နောက်ဆုံးသတင်း/ဆောင်းပါးများ

အားငယ်နေဘို့ မလိုဘူး-

ဌေးလွင်ဦး
RB News
16.12.2013

မြန်မာ ပြည်ထဲမှာ အစ္စလာမ် သာသနာ ၀င်တွေကို နည်းမျိုးစုံနဲ့ ခွဲခြားနည်း ဗျူဟာ များကို သုံးလာ မယ်လို့ ကျွန်တော် မလေးရှား၊ စင်္ကပူနဲ့ ထိုင်းမှာ လူ ထု ရှေ့မှောက် တတ်နိုင် သမျှ အသေးစိတ် ရှင်းပြ ခဲ့ပါတယ်။ သတ်ချင် သလို သတ်ဖြတ် နေမှုကို ဆက်လက် မကျူးလွန် နိုင်တော့တဲ့ အခါ- စိတ်ဓါတ် သတ် နည်း ဗျူဟာ တွေကို သုံးလာ မယ်ဆိုတာ ကြိုသိ နေခဲ့လို့ ကြိုတင် ရှင်းပြ ခဲ့ခြင်းပါ။

လူမျိုးတုံး သုတ်သင်တဲ့ ရာဇ၀တ် ကောင်တိုင်းက သူတို့ကို စတင် အရေး ယူတဲ့ အခါ နောက်နည်းလမ်း တစ်ခုနဲ့ ဗျူဟာ ပြောင်းလေ့ ရှိတဲ့ အစဉ် အလာ အတိုင်း အဲ့ဒါ တွေက (၁) အစုလိုက် အပြုံလိုက် သတ် ဖြတ် ခြင်းကို သူတို့က မကျူးလွန် ဟန်ဆောင်ပြီး ပြည်ဖုံးကား ချတဲ့ အနေနဲ့ နံပါတ် (၂) အဆင့် ဖြစ်တဲ့ သူ့ အလိုလို စိတ်ဓါတ်ကျ ကြောက်လန့် ထွက်ပြေး သွားအောင် ကြံဆောင်တဲ့ နည်းကို သုံးပါတယ်။ ဒီအ ဆင့် ကို သုံးရခြင်း ရည်ရွယ် ချက်များ က (က) ရှေးက လူအစုလိုက် အပြုံလိုက် သတ်ခဲ့ ခြင်းမှာ သူတို့ ကိုယ် တိုင် ပါဝင် ခဲ့ဘူး- အခင်း ဖြစ်ပွားတဲ့ သတ်ဖြတ် သူနဲ့ အသတ်ခံ ရသူ များဟာ သူတို့ သဘာဝ အလျှောက် စိတ်ဓါတ် မတူညီမှုနဲ့ ရန်လို နေမှု များကြောင့် အုပ်စုလိုက် ထိန်းမနိုင် သိမ်းမရအောင် ၀ရုန်းသုန်း ကား ကြီး ဖြစ်သွားပြီး- သေတဲ့လူက သေသွား၊ ပြေးတဲ့လူက ပြေးသွား ကြခြင်း ဖြစ်တယ်- ဆိုတဲ့ အကြောင်း ပြ ချက် နဲ့ ခုံရုံး ပေါ်ကို မရောက်မှီ သို့မဟုတ် မရောက် ရအောင် ကာကွယ် ဘို့ရာ ဖြစ်သလို-၊ (ခ) သူတို့က လူ မျိုး တုံး မျိုးဖြုတ် ချင်သူ တွေကို ရုပ်ပိုင်း ဆိုင်ရာ မျိုးဖြုတ်ဘို့ မဖြစ် နိုင်တော့တဲ့ အဆုံး စိတ်ပိုင်း ဆိုင်ရာ မလုံ ခြုံမှုနဲ့ ထွက်ပြေး သွားအောင် ကြံဆောင်ခြင်း ဖြစ်ပါတယ်။

ဒါတွေ အားလုံးကို နောက်ကွယ်က မြှောက်ပေးလိုက်၊ အမုန်း တရား ဖြန့်ချီသူ များကို ရှိခိုး ပူဇော် ပသ ထားလိုက်၊ လူသတ်ကောင် များကို ဘေးမဲ့ ပေးထားပြီး- အသတ် ခံရသူ များကိုသာ မင်းတို့က အသတ်ခံ ရတာကို ဘာကြောင့် လည်းစင်း မပေးရ သလဲ ဆိုတဲ့ ပုံစံမျိုးနဲ့ မတရား ဆက်လက် ညှင်းဆဲ ဘို့ရာ ဖမ်းဆီး ချုပ်နှောင် ထားလိုက် လုပ်နေ တာ- လက်ရှိ အစိုးရပဲ ဖြစ်ကြောင်း ကမ္ဘာက သိသွား ခဲ့ပါပြီ။

လက်ရှိ အစိုးရနဲ့ သူတို့ရဲ့ လက်ပါးစေ ရာဇ၀တ်ကောင် တွေဟာ မွတ်ဆလင် မျိုးတုံး သတ်ဖြတ်ရေး အတွက် စနစ် တကျ ငွေကြေး အင်အား၊ အာဏာ အင်အား အမြောက် အများနဲ့ ကြံစည် ခဲ့ပါတယ်။ တစ်ဘက်မှာ ပြုပြင် ပြောင်းလဲ ရေးဆိုတဲ့ မင်းသား မျက်နှာ ဖုံးထားပြီး- အခြား တစ်ဘက် မှာလည်း နိုင်ငံ တစ်ကာက ကြေးစား lobbyists တွေကို ဒေါ်လာ သန်းပေါင်း များစွာ ရင်း ငှားထား ခဲ့ပါတယ်။ ရိုဟင်ဂျာ သမိုင်းကို ဖျောက်စဉ် ကလည်း ပြင်သစ် သမိုင်း ပညာရှင် ဆိုတဲ့ ဂျက်လိုက်ဒါ လို လူမျိုးကိုပါ ဒေါ်လာတွေ ပုံပေးပြီး နိုင်ငံတစ်ကာပတ် ရိုဟင်ဂျာ မရှိဘူးလို့ ပြောစေခဲ့ ပါတယ်။ UN မှာ US မှာ သူတို့ ဘက်က လိုက်ပေးမယ့် lobbyist တွေ ရှေ့နေ တွေကို ငှားထားပြီး မြန်မာ ပြည်ထဲမှာ မွတ်ဆလင်ကို မျိုးဖြုတ် ရမယ် ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ အကုန် ရင်းမယ်လို့ စနစ် တကျ ပြင် ဆင်ခဲ့ ပါတယ်။ ပြီးတော့ ကျွန်တော် တို့ မြန်မာ ပြည်သား မွတ်ဆလင် တွေကို လမ်းဘေးက ကွမ်းယာ ရောင်းတဲ့ အဆင့် အထင်သေး အမြင်သေးနဲ့ လျှော့တွက် ခဲ့ပါတယ်။

တစ်ကယ်တော့ သူတို့ကသာ ပညာမဲ့ တွေပါ။ သူတို့ကို တန်ပြန်ဘို့- သမိုင်း ဖျောက်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တယ် ဆိုတဲ့ တစ်ကွက်ပဲ သုံးလိုက် ရတယ်-၊ ရာဇ၀တ် ကောင်တွေ ဖင်ထိုင် ပစ်လဲ သွားခဲ့တယ်။ သူတို့ရဲ့ ကြေးစား ဂျက်လိုက်ဒါတို့ ဒိန်းမတ်က စတီဗင်တို့ ဘင်္ဂလီ အေးချမ်းတို့ ဖင်ထိုင်ပစ် လဲသလို-၊ သူတို့ဘက်က လိုက်ပေးတဲ့ lobbyist တွေ ဖင်ထိုင် ပစ်လဲ ကုန်ပါပြီ။ သူတို့ ဘက်က လိုက်ပေး ခဲ့တဲ့ နိုင်ငံခြား သတင်း ဌာနတွေ လည်း ဘက်ပြောင်း ကုန်ပါပြီ။ ပြည်တွင်းက မထူးဇတ်ခင်း နေတဲ့ တာတေ စနေသား တစ်အုပ်ပဲ ကျန်ပါတော့ တယ်။ သူတို့ ကတော့ လူမျိုးတုံး သတ်ဖြတ်ခြင်း အားပေး လှုံ့ဆော်မှု အမှုတွဲတွေ ဆိုတော့ ခဏ လွှတ်ထား လိုက်ပါ။ အခု အချိန်မှာ သူတို့ ဆီကို အမှု မရောက်အောင် ကာရံ ထားတဲ့ သူတို့ရဲ့ အမာခံ ရှေ့တန်း တံတိုင်းကြီး တွေကို ဖြိုလှဲ ပစ်နိုင်ပြီ ဆိုတော့--၊ မကြာတော့တဲ့ ကာလ တစ်ခုမှာ သူတို့ မိန်းမတွေ မုဆိုးမ ဖြစ်သွား တော့မှာ သေချာ နေပါပြီ။ ကမ္ဘာ့ အဆိုးဝါးဆုံး ရာဇ၀တ် မှုကို ကျူးလွန် ခဲ့သူတွေ အတွက် လွတ်ငြိမ်း ချမ်းသာခွင့် မရှိပါ။

လက်ရှိ အစိုးရဟာ- ကိုယ့်ဂိုး ကိုယ်သွင်းပြီး--၊ ဂိုး ပြီဟေ့လို့ ထ အော်နေတဲ့ အရူး တစ်သိုက်လို ဖြစ်နေ ပါတယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခြင်းကို ထပ်မံ ကျူးလွန် ခဲ့ရင် သူတို့ အတွက် အသင့်ပြင် ထား တဲ့ ဘေးဆိုးကြီးက သူတို့ဆီကို အရှိန် အဟုန်နဲ့ ပြေးဝင်ဆောင့် သွားပါမယ်။ ဒါဟာ ကျွန်တော် တို့ဘက်က ကျူးလွန်တဲ့ ပြစ်မှု မဟုတ် ပါ။ ဒါပေမယ့် သူတို့ရဲ့ အစ္စလာမ် သာသနာ အပေါ် မနာလို ၀န်တို ကြီးကျယ်တဲ့ အမုန်း တရားက သူတို့ရဲ့ မျိုးတုံး သတ်ဖြတ်ခြင်း မအောင်မြင် လိုက်တဲ့ အပေါ် သူတို့ ကိုယ်သူတို့ ယူကြုံး မရ ဒေါသ ဖြစ်ပြီး- မထိန်း နိုင်တဲ့ ဒေါသနဲ့ ရာဇ၀တ် ကောင်တွေကို ဘေးမဲ့ပေး- ဆက်လက် မိုက်ကြေး ခွဲနေတဲ့ သူတွေသာ ဖြစ်နေ ပါတယ်။

ဒီအတွက် မြန်မာ မွတ်ဆလင်တွေ လုံးဝ အားငယ် ကြောက်ရွံ့ဘို့ မလိုပါ။ ကျွန်တော် တို့မှာ လက်တံတွေ အများ ကြီး ရှိနေပါပြီ။ ရာဇ၀တ် ကောင်တွေကို စပါးကြီး မြွေညှစ် သလို ညှစ်ဘို့လည်း ပြင်ဆင်ထား ပါ တယ်။ ခုံရုံးပေါ် ရောက်မယ့် Process ကို ဆောင်ရွက် နေစဉ်မှာ သူတို့ ဘက်က တစ်ကွက် မှားရင် ကိုယ့် ဘက်က တစ်ခါ ညှစ်ဘို့ ပြင်ဆင်ထား ပါတယ်။

အစ္စလာမ် သာသနာ ၀င်တွေကို မိစ္ဆာနဲ့နှိုင်း၊ တိရိစ္ဆာန် နဲ့နှိုင်း မိုက်ရိုင်း ချင်သလို မိုက်ရိုင်း နေတာ ထိန်း မနိုင်လို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ ဘေးမဲ့ ပေးထားပြီး- တရုတ် အလံ (အသက်မဲ့) တစ်ခုကို မီးရှို့တဲ့ အ မှုကြတော့ ရေးကြီး ကွင်းကျယ် အပြစ်ကြီး ချဲ့ကား နေတာ ကိုလည်း ကျွန်တော်တို့ သိနေ ပါတယ်။ ကျွန်တော် တို့ဘက်က အစ္စလာမ် သာသနာဝင် များကိုသာမက အပြစ်မဲ့ ပြည်သူတစ်ရပ် လုံးကို ငဲ့ ညှာ နေ ရတဲ့ ဘီလူး မသားလု ဇတ်လို- ဖြစ်နေ တယ် ဆိုတဲ့ အခွင့် ကောင်းကို ရာဇ၀တ် ကောင်တွေ ဘက် က အ ကုန်ယူ အသုံးချ နေခြင်း ဖြစ်ပါတယ်။

အခုတလော ဆီးဂိမ်း ပြီးရင် မွတ်ဆလင် တွေကို ပွဲကြီး နွှဲမယ်လို့ ကြိမ်းဝါး နေသူတွေ-၊ မွတ်ဆလင် တွေနဲ့ စီးပွား မပတ်သက်ရ၊ လူမှုရေး မပတ်သက် ရလို့ လှုံ့ဆော် နေသူ တွေကို အစိုးရ ဘက်က အရေး မယူဘူး ဆိုကတည်းက ဒီကိစ္စမှာ အစိုးရ ကိုယ်တိုင်က မွတ်ဆလင် အားလုံးကို ပေါ်ပေါ် တင်တင် အပြစ် ကျူးလွန် နေကြောင်း သက်သေ ဖြစ်နေ ပါတယ်။ ပွဲက ကျွန်တော် တို့ဘက်က မစပါ။ သို့သော်- ကျွန်တော် တို့ မြန် မာ မွတ်ဆလင်တွေ ခံစားရမှု နဲ့ တူညီတဲ့ ခံစားချက်ကို သူတို့လည်း ပြန်ခံရစေ ပါမယ်။ ဒါကို ဘာနဲ့ မှ တားလို့ ရတော့မှာ မဟုတ်ပါ။ ကျွန်တော်တို့ ဘက်က အားလုံးကို တရား ဥပဒေ အတိုင်းပဲ ဖြစ်စေ ချင်ပါ တယ်။ သို့သော် တရားခံကို ရိုက်ဖမ်း ရတာ မျိုးလည်း ရှိလာ ရင်တော့--၊ မတတ် နိုင်ဘူး လို့ပဲ ပြောပါ ရစေ။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus