နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ မွတ်စလင် များကို အီးဒ်နေ့ ၀တ်မပြုရန် အာဏာပိုင်များ တားမြစ်

ဇေယျအောင်
RB News
14.10.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် များကို လာမည့် အီးဒ်နေ့ (ဘက္ကရီး အီးဒ်နေ့) တွင် စုပေါင်း ၀တ်ပြုခြင်း မပြုရန်နှင့် အကယ်၍ လူ ၅ ဦးထက် ပို၍ စုသည်ကို တွေ့ပါက ထိရောက်စွာ အရေးယူမည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ယနေ့ အစည်းအဝေး ခေါ်ယူ ၍ ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးသန်းရွှေသည် ၈၅ ကျေးရွာ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိ မြို့ဖ များကို ယနေ့ (အောက်တို ဘာလ ၁၄ ရက်) တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ အစည်း အဝေး ပြုလုပ်ပြီး၊ လာမည့် ဘက္ကရီး အီးဒ်နေ့တွင် ဗလီ ၀တ်ကျောင်းတော် များနှင့် ဘာသာရေး ကျောင်း များတွင် စုပေါင်း ၀တ်ပြုခြင်း မပြုလုပ်ရန်နှင့် အကယ်၍ လူ ၅ ဦးထက် ပို၍ စုသည်ကို တွေ့ပါ က ပြင်း ထန်စွာ အရေးယူ မည်ဟု မှာကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

မောင်တော ခရိုင်တွင် ရှိသော ဗလီ ၀တ်ကျောင်းတော် များကို သော့ခတ် ထား၍ လုံးဝ မဖွင့်ကြရန် မြို့နယ် အုပ်ချုပ် ရေးမှူး များနှင့် ခရိုင်အုပ်ချုပ်ရေးမှူးက ဂေါပကများသို့စာရေးသား၍အကြောင်းကြား ထားကြောင်း သိ ရှိ ရပါသည်။ 

ထုတ်ပြန် ထားသော ပုဒ်မ ၁၄၄ သည် ဒေသခံ မွတ်စလင် များအတွက်သာ သက်ရောက် မှုရှိပြီး၊ ဘုန်း ကြီး ကျောင်း များတွင် လူ ၅၀၀ ကျော် စုဝေး၍ တရားဟော လျှင်လည်း ဥပဒေ အရ လုပ်ပိုင်ခွင့် ရှိကြ သည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်​ ထားပြီး ဘာသာရေး လွတ်လပ်ခွင့်ကို တရားဝင် ပိတ်ပင် ထားခြင်း သာ ဖြစ် သည်။ 

ဘူးသီးတောင် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးသန်းရွှေ သည် ရခိုင် ပြည်နယ်ရှိ မြို့နယ် အုပ်ချုပ် ရေးမှူး များထဲတွင် အဆိုးဆုံး အုပ်ချုပ် ရေးမှူး တစ်ဦး ဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။ ၎င်းသည် ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ လျှို့ဝှက် အမာခံ အမှုဆောင် တစ်ဦး ဖြစ်ပြီး၊ ဒေသခံ များကို ညှဉ်းပန်း နှိပ်စက် ငွေညှစ်၍ သိန်းပေါင်း နှစ်ထောင်ကျော် ချမ်းသာ နေသူ တစ်ဦး ဖြစ် သည်။ ဒေသ ခံ များက ၎င်း၏ လုပ်ရပ် များနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နှင့် လွှတ်တော် ကိုယ်စားလှယ် များကို တိုင်တန်းသော်လည်း ယနေ့ထိ အရေး ယူ ဆောင် ရွက် ပေးခြင်း မရှိဟု ဒေသခံ များက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus