အပုချေ (မာန်အောင်ကျွန်း)
RB News
10.10.2013
အောက်တိုဘာလ (၈) ရက်နေ့က ကျောက်နီမော် ကျေးရွာ အုပ်စု ချောင်ဖျားကြီး ရွာနဲ့ သပြေချောင်း (လွန် ခဲ့ တဲ့ ၂၀၁၂ ခုနှစ်က အသတ်ခံရတဲ့ မသီတာထွေး တို့ရွာ) ကြားမှာ ချောင်းဖျားကြီး ရွာကနေ စာပြ ပြီး ပြန် လာတဲ့ ဆရာမလေး တစ်ယောက်ကို ဗုဒ္ဓဘာသာ ၀င်လူငယ် ၄ ယောက်က ပစ္စည်းလု၊ မုဒိန်းကျင့်ပြီး လူ သတ် ရန် ကြိုးစား ခဲ့ကြတယ်။ ဆရာမလေးရဲ့ အသံကုန် ဟစ်အော် အကူအညီ တောင်းခံမှု ကြောင့် လယ် သမား အချို့က သွားကယ် ခဲ့လို့ ဓါးဒဏ်ရာ များစွာနဲ့ ကျောက်နီမော် တိုက် နယ် ဆေး ရုံကို ရောက်နိုင် ခဲ့တယ်။ ဒါပေမယ့် ကံမကောင်းတဲ့ ဆရာမလေး ကတော့ ဆေးကုသမှု ခံယူ နေစဉ် အတွင်းမှာ သေဆုံး သွားခဲ့တယ်လို့ သိရှိ ရပါတယ်။
ဆရာမလေး ဆေးရုံမှာ သေဆုံး သွားရတာက သွေးရိုး သားရိုး မဖြစ်နိုင်ဘူးလို့ ဒေသခံ ဗုဒ္ဓဘာသာ ၀င် အချို့ကဝေဖန်သုံးသပ်နေကြတယ်။ဆရာမလေးကအခင်း ဖြစ်ပွားစဉ် ရရှိ ခဲ့တဲ့ ဒဏ် ရာကြောင့် သေဆုံး သွားတာလား၊ မိမိရဲ့ အရှက် သိက္ခာကြောင့် ဆေးရုံမှာ ကိုယ့်ကိုကိုယ် အဆုံး စီရင် သွားတာလား၊ ဒါမှ မဟုတ် နှုတ်ပိတ် ခံလိုက် ရတာလားဆိုပြီး အမျိုးမျိုး ဝေဖန် သုံးသပ် နေကြပါတယ်။ တရားခံ ၄ ယောက်ကို စစ်တပ်နဲ့ ရဲတွေက သွားပြီး ဖမ်းခဲ့ ပေမယ့်လည်း ၂ ယောက်ကို ရဲစခန်းက အာမခံနဲ့ လွှတ်ပေး လိုက် တယ်။
ဖြစ်သွားတဲ့ အဖြစ် အပျက်က ၂၀၁၂ ခု မေလ ၂၈ ရက်နေ့မှာ ဖြစ်ပျက် ခဲ့တဲ့ မသီတာထွေးရဲ့ ဖြစ်စဉ်နဲ့ အတော်လေး တူနေပါတယ်။ မသီတာထွေးက မုဒိန်းကျင့် မခံရ ပေမယ့်လည်း ဆရာဝန်ကို မုဒိန်းကျင့် ခံရတယ်လို့ ဆေးလက်မှတ် မှာရေးခိုင်းပြီး လူမျိုးတုန်း သတ်ဖြတ်မှုကို ဖန်တီး ခဲ့တဲ့ RNDP က ညီပု၊ အောင်ဇံဝေနဲ့ မြသောင်း တို့ကတော့ အခု အမှန် တကယ် ဖြစ်သွားတဲ့ မုဒိန်းမှုမှာ နှာစေး နေကြ တယ်။ ရဲစခန်း ကိုလည်း သွားမ၀ိုင်း ကြဘူး။ ဒေါသထွက်တဲ့ လူအုပ် ကြီးလည်း မရှိဘူး။ မသီတာထွေးရဲ့ ဓါတ်ပုံ ကို မြင်သူတိုင်း အမျက် ဒေါသ ထွက်ရ လောက်အောင် ဓါတ်ပုံ ပညာ အစွမ်း ပြခဲ့ တဲ့ မောင် ခိုင် မြင့်အောင်၊ မောင်မောင်ဦး တို့ရဲ့ အမျိုး ဘာသာ ချစ်စိတ်လည်း ပျောက်ခြင်း မလှ ပျောက်နေ ပါတယ်။ ဒီ ထက် အံ့သြစရာ ကောင်းတာ ကတော့ အခု သတင်းကို မပေါက်ကြား ရအောင် ကျောက်နီမော် ရွာက မျက်ကန်း မျိုးချစ် ပုဂ္ဂိုလ် တွေက အထူး ကြိုးစား နေတယ်လို့ သိရှိ ရပါတယ်။
မွတ်စလင် တစ်ယောက်က ဗုဒ္ဓဘာသာ မိန်းကလေး တစ်ယောက်ရဲ့ လက်ကို ကိုင်ပြီး ချစ်ရေးဆို ရင်တောင် မုဒိန်းမှုလို့ ခေါင်းစဉ် တပ်ပြီး ရာနဲ့ချီတဲ့ မွတ်စလင် တွေကို အိုးမဲ့ အိမ်မဲ့ ဖြစ်အောင် အိမ်တွေ မီးရှို့တဲ့ တနိုင်ငံလုံးက ဒေါသကြီးတဲ့ လူအုပ်ကြီးရဲ့ ဒေါသတွေ အရည်ပျော် နေလေရဲ့ …
No comments:
Post a Comment