နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွှေဇားတံတား ပေါ်တွင် လ၀က များထိုင်၍ အကြောင်းမျိုးစုံဖြင့် ငွေညှစ်လျက်ရှိ

RB News
29.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ရွှေဇား ကပ္ပကောင်း ကျေးရွာ၊ ရွှေဇား ကျေးရွာ အုပ်စုရှိ မောင်တောမြို့ အ၀င် ရွှေဇား တံတား အ၀တွင် မောင်တော မြို့နယ် လ၀ကမှ စစ်ဆေးရေး ဂိတ်ထားရှိပြီး၊ မောင်တော မြောက်ပိုင်း မှ/သို့ ကားများဖြင့် ခရီးသွားလာ နေသော ရိုဟင်ဂျာ ခရီးသည် များကို အကြောင်း အမျိုးမျိုး ပြ၍ ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ် လ၀ကမှ ၀န်ထမ်း နှစ်ဦးသည် နေ့စဉ် နံနက်တိုင်းတွင် ရွှေဇား တံတားသို့ သွားရောက်ပြီး၊ မောင်တော မြောက်ပိုင်း နယ်မြေ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့မှ ကားဖြင့် သွားလာသော ရိုဟင်ဂျာ ခရီးသည် များကို ကားပေါ်မှ ဆင်းခိုင်း၍ တစ်ဦးချင်းစီ လမ်းလျှောက် လာစေ၍ လ၀က ၀န်ထမ်း တစ်ဦးက မှတ်ပုံတင် စစ်ဆေးပြီး၊ မှတ်ပုံတင် အဟောင်းနှင့် ဗမာ စကား မပြော တတ်သည့် ရိုဟင်ဂျာ ဆိုလျှင် စစ်ဆေးရေး ဂိတ်နှင့် ကပ်လျက် ရှိသည့် အခန်း တစ်ခန်းသို့ ပို့၍၊ အခန်းရှိ လ၀ကမှ ဓါတ်ပုံ မမှန်ကန် ဤနိုင်ငံသား မဟုတ်ဟု အကြောင်း အမျိုးမျိုးပြ စွပ်စွဲချက် မျိုးစုံတင်၍ ငွေကျပ် ၅၀၀ မှ ၅၀၀၀ ထိ ညှစ်ယူ လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တက္ကစီ ကားဖြင့် ရောက်လာသူ ဦးလာကျေးရွာမှ ဦးအဘူ ကလာမ် (ဘ) ဦးအရှတ် အလီနှင့် အခြား ကားများဖြင့် နယ်မြေ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့မှ လာသူ ခရီးသည် ပေါင်း ၂၅၀ ကျော်တို့ထံမှ ငွေကျပ် ၅၀၀ မှ ၅၀၀၀ ထိ ညှစ်ယူ ခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus