမှု များသည် အံ့သြ ဖွယ်ရာ ဖြစ်နေ ပါသည်။ ခြုံ၍ သုံးသပ် ရသော်၊ အစိုးရသော် လည်းကောင်း၊ အတိုက် အခံ ပါတီ များသော် လည်းကောင်း၊ ဘာသာရေး အဖွဲ့ အစည်း များသော် လည်းကောင်း၊ ၎င်းတို့ထဲမှ အများစုသည် မွတ်စလင် များနှင့် ပတ်သက်ပြီး သဘောထား သေးသိမ် နေသည်မှာ ပေါ်လွင် ထင်ရှား နေပါသည်။ သို့ဆို လျှင် ကျွန်တော်တို့ မြန်မာ မွတ်စလင် များအနေဖြင့် မိမိ အခွင့် အရေးနှင့် တာဝန် အတွက်၊ မိမိ ဂုဏ်သိ က္ခာ အတွက် ရှေ့ဆက် ဘာလုပ် သင့်သနည်း။ 

ကျွန်တော်တို့ သတိထား သင့်သည်မှာ ကျယ်ပြန့်တဲ့ မြန်မာ မွတ်စလင် လူ့အဖွဲ့ အစည်း အတွင်း တစ်ဦးနှင့် တစ်ဦး အခြေအနေ၊ အခွင့်အရေး၊ လုပ်နိုင်စွမ်း မတူညီနိုင်ပါ။ ဒီကွဲပြား ခြားနားမှု များအား မြန်မာ မွတ်စလင် ထုအတွင်း နားလည် သည်းခံ ပေးနိုင်ခြင်း မရှိပါက ရရှိလာမည့် အကျိုး ဆက် သည် ကောင်း မွန် နိုင်မည် မဟုတ်ပါ။ မြန်မာ မွတ်စလင်ထု တစ်ရပ်လုံး အမိန့် တစ်ခု အတွင်း ရောက်ရမည် ဆိုသည်မှာ မည်သို့မှ အကောင် အထည် မပေါ်လာ နိုင်သော အိပ်မက် အဆင့်သာ ရှိပါသည်။ တူညီသော ရည်ရွယ် ချက် အတွက် မတူကွဲပြားသော စွမ်းဆောင်ရည် များအား လက်ခံ နိုင်အောင် ကြိုးစား ရပါမည်။ သို့သော် ကွဲပြားနေသော မွတ်စလင် အဖွဲ့အစည်း များအတွင်း Function တစ်ခုတော့ ရှိနေ သင့်သည်။ သို့မှသာ အဖွဲ့အစည်း တစ်ခု၏ လုပ်ရပ် အပေါ် တခြား အဖွဲ့အစည်း များမှ ကောင်းဆိုး ဝေဖန် အကြံပြု နိုင် မည် ဖြစ် ပါသည်။ 

မြန်မာ မွတ်စလင် များအနေဖြင့် အတိတ်မှ မိမိတို့၏ အားသာချက်၊ အားနည်းချက်များ အပေါ် သင်ခန်းစာ ယူပြီး ပစ္စုပ္ပန် ကာလ အတွင်း အမြော်အမြင် ကြီးကြီးဖြင့် အနာဂတ်အား မတည်ဆောက် နိုင်ပါက မိမိတို့၏ အနာဂတ် မျိုးဆက်သစ် များအား ဂျာဟန္နမ် ငရဲဘုံ အတွင်း ပစ်ချ ထားခဲ့သူများ အဖြစ်သို့ ရောက်ရှိ သွား မည် ဆိုသည်ကို သတိမူ သင့်ပေသည်။ 

မြန်မာ မွတ်စလင် (မြန်မာ နိုင်ငံ အတွင်း နေထိုင်သော မွတ်စလင် အားလုံးအား ဆိုလိုပါသည်)

Comment ရေးရန်

Rohingya Exodus