နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို လက်ဝဲမှ ဒုရဲမှူးသန်းထွန်း၏ ငွေညှစ် နှိပ်စက်မှု များကြောင့် ဒေသခံများ ဒုက္ခရောက်

RB News
21.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၄) နယ်မြေ ဒု-တာဝန်ခံ ဒုရဲမှူး သန်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင် များသည် နေ့စဉ် အမျှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး ချုပ်နှောင် ရိုက်နှက် နှိပ်စက်ခြင်း၊ ငွေညှစ် ခြင်းများ ပြုလုပ်လျက် ရှိသောကြောင့် ဒေသခံများ ဒုက္ခရောက် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

နိုဝင်ဘာလ (၁၉) ရက်နေ့ ည ၉ နာရီ အချိန်တွင် လိပ်ရ ကျေးရွာ အုပ်စုမှ (၁) ဦးအီဒီရိစ် (ဘ) ဦးနော်ဘီ အုလ္လာ၊ (၂) ဦးနူရ်ဟာရှီးမ် (ဘ) ဦးအဒူ ဇော်ဘောရ်၊ (၃) ဦးနူရ် အစ္စလာမ် (ဘ) ဦးဟာမီ ဒုလ္လာနှင့် (၄) ဦးဇော်ရှိမ် (ဘ) ဦးအဘူ အုစ္စမန် တို့ကို ဒုရဲမှူး သန်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင် များက ၎င်းတို့၏ တပည့် ဖြစ်သူ ပွဲ စားမောင်မောင် နှင့်အတူ နေအိမ် များအသီးသီးမှ သွားရောက် ဖမ်းဆီး ခဲ့သည်။ ဖမ်းဆီး ခံရသူ ၄ ဦးမှာ အပြစ်မဲ့ များဖြစ်ပြီး၊ ၎င်းတို့ကို အမှတ် (၄) နယ်မြေ အချုပ်ခန်းတွင် ချုပ်နှောင် ထားခဲ့ပြီး ရိုက်နှက် နှိပ် စက် မှုများ ပြုလုပ် ခဲ့ကြောင်း သိရှိ ရပါသည်။ ၎င်းတို့ကို ညအချိန် မတော် အပြင်တွင် တွေ့၍ ဖမ်းဆီး ခံရသည် ဟု ခံဝန်ချက် လက်မှတ် ရေးထိုး ခိုင်းပြီး နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ငွေကျပ် နှစ်သိန်း ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

နိုဝင်ဘာလ (၂၀) ရက်နေ့ည ၁၀ နာရီကျော်အချိန်တွင်ဒုရဲမှူးသန်းထွန်းနှင့်အဖွဲ့သည် ပွဲစားမောင်မောင် နှင့် အတူ လိပ်ရ ကျေးရွာ အုပ်စု မြောက်ရွာရှိ ဒေါ်ဖာတေမာ ခါတူ သို့သွားရောက် ၍ ဒေါ်ဖာတေမာ ခါတူ၏ သားမက် ဖြစ်သူ ဦးအဘူဘော်ရှော်ရ် (ဘ) ဦးအဒူရှကူရ်နှင့် မြို့မိချောင်း ကျေး ရွာမှ ဦးဆီရာဇ် တို့ကို ဖမ်း ဆီး ခေါ်ဆောင် သွားပြီး နယ်မြေ အချုပ်ခန်းတွင် ချုပ်နှောင်၍ ရိုက်နှက် နှိပ်စက် ခဲ့ပြီးနောက် လူကုန်ကူးမှု တွင်ပါဝင် နေသည်ဟု မဟုတ် မမှန် စွပ်စွဲပြီး ငွေကျပ် ၉ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရသည်။ ဦးဆီရာဇ်သည် မြို့မိချောင်း ရွာမှ ဖြစ်ပြီး ဆွေမျိုး ဖြစ်သူ ဒေါ်ဖာတေမာ ခါတူ၏ အိမ်သို့ လာရောက် လည် ပတ် နေခြင်း ဖြစ်ပြီး၊ ၎င်း၏ မှတ်ပုံတင် ကဒ်၊ ခရီးသွားခွင့် လက်မှတ်နှင့် ဥပဒေနှင့် အညီ ဧည့်စာရင်း တိုင်ထားသည့် ကိုပြသော်လည်း ဒုရဲမှူး သန်းထွန်း၏ ငွေညှစ်ရန် စွပ်စွဲချက်ကို မရှောင် ကွင်း နိုင်ဘဲ အသက် ချမ်းသာရာ ရရေး အတွက် တောင်းသည့် ငွေကို ပေးခဲ့ ရသည်။ 

နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် ဒုရဲမှူး သန်းထွန်းနှင့် အဖွဲ့သည်၊ လိပ်ရ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ အကူစာရေး၊ ပွဲစားမောင်မောင် တို့နှင့် အတူ လိပ်ရ ကျေးရွာမှ (၁) ဦးနူရ်ဟာရှီးမ် (ဘ) ဦးအဒူ ဇော်ဘော်ရ်၊ (၂) ဦးအဘုလ် အုစ္စမန် (ဘ) ဦးဟာမီဒုလ် လောက်၊ (၃) ဦးအာဘူလ္လာ (ဘ) ဦးခါ လာရှုနာ၊ (၄) ဦးနူရ်အာလမ် (ဘ) ဦးအော်လီအာမတ်၊ (၅) ဦးမလေရူ (ဘ) ဦးမော်ယိုဇာမာ၊ (၆) ဦးနူရ် ဟာရှီးမ် (ဘ) ဦးအာမီရ် ဟမ်းဇာနှင့် (၇) ဦးအုစ္စမန် (ဘ) ဦးအဘူဆူလေမန် တို့အပါအ၀င် ၁၅ ဦးတို့ကို ဖမ်းဆီး၍ ၎င်းတို့၏ အိမ်ထောင်စု စာရင်းများ ကိုလည်း သိမ်းယူ ခဲ့သည်။ ထို့နောက် ၎င်းတို့ အား နေ အိမ်များကို ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသည်၊ နစက၏ ပုံများတွင် ၎င်းတို့၏ အိမ်များမပါ ဟု စွပ်စွဲ ပြောဆိုပြီး၊ တစ်ဦး ထံမှ ငွေကျပ် ၅ သောင်းစီ ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရပါ သည်။ 

ဒုရဲမှူး သန်းထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် များသည် ၎င်းတို့၏ တပည့် ဖြစ်သူ ပွဲစား မောင်မောင်နှင့် အတူ အပြစ်မဲ့ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ မဟုတ်မမှန်စွပ်စွဲပြီး ရိုက်နှက် နှိပ်စက်၍ နေ့စဉ်နှင့် အမျှ ငွေညှစ် နေခြင်းကြောင့် ဒေသခံများ အလွန် ဒုက္ခရောက် လျက်ရှိကြောင်း ဒေသခံ များမှ ပြောပါ သည်။


Comment ရေးရန်

Rohingya Exodus