နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွှေဇားမှ ဈေးသည် တစ်ဦးကို ရခိုင်နှစ်ဦးက ၀ိုင်း၍ ရိုက်နှက်

ရခိုင်နှစ်ဦး၏ ၀ိုင်းဝန်း ရိုက်နှက်ခြင်းကို ခံရသည့် ဦးမိုဟာမတ်ယူနုစ်

MYARF
RB News
22.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာအုပ်စုမှ ဈေးသည် တစ်ဦးကို ရခိုင်နှစ်ဦးက ၀ိုင်းဝန်း ရိုက်နှက်သည်ကို ရဲများက တွေ့ရှိခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ဦးမိုဟာမတ် ယူနုစ် (ဘ) ဦးဆုလ်တာန် အာမတ် (အသက် ၃၂ နှစ်) သည် မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာ အုပ်စု၊ ဒေလ်ဖာရာရွာမှ ဈေးသည် တစ်ဦး ဖြစ်သည်။ မောင်တောမြို့နယ်ရှိ နယ်မြေများမှ စားကုန်၊ ဟင်းသီး ဟင်းရွက်၊ ငါးခြောက်များ ၀ယ်ယူ၍ ရွှေဇားဈေးတွင် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ မတ်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ ခန့်တွင် ရွှေနှင်းဆီ လဘက်ရည်ဆိုင် ရှေ့တွင် နယ်မှ ၀ယ်ယူ လာသော အထုတ် တစ်ထုတ်ကို ကားပေါ်မှ ချ၍ ဆိုက်ကားပေါ်သို့ တင်နေစဉ် ရခိုင်နှစ်ဦး ဖြစ်သည့် သိန်းမောင်နှင့် မောင်သာချေ တို့က လာရောက်၍ ဈေးကောက် တောင်းခံရာ ဦးမိုဟာမတ်ယူနုစ်က ၎င်း၏ ပစ္စည်းများကို ရွှေဇားဈေးတွင် ရောင်းမည် ဖြစ်သဖြင့် ရွှေဇားဈေးတွင်သာ ဈေးကောက် ပေးမည်ဖြစ်ကြောင်း ပြန်ပြောရာ ရခိုင်နှစ်ဦးက ၎င်းကို ထိုနေရာတွင် လဲကျသည့် အထိ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့နောက် ဒုရဲအုပ် တစ်ဦးနှင့် ရဲတစ်ဦး ရောက်ရှိလာပြီး အကျိုးအကြောင်း မေးမြန်း ခဲ့သော်လည်း ရခိုင်များကို အရေးယူခြင်း၊ ဆူပူကြိမ်းမောင်းခြင်းပင် မပြုလုပ်ခဲ့ဘဲ၊ ဦးမိုဟာမတ်ယူနုစ်ကို အိမ်ပြန်ရန်သာ ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus