နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ မိန်းကလေး တစ်ဦးကို ဖမ်းဆီး၍ ရဲများမှ အချုပ်ခန်းတွင်း မုဒိန်းကျင့်လျက်ရှိ

RB News
9.9.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့မှ အသက် ၁၇ နှစ် အရွယ် အပြစ်မဲ့ ရိုဟင်ဂျာ မိန်း ကလေးငယ် တစ်ဦးကို မတရား ဖမ်းဆီး၍ ဘူးသီးတောင် ရဲစခန်း အချုပ်ခန်း၌ ရဲများမှ မုဒိန်းကျင့် လျက် ရှိ ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ(၆)ရက်နေ့ ည ၁၀း၃၀ နာရီတွင် ဘူးသီးတောင် မြို့နယ်၊ ရဲစခန်းမှ နယ် ထိန်း ခေါင်းဆောင် အပါ အ၀င် ရဲအင်အား (၂၀) ကျော်တို့သည် ဘူးသီးတောင် မြို့နယ်၊ ကျောက်လှပြင် ကျေးရွာ အုပ်စုသို့ ၀င်ရောက် စီးနင်း ခဲ့သည်။ ထိုသို့ ၀င်ရောက် စီးနင်း ပြီးနောက် အသက် ၁၇ နှစ် အရွယ် မိန်းကလေး မ ------ နှင့် အမျိုးသား (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့သည်။ 

ဖမ်းဆီး သွားသည့် မိန်းကလေးကို အမျိုးသမီးများ ချုပ်နှောင်သည့် အခန်းတွင် ၀တ်လစ် စားလစ် ထားပြီး၊ ဖမ်းဆီး ထားသည့် အချိန်မှ စ၍ ယခု အချိန်ထိ ရဲများမှ မုဒိန်း ကျင့်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

“ရွာကို ၀င်စီးတာ ကတော့ ဘာအကြောင်းမှ မရှိဘူး။ ဖမ်းမယ်၊ ငွေညှစ်မယ်။ သူတို့ လုပ်နေကျ အလုပ် လုပ်ဖို့ပါ။ ဒီမိန်းကလေးက ရုပ်ရည် လှတယ်။ အဲဒီတော့ အကြောင်းမဲ့ ဖမ်းသွား ပြီးတော့ လူမဆန်တဲ့ တိရစ္ဆာန်လို အပြုအမှု တွေလုပ်ဖို့ ဖမ်းသွား တာပါ။ ဖမ်းသွားပြီး အမျိုးသမီး တွေကို ထားတဲ့ အခန်းမှာ ၀တ်လစ် စားလစ်နဲ့ ထားတယ်။ ပြီးတော့ ရဲတွေ ၀င်ပြီး မုဒိန်းကျင့် နေတယ်။ အခုလို နောက်ထပ် နှစ်ရက်၊ သုံးရက် လောက်လုပ်နေ မယ်ဆိုရင်တော့ ဒီမိန်းကလေး သေသွားဖို့ ရှိတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ယခုကဲ့သို့ ရဲများမှ လူစိတ် မရှိဘဲ တိရစ္ဆာန် ကဲ့သို့ ပြုမှု နေသည်ကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲ မှူး နှင့် ပြည်နယ် ရဲမှူးကြီး တို့မှ သိသော်လည်း မည်သည့် အခါမှ အရေးယူခြင်း မရှိခဲ့ပေ။ 

အသက် ၁၇ နှစ် အရွယ် ရိုဟင်ဂျာ မိန်းကလေး နှင့်အတူ ဖမ်းဆီး ခံရသော ရိုဟင်ဂျာ အမျိုးသား ၃ ဦး အနက် ၂ ဦးထံမှ ငွေကျပ် နှစ်သိန်းစီ ယူ၍ ပြန်လွှတ် ပေးခဲ့သည်။ ဆက်လက်၍ ဖမ်းဆီး ခံထားရသူမှာ ဦးအဘူဆူဖီယံ (ဘ) ဦးဖော်ဇော် ရာမန် ဖြစ်ပြီး၊ ငွေကျပ် နှစ်သိန်းစီ ပေးပြီး ပြန်လည် လွတ်မြောက် လာသူ နှစ်ဦးမှာ --

(၁) ဦးဇမိရ်ဟူစိန်း (ဘ) ဦးမာမတ်ဟူစိန်း
(၂) ဦးမိရ်အဟမတ် (ဘ) ဦးဆုလ်တာန်အဟမတ် - တို့ဖြစ်သည်။ 

(မိန်းကလေး၏ အမည်ကို အရှက် ဂုဏ်သိက္ခာကို ကာကွယ်သော အားဖြင့် ကွက်လပ် ချန်ခဲ့ခြင်း ဖြစ်သည်)


Comment ရေးရန်

Rohingya Exodus