နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော၊ သက်ကိုင်ညှာ ကျေးရွာတွင် လုံထိန်းရဲများ ဓါးပြတိုက်

RB News
27.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြောက်ပိုင်း အမှတ် (၂) နယ်မြေ အပိုင်၊ သက်ကိုင် ညှာ ကျေးရွာ အုပ်စုနေ ဦးအလီ အဟမတ် (ဘ) ဦးယာကုပ် ၏နေအိမ်သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၉ နာရီ အချိန်တွင် အမှတ် (၄) နယ်မြေ အပိုင် နတ်ချောင်း (ပဒေကာ ဒေ၀ါ နာလီ) ကျေးရွာ အုပ်စု ဂါရာပြင် (ဂါရာ ထော်ဘိလ်) လုံထိန်းရဲ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးတို့ ၀င်ရောက်၍ ဓါးပြတိုက် လုယက်ရန်နှင့် မုဒိန်းကျင့်ရန် ကြိုးစား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

အဆိုပါ ရဲတပ်ဖွဲ့ ၄ ဦးတို့သည် ဦးအလီ အဟမတ်၏ နေအိမ်သို့ ၀င်ရောက်ပြီး ဦးအလီ အဟမတ်၏ မိသား စု ၀င်များကို ကြိုြး ဖင့် ချည်နှောင်ရန် ကြိုးစား နေချိန်နှင့် ဦး အလီ အဟမတ်၏ ဇနီး ဖြစ်သူကို မုဒိန်း ကျင့်ရန် ကြိုးစားနေချိန်တွင် မိသားစုဝင်များနှင့် ဇနီးတို့ ကအော်ဟစ်၍ အကူ အညီတောင်း ခံ၏ မှုကြောင့်ရွာသူ ရွာသားများ ၀ိုင်းလာသဖြင့် ရဲတပ်ဖွဲ့ဝင်များ ကမိုးပေါ်သို့သေနတ်ဖောက်၍ ထွက်ပြေးသွား ခဲ့ကြောင်း ဒေ သ ခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ရွာသူ ရွာသား များက ဓါးပြများ ၀င်ရောက်၍ ဓါးပြတိုက်ခြင်း ဟုသာ ယူဆ ခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင် များထံမှ ကျ ကျန်ခဲ့သော ကျည်ဆံ ၃ တောင့်ကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရှိ ရပါသည်။ 

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဒေသ ဆိုင်ရာ အာဏာပိုင် များလာရောက်၍ ကွင်းဆင်း စစ်ဆေး ရာ တွင် အဆိုပါ ရဲတပ်ဖွဲ့ဝင် များက ပြစ်မှု ကျူးလွန် ခဲ့ခြင်းမှာ မှန်ကန် သည်ဟု စစ်ဆေး တွေ့ရှိ ခဲ့သည်။

လွန်ခဲ့သည့် ၃ လ ခန့်က အဆိုပါ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ထိုကဲ့သို့ ဓါးပြတိုက်ခြင်း ပြုလုပ် ခဲ့ခြင်းကြောင့် ကင်းစခန်းကို ရုပ်သိမ်း ခဲ့ပြီး ယခု တဖန် ပြန်လည်၍ ကင်းစခန်း ထားရှိပြီးနောက် ရက်ပိုင်း အတွက် ဓါးပြတိုက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus