နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါက်တော ဒုက္ခသည် စခန်းကို စစ်တပ်မှ ဖျက်ဆီး၊ ကလေးတစ်ဦး အသတ်ခံရ

RB News
8.11.2013

ပေါက်တော ။ ။ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ဆင်တက်မော် ကျေးရွာရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းရှိ  တဲများကို စစ်တပ်မှ ၀င်ရောက် ဖျက်ဆီး သည့်အပြင် ကလေးငယ် တစ်ဦးကို သတ်ဖြတ် ခဲ့ပြီး၊ တဲ များ ပျက်စီး သွားသောကြောင့် ဒုက္ခသည် များနေထိုင်ရန် မရှိ ဖြစ်နေသည်ဟု သတင်း ရရှိ ပါသည်။ 

ပေါက်တော မြို့နယ်၊ ငှက်ချောင်းရွာမှ ရိုဟင်ဂျာ ဒုက္ခသည် များသည် ၂၀၁၃ ခုနှစ် မေလတွင် မုန်တိုင်း အန္တရာယ်ကို ရှောင်ရှားရန် ဆင်တက်မှော် ကျေးရွာရှိ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ လာခဲ့သည်။ လွန် ခဲ့သည့် ရက်ပိုင်းက တောင်ပေါ်တွင် ထင်းရှာ နေသည့် ရိုဟင်ဂျာ တစ်ဦး အသတ်ခဲ့ ရပြီး၊ လုံခြုံရေး တပ် ဖွဲ့ဝင် များ၏ အကြမ်းဖက် မှုကြောင့် တစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့သည့် အပြင်၊ ဒဏ်ရာ ရသူများထဲမှ တစ်ဦး ထပ်မံ သေဆုံး ခဲ့သည်။ 

ရခိုင် အစွန်းရောက် များက ပေါက်တော မြို့နယ်ရှိ ဒုက္ခသည် များကို ကူညီ ပေးနေသော နိုင်ငံတကာ အန်ဂျီအို များကို ထွက်သွားရန် ဆန္ဒပြပြီး နောက်ပိုင်းတွင် အာဏာပိုင် များက ဆင်တက်မှော်ရှိ ငှက်ချောင်း မှ ဒုက္ခသည် များကို ငှက်ချောင်းသို့  အတင်း အဓမ္မ ပြောင်းရွှေ့ရန်  ခြိမ်းခြောက် ပြောဆို ခဲ့သည်။ 

ဒုက္ခသည်များကငှက်ချောင်းသို့ပြောင်းရွှေ့ပါကအကြမ်းဖက်ခံရမည်ကိုစိုးရိမ်၍မပြောင်းရွှေ့နို င်ကြောင်းပြော ဆို ခဲ့ရာ၊ ယနေ့ နံနက် ၈ နာရီတွင် စစ်တပ်မှ လာရောက်၍ ဒုက္ခသည်များ နေထိုင်သည့် တဲများကို ဖျက်ဆီး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ထိုသို့ တဲများကို ဖျက်ဆီး နေစဉ် အတွင်း နှစ်နှစ် အရွယ် ကလေးငယ် တစ်ဦးကို စစ်သားများမှ သတ်ပစ် ခဲ့ကြောင်း သိရှိ ရသည်။ အသတ်ခံ ရသည့် ကလေးငယ်မှာ မအနိုဝါရ် ဘေဂမ် (ဘ) ဦးဟာလူ ဖြစ်သည်။ ကလေးငယ်ကို သတ်ပစ်ပြီးနောက် စစ်သားများမှ မိခင်အား ကလေးငယ် သေဆုံးခြင်းမှာ စစ်သားများနှင့် မပတ်သက်ကြောင်း အတင်း အဓမ္မ လက်မှတ် ရေးထိုး၍ ခံဝန်ချက် တောင်းခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus