နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် ၀န်ကြီးချုပ်နှင့် တွေ့ဆုံသည့် ဒေသခံ ၄၀ ဦး ခြိမ်းခြောက်ခံရ

RB News
22.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ၀န်ကြီး ဦးစံရွှေမောင်နှင့် ဦးကျော် သိန်း၊ ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေးနှင့် သတင်း ထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်၊ ရခိုင် ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် UNOCHA အဖွဲ့၏ ပြည်နယ် တာဝန်ခံ၊ ရခိုင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါက်တာ ဘော်ရှိရ် အာမတ်နှင့် ဦးအောင်မျိုးမင်း၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့ရုံး (ကျီးကန်းပြင်) မှ ရဲမှူးချုပ် တင်ကိုကို၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ မောင်တော မြို့နယ် UNHCR မှ တာဝန်ခံ၊ ဘူးသီးတောင် မြို့နယ်မှ ရပ်ဖိရပ်ဖ ဦးရော် ဖိတ် တို့သည် ယနေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ်၊ ဂေါ်ဒူသာရ ရွာရှိ မူလတန်း လွန်ကျောင်းသို့ သွားရောက်၍ ဂေါ်ဒူသာရမှ ရွာသူ/ ရွာသား ၄၀ ဦးကို ခေါ်ယူ၍ တွေ့ဆုံ မေးမြန်း ခဲ့ကြောင်း သတင်း ရရှိ ပါသည်။

တွေ့ဆုံပွဲသို့ တက်ရောက် လာသော ဂေါ်ဒူသာရမှ ရွာသူ/ ရွာသား ၄၀ ဦးကို မေးမြန်းသည့် မေးခွန်းများနှင့် ရွာသူ/ ရွာသား များမှ ဖြေကြားသည့် အဖြေများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ 

မေး ။ ။ ဒုချီ ရာတန်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူက လူ (၈) ဦးကို သတ်ဖြတ်မှုနဲ့ ဆက်နွယ် ပြီး ပြဿနာ ဖြစ်တာလား။

ဖြေ ။ ။ ဦးအောင်ဇံဖြူမှ လူ (၈) ဦးကို သတ်ဖြတ် ခဲ့သည်မှာ ဟုတ်မှန်သည်။ ထို့ကြောင့် ပြဿ နာ ဖြစ်ရ ပါသည်ဟု ယူဆသည်။ 

မေး ။ ။ ဦးအောင်ဇံဖြူက လူ (၈) ဦးကို သတ်ဖြတ် လိုက်တာ မြင်သလား။

ဖြေ ။ ။ ဦးအောင်ဇံဖြူ တို့ရဲ့ ခရေမြိုင် နတလ ရခိုင်ရွာကို ကျွန်တော်တို့ ၀င်လို့ မရပါ။ မြင်တဲ့လူ ရှိပါမည်။ ကျွန်တော်တို့ ကြားသိ ရပါသည်။ 

မေး ။ ။ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ရခိုင် များက ခင်ဗျားတို့ ဒုချီရာတန်း ရွာသူ/ ရွာသား များကို သေနတ် ဖြင့် ပစ်ခတ်ခြင်း၊ ပိုင်ဆိုင်မှု များကို လုယူခြင်း၊ ယောက်ျား၊ မိန်းမများ အပါ အ၀င် ကလေး များကို သတ်ဖြတ် ခြင်းများ ဟုတ်ပါသလား။

ဖြေ ။ ။ လုံခြုံရေး တပ်ဖွဲ့ဝင် များနဲ့ ရခိုင် များက ကျွန်တော်တို့ ပိုင်ဆိုင်သော ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဆန်၊ စပါးနဲ့ စသည့် များကို လုယက် ယူသွားတဲ့ အပြင် အိမ်တံခါး များကိုပါ လုယူ သွားခဲ့တယ်။ ကျွန်တော်တို့ ရွာသူ/ ရွာသား များနဲ့ ကလေးငယ် များကို လုံခြုံရေး တပ်ဖွဲ့ဝင် များက ပစ်ခတ်တာ၊ ရခိုင် များက တုတ်၊ ဓားတွေနဲ့ ခုတ်သတ် တာတွေက ဟုတ်မှန် ပါတယ်။ အခင်း ဖြစ်တဲ့နေ့ ည ၁၂ နာရီမှာ တစ်ကြိမ်၊ နံနက် (၄) နာရီမှာ တစ်ကြိမ် မိုးရွာသွန်း သကဲ့သို့ သေနတ်ပစ် ခဲ့ပါတယ်။ မည်သူက သေသလဲ၊ မည်သူက ရှင်သ လဲ ဆိုတာ တစ်ရွာလုံး ဆုံမှ သိရှိ နိုင်မှာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ ညမှာ နှစ်ကြိမ် သေနတ်ကို မိုးရွာသလို ပစ်ခဲ့တဲ့ အတွက် ကျွန်တော်တို့ တစ်ရွာလုံး ထိတ်လန့်ပြီး ထွက်ပြေး တိမ်းရှောင် ခဲ့ရတယ်။ 

မေး ။ ။ ရဲတပ်ကြပ်ကြီး သေဆုံးခြင်းနဲ့ ၎င်းကိုင်ဆောင်သော သေနတ် ပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး သိသ လား။

ဖြေ ။ ။ ကျွန်တော်တို့ ကြားသိ ရပါတယ်။ သို့သော် မမြင် ခဲ့ပါ။ 

ဝန်ကြီးချုပ် ဦးလှမောင်တင်က ရဲတပ်ကြပ်ကြီးနှင့် ၎င်းကိုင်ဆောင် ခဲ့သည့် လက်နက်ကို ဖော်ထုတ် ပေး ပါက ရွာတွင် အေးချမ်းစွာ နေထိုင် နိုင်မည်ဟု တွေ့ဆုံပွဲမှ မထွက်ခွာမှီ ဒေသခံ များကို ပြောကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သည့် ဒေသခံ ၄၀ ဦးတို့က ဂေါ်ဒူသာရ ကျေးရွာရှိ စာသင်ကျောင်း တစ်ကျောင်းနှင့် အခြား အိမ်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက ထိန်းသိမ်း ထားသော ဒုချီရာတန်းမှ ရွာသူ/ ရွာသား ၄၉၀ ဦးနှင့် ပတ်သက်၍ ၀န်ကြီးချုပ် ဦးလှမောင်တင်ကို တင်ပြ ခဲ့သော်လည်း ဦးလှမောင် တင်က မကြားဟန်ဆောင်၍ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရှိ ရပါသည်။ 

ဝန်ကြီးချုပ်နှင့် အဖွဲ့ မရောက်လာမှီ အာဏာပိုင် များက ၎င်းတို့ စိတ်ကြိုက်  ဂေါ်ဒူသာရမှ ဒေသခံ ၄၀ ဦးကို ရွေးချယ်ပြီး၊ အမှန် တကယ် နစ်နာ၍ ခံစား နေရသည့် ဒုချီရာတန်း ရွာသူ/ ရွာသား များကို ဖယ်ကျဉ် ခဲ့သည်။ ထို့အပြင် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ရွေးချယ် ခံရသူ များကိုလည်း အမှန် အတိုင်း ထွက်ဆိုပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု အာဏာပိုင် များက ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ များက ပြောပါသည်။

ဂေါ်ဒူသာရ ရွာသူ/ ရွာသား ၄၀ ဦးကို ဒုချီရာတန်း ရွာသူ/ ရွာသား များဟု ဒေသ ဆိုင်ရာ အာဏာပိုင် များက လိမ်ညာ၍ ၀န်ကြီးချုပ်နှင့် တွေ့ဆုံ ပေးခဲ့ပြီး၊ ဂေါ်ဒူသာရမှ ဒေသခံ များကလည်း ၎င်းတို့ သိရှိသည့် အတိုင်း ဒုချီရာတန်းမှ ဒေသခံ များကဲ့သို့ ဖြေကြား ပြီးနောက်၊ ၎င်းတို့သည် ဂေါ်ဒူသာရမှ ဒေသခံ များသာ ဖြစ်ကြောင်း ၀န်ကြီးချုပ်ကို အသိပေး ခဲ့ကြောင်း သိရှိ ရပါသည်။

ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညနေ ၄း၃၀ နာရီတွင် ဒုချီရာတန်း ရွာသို့ ၀င်ရောက် ခဲ့သော်လည်း နေအိမ်၊ ဆိုင်ခန်း များကို ၀င်ရောက် လေ့လာခြင်း မပြုဘဲ၊ ရွာသို့ ကားများဖြင့် ၀င်ပေါက် တစ်ဖက်မှ ၀င်၍ နောက်ထွက်ပေါက် တစ်ခုမှ ထွက်ခွာ သွားကြောင်း သိရှိ ရပါသည်။ 

ဒေသခံများက ဖြစ်ရပ်မှန်ကို ဖော်ထုတ်မည် ဆိုပါက နိုင်ငံ တကာ အဖွဲ့ အစည်း များဖြင့် စုံစမ်းရေး ကော်မ ရှင် ဖွဲ့စည်း၍ ပွင့်လင်း မြင်သာစွာ စုံစမ်း စစ်ဆေးမည် ဆိုပါက အမှန် တရား ပေါ်မည်ဟု ယုံကြည်ကြောင်း၊ ယခု ပြည်နယ် အစိုးရ အနေဖြင့် အမှန် အတိုင်း မည်သည့် အခါမှ လုပ်မည် မဟုတ်ကြောင်း RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus