နောက်ဆုံးသတင်း/ဆောင်းပါးများ

လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုတပ်ကြပ်က အပြစ်မဲ့ တစ်ဦးကို ဖမ်းဆီး ငွေညှစ်

RB News
1.12.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့ ဒုတပ်ကြပ် တင်ထွန်း သည် အလယ်သံကျော်ကျေးရွာအုပ်စု ၊မောင်တိုလာရွာမှ အပြစ်မဲ့ဒေသခံ တစ်ဦးကိုဖမ်းဆီး၍ ရိုက်နှက် နှိပ် စက် ပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တိုလာရွာမှ ဦးခါလစ် (ဘ) ဦးနူရ်အဟမတ် (အသက် ၂၅ နှစ်) သည် နိုဝင်ဘာလ (၂၈) ရက်နေ့ ည ၈း၃၀ နာရီတွင် လဘက်ရည် ဆိုင်၌ လဘက် ရည် သောက်နေစဉ် မောင်တောမြို့နယ် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ဒုတပ်ကြပ် တင်ထွန်း က လာရောက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးခါလစ်ကို ဒုတပ်ကြပ် တင်ထွန်းက ၎င်း၏ ရုံးခန်း သို့ ခေါ်ဆောင် သွားပြီး၊ ရုံးခန်း ရောက်သည်နှင့် ရိုက်နှက် နှိပ်စက်မှု များစတင် ခဲ့ကြောင်း ဒေသခံ တစ်ဦး က RB News သို့ ပြောပါသည်။ 

ထို့နောက် ဒုတပ်ကြပ် တင်ထွန်းက ဦးခါလစ်ကို အကယ်၍ ၎င်းတောင်းသည့် ငွေကို မပေးပါက လူကုန်ကူး မှုဖြင့် တရားစွဲဆို၍ ထောင်ချ မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုရာ၊ နောက်ဆုံးတွင် ငွေကျပ် ၂ သိန်း ၅ သောင်း ပေး၍ လွတ်မြောက် လာခဲ့ကြောင်း သိရှိ ရပါသည်။ 

ဒုတပ်ကြပ် တင်ထွန်းသည် ဖမ်းဆီး ခံရသူမှာ အပြစ်မဲ့ တစ်ဦး ဖြစ်သည်ကို သိရှိသော်လည်း ဦးခါလစ်၏ မိဘများမှာ ငွေကြေး တတ်နိုင်သူ မှန်းသိသဖြင့် ငွေညှစ်ရန် သက်သက်သာ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဒုတပ်ကြပ် တင်ထွန်းသည် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဖြစ်သော်လည်း လူကုန်ကူးမှု လုပ်ငန်းတွင် အကြီး အကျယ် ပါဝင် ပတ်သက် နေသူ တစ်ဦး ဖြစ်သည်။ ၎င်း၏ လူကုန်ကူးမှု လုပ်ငန်း အတွက် အလယ် သံကျော်ရှိ မော်လ၀ီ ကရီးမ်နှင့် ဦးဟာရှင် တို့ကို ကိုယ်စားလှယ် လွှဲထားပြီး၊ ၎င်းကိုယ်တိုင် ထိုသူ များနှင့် အချိန်ပြည့် ရှိနေသည်ဟု ဒေသခံ များက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus