နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံး ကျေးရွာ အုပ်စုတွင် ထပ်မံ၍ မီးလောင်



MYARF
RB News
19.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၌် ယနေ့ နံနက်ပိုင်းတွင် မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၊ ကျွန်းဂေါင်း ကျေးရွာတွင် မီးလောင်ကျွမ်းမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ နေအိမ် တစ်အိမ်၏ ခေါင်မိုးမှ မီးစတင် လောင်ကျွမ်း ခဲ့ပြီး၊ အိမ်နှင့် ကပ်လျက်တွင် ရှိသော အစ္စလာမ် ဘာသာရေး ကျောင်းသို့ မီးကူးစက် ခဲ့ပြီးနောက် ဒေသခံ ရိုဟင်ဂျာ ရွာသားများက ၀ိုင်းဝန်း၍ မီးငြိမ်းနိုင် ခဲ့ခြင်းကြောင်း နေအိမ် တစ်လုံးနှင့် ဘာသာရေးကျောင်း တစ်ကျောင်း အနည်းငယ် မီးလောင်ကျွမ်း၍ ပျက်စီး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မီးလောင်ကျွမ်းမှုမှာ ပေါ့ဆမီးကြောင့် မဟုတ်ဘဲ၊ အိမ်ခေါင်မိုးမှ စတင်၍ လောင်ကျွမ်း ခဲ့ခြင်းကြောင့် ဒေသခံ များက စနစ်တကျ ရှို့မီးသာ ဖြစ်သည်ဟု ပြောပါသည်။

ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြောက်ပိုင်း အောင်စစ်ပြင် ကျေးရွာ အုပ်စု၊ ရီးဒါ ကျေးရွာသို့ ရခိုင် အစွန်းရောက် ၅ ဦး ဓါးရှည်များ၊ ဓါတ်ဆီပုံးများ ကိုင်၍ ၀င်ရောက်လာခဲ့ရာ ရွာသားများက လိုက်လံ ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus