နောက်ဆုံးသတင်း/ဆောင်းပါးများ

အရေးအခင်း နှိမ်နင်းသည့် ပုံစံ ပုံဖော်၍ မောင်တောတွင် ဗီဒီယို ရိုက်ကူး



MYARF
RB News
23.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အာဏာပိုင်များနှင့် ရခိုင်များ ပူးပေါင်း၍ အရေးအခင်း နှိမ်နင်းသည့် သဏ္ဍန် ပုံဖော်၍ ဗီဒီယို ရိုက်ကူးခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် အာဏာပိုင်များနှင့် ရခိုင်လူမျိုးများ ပူးပေါင်း၍ အရေးအခင်း နှိမ်နင်းသည့် သဏ္ဍန် ပုံဖော်၍ ဗီဒီယို ရိုက်ကူးခဲ့သည်။ ဗီဒီယိုကို မောင်တောမြို့နယ် မြို့မ အားကစားကွင်းနှင့် ကွင်းပြင် အရှေ့မြောက်ဘက်တွင် ရိုက်ကူး ခဲ့သည်။

ဗီဒီယို ရိုက်ကူးပုံမှာ ရခိုင်လူမျိုး ၃၀၀ ကျော်က လမ်း၏ အနောက်ဘက် အစွန်းမှ တုတ်၊ ဓားများ ကိုင်ဆောင်လျက် အော်ဟစ် ချီတက်လာပြီး လုံထိန်းရဲ ၁၀၀ ခန့်က တန်း ၃ တန်းစီ၍ နေရာယူသည်။ ထို့နောက် ရခိုင်များ ချီတက် လာသည့် အခါ သေနတ်ကို မိုးပေါ်ထောင်၍ ပစ်ခတ်သည်။ လုံထိန်းများ သေနတ် ပစ်ခတ်တိုင်း ရခိုင် နှစ်ဦးခန့် လဲကျသွားပြီး၊ လဲကျသွားသူများကို အခြားသူများက သယ်ယူသွားသည့် ပုံစံများဖြင့် ရိုက်ကူးခဲ့သည်ဟု ဒေသခံများက RB News သို့ ပြောသည်။

ဗီဒီယို ရိုက်ကူးခြင်းကို နံနက် ၈ နာရီခွဲမှ ၁၁ နာရီထိ ပြုလုပ်ခဲ့ပြီး၊ ဒေသခံများက နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ လိမ်ညာ ပြသရန် သို့မဟုတ် လုပ်ကြံမှု တစ်ခုခု ပြုလုပ်ရန် ဖြစ်မည်ဟု ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus