နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒိုးတန်းတွင် မီးရှို့ရန် ၀င်ရောက်လာသော ရခိုင် အစွန်းရောက် အုပ်စု ထွက်ပြေး လွတ်မြောက်သွား

ဒိုးတန်းတွင် ဖမ်းဆီးရမိသည့် ရခိုင် အစွန်းရောက် နှစ်ဦးမှ တစ်ဦး


RB News
16.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဒိုးတန်း ကျေးရွာ အုပ်စုသို့ မီးရှို့ရန် ၀င်ရောက်လာသည့် ရခိုင် အစွန်းရောက် အုပ်စု တစ်စုကို ဖမ်းဆီးရန် ကြိုးစားသော်လည်း ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိပါသည်။

ယနေ့ ၇ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်း ကျေးရွာ အုပ်စုသို့ ရခိုင် အစွန်းရောက် လေးဦး ဓါးရှည်များ ကိုင်၍ ၀င်ရောက် ခဲ့ရာ နှစ်ဦးကို ဒေသခံ ရိုဟင်ဂျာ ရွာသားများက ဖမ်းဆီး နိုင်ခဲ့သည်။ ၎င်းတို့ကို ရဲတပ်ဖွဲ့သို့ အပ်နှံရန် အကြောင်းကြား ပြီးနောက်၊ ရဲတပ်ဖွဲ့ဝင် ရောက်ရှိလာကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အခြား ရခိုင် အစွန်းရောက် အဖွဲ့ တစ်ဖွဲ့သည် ကပ္ပကောင်း ကျေးရွာ အုပ်စု၊ သဒွတ်တောင် ကျေးရွာရှိ ပုဇွန်ကန် တာရိုးပေါ်မှ တဆင့် ဒိုးတန်း ကျေးရွာ အုပ်စုသို့ ၀င်ရောက်လာရာ ကျေးရွာမှ ကလေးများက တွေ့ရှိခဲ့ပြီး၊ လူကြီးများကို အကြောင်းကြား ခဲ့သည်။ ထို့နောက် ရွာသားများက လိုက်လံ ဖမ်းဆီးကြရာ ဒိုးတန်းနှင့် ငါးစားကြူး ကြားရှိ ဓနိတော ထဲသို့ ၀င်ရောက်၍ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရှိရပါသည်။

၎င်းအဖွဲ့တွင် ရခိုင် အစွန်းရောက် ၇ ဦး ပါဝင်ပြီး၊ ကျောပိုးအိတ်များ လွယ်ထား၍ လက်တွင် ဓါတ်ဆီပုံးများနှင့် ဓါးရှည်များ ကိုင်ဆောင် ထားကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus