နောက်ဆုံးသတင်း/ဆောင်းပါးများ

အာရ်ကာန်မြေ၏ ဟစ်ခေါ်သံ (သို့) အဝေးရောက် သားများသို့ (၂)

(ဓါတ်ပုံ - Oddny's Blog)

အာရ်ကာန်မြေ၏ ဟစ်ခေါ်သံ (သို့) အဝေးရောက် သားများသို့ | အပိုင်း (၂)

ရေးသားသူ - ယျာထင် (MYARF)
RB ကဗျာ
1.11.2013

-သားတို့ရေ . . . .
တရားမျှတမှု အလျဉ်းမရှိ
အေးချမ်းအရာ တကယ်နတ္တိ . . . .
ငြင်းမရသော အကြောင်းတွေပြ
အမေ့ရင်ခွင်နှင့် ဝေးရာသို့သွား
အေးချမ်းအရာ၊ သားတို့လိုက်ရှာ
စည်းနှင့်စိမ်နှင့် လူသားလိုဘဝ
ဖြတ်သန်းနေတာ၊ အမေသိလည်း
အမေ့ ရင်ခွင်ထဲ နှိုက်ကာ နှိုက်ကာ
ပေါကြွယ်ဝတဲ့ သယံဇာတ
ဖိုးမဖြတ်နိုင်တဲ့ များစွာရာတနာ
တိုင်းတစ်ခြားက ကျူးကျော်ဝင်လာ
လုယူနေတာ၊ ခိုးယူနေတာ
နှုတ်ယူနေတာ၊ သိမ်းယူနေတာ
ငါအမေဖြင့် ခံဖို့ခဲခက်
ငါအမေဖြင့် အောင့်ဖို့ခဲခက်
ငါအမေဖြင့် မကြည့်ရက် . . . .။
ဒါတွေ အားလုံး . . . . အားလုံး
သားတို့ အမွေပေလေ . . . .။

Comment ရေးရန်

Rohingya Exodus