နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ ရဲများ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ရိုက်နှက် ငွေညှစ်



MYARF
RB News
19.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင် စခန်းမှ ရဲများနှင့် သူဦးလာ ကျေးရွာ စခန်းမှ လုံထိန်းများသည် ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၄ ရက်နေ့က မောင်တောမြို့နယ်၊ အင်းဒင် စခန်းမှ ရဲများသည် သင်္ဘောကွဲ ကျေးရွာသို့ ၀င်ရောက် လာသည့် အချိန်တွင် ဆောလာမတ်အုလ္လာ (ဘ) ဦးနူရ်ဆောလမ် (အသက် ၂၂ နှစ်) ၏ ဆိုင်ရှေ့ရှိ ကလေး တစ်ဦးသည် ရဲများကို မြင်သည့် အခါ ကြောက်လန့်ပြီး ထွက်ပြေး သွားခဲ့သည်။ ထိုသို့ ထွက်ပြေး သွားရခြင်းမှာ ရဲများက ကလေးပါ မရှောင် အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းကြောင့် ဖြစ်သည်။ ရဲများက ဆိုင်ရှင်ဖြစ်သူ ဆောလာမတ်အုလ္လာကို ထွက်ပြေး သွားသည့် ကလေး အကြောင်း မေးမြန်းရာတွင် ဆိုင်ရှင်က မိမိမသိကြောင်း ပြောသည့် အတွက်ဟု ဆိုကာ ရဲများက ထိုနေရာတွင်ပင် ရိုက်နှက်၍ အင်းဒင် စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် မတ်လ ၁၆ ရက်နေ့တွင် ရဲများက ဆောလာမတ်အုလ္လာ ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ ရဲများသည် သင်္ဘောကွဲ ကျေးရွာသို့ မတ်လ ၁၈ ရက်နေ့က တစ်ဖန် ပြန်လာခဲ့ပြီး ဆောလာမတ်အုလ္လာ၏ ညီဖြစ်သူ ရှော်ဖီအုလ္လာ (အသက် ၂၀ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ၎င်းကို ယခုအချိန်ထိ ပြန်လည် လွှတ်မပေး သေးဘဲ၊ မိဘများက ရဲများက ထပ်မံ၍ ငွေညှစ်မည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

မတ်လ ၁၇ ရက်နေ့က သူဦးလာ ကျေးရွာရှိ ချောင်းထဲတွင် ငါးဖမ်းနေသည့် မော်လ၀ီ နော်အုရ်အုလ္လာ (ဘ) ဦးအစ္စမိုင်လ်ကို ၎င်းကျေးရွာရှိ ရဲကင်း စခန်းမှ လုံထိန်းများက အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာ ပြင်းထန်ခြင်းကြောင့် လမ်းပင် မလျှောက်နိုင်တော့ သည့်အတွက် လှေသမား တစ်ဦးက လှေဖြင့် ၎င်း၏ နေအိမ်သို့ ပို့ပေး ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus