နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ကြပ်ကြီး တစ်ဦးက လူငယ်တစ်ဦးကို အမှုဆင် ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်



Sindi Khan
RB News
18.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သူဦးလာ ကျေးရွာရှိ ရဲကင်း စခန်းမှ တပ်ကြပ်ကြီး တစ်ဦးက ဒေသခံ ရိုဟင်ဂျာ လူငယ်တစ်ဦးကို အမှုဆင် ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၁၇ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် သူဦးလာကျေးရွာမှ မောင်နူရ်ဟူဆောင် (ဘ) ဦးအဘူလ်ဟူဆောင် (အသက် ၂၁ နှစ်) သည် မြောတောင် ကျေးရွာမှ ပြန်လာစဉ် သူဦးလာ ရဲကင်းစခန်းကို ဖြတ်ကျော် လာရာ တပ်ကြပ်ကြီး ကျော်မြင့်က ခေါ်ယူ စစ်ဆေး ခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် မောင်နူရ်ဟူဆောင် ထံမှ မည်သည့် ပစ္စည်း တစ်စုံတစ်ရာကို မရရှိခဲ့သော်လည်း တပ်ကြပ်ကြီး ကျော်မြင့်က ၎င်း၏ အိတ်ကပ်ထဲသို့ တဖက်နိုင်ငံမှ ဖုန်းငွေဖြည့် ကဒ်တစ်ခု ထည့်ပြီး တရားမ၀င် ဖုန်းကဒ် ကိုင်ဆောင်သည်ဟု ဆိုကာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမာမတ်ရော်ရှိတ်ကို တပ်ကြပ်ကြီး ကျော်မြင့်က ဆင့်ခေါ်၍ တရားမ၀င် ဖုန်းကဒ် ကိုင်ဆောင် ထားခြင်းကြောင့် ဖမ်းဆီးထားသည်ဟု ပြောကြား ခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက မောင်နူရ်ဟူဆောင်ကို မေးမြန်းရာ ၎င်းသည် အပြစ်မရှိဘဲ ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း၊ တပ်ကြပ်ကြီး ကျော်မြင့် ကိုယ်တိုင် ၎င်း၏ အိတ်ကပ်ထဲသို့ ထိုဖုန်းကဒ်ကို ထည့်ပြီး စွပ်စွဲခြင်း ဖြစ်ကြောင်း ရှင်းပြရာ တပ်ကြပ်ကြီး ကျော်မြင့်က ရွာအုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင်ပင် လက်သီးဖြင့် ထိုးကြိတ် ခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူက အပြစ်မဲ့ လူငယ် အတွက် မည်သည့် အကာအကွယ်မှ မပေးနိုင်ခဲ့ဘဲ၊ နောက်ဆုံးတွင် တပ်ကြပ်ကြီး ကျော်မြင့် တောင်းသည့် ငွေကျပ် ၃ သောင်းကို ပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယခင်ကလည်း အဆိုပါ ရဲကင်းစခန်း ရှေ့မှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာ လူငယ်များကို အကြောင်းမဲ့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ် ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus