နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများ၏ မြေများကို မတရားသိမ်းပိုက်၍ ကားဂိတ် ဆောက်နေ

ရိုဟင်ဂျာများထံမှ မတရား သိမ်းပိုက်ထားသည့် မြေများပေါ်တွင် လမ်းဖောက်လုပ်နေသည့် မြင်ကွင်း


MYARF
RB News
18.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သော မြေများကို မတရား သိမ်းပိုက်၍ ကားဂိတ် ဆောက်လုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၁ ခုနှစ် မေလတွင် မောင်တော ခရိုင် အုပ်ချုပ်ရေး၊ မြို့နယ် အုပ်ချုပ်ရေးနှင့် မြို့နယ် မြေစာရင်း ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မ ကညင်တန်း ကျေးရွာ အရှေ့ဘက်ရှိ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်၏ မြောက်ဘက်တွင် ရှိသော လယ်ကွင်း (တပ်ချောင်းကွင်း) မှ လယ်မြေဧက ၂၀ ကျော်ကို အာဏာပိုင်များက သိမ်းဆည်း လိုက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် မြေပိုင်ရှင် များကို ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။ ထိုလယ်မြေများကို အာဏာပိုင်များက ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် အသုံးမပြု ခဲ့သော်လည်း ယခု ၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ စ၍ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ ကားဂိတ် ဆောက်လုပ်ရန် ဆိုကာ လမ်းဖောက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် သိမ်းယူခဲ့သော မြေကွက်များ၏ အရှေ့မြောက်ဘက်၊ တောင်ဘက်များတွင်လည်း လမ်းများ ဖောက်လုပ် လျက်ရှိသည်။ အနောက်ဘက်တွင် လမ်းဟောင်း ရှိပြီး၊ ထိုလမ်းကိုလည်း ၁၉၉၆ ခုနှစ်တွင် ရိုဟင်ဂျာများ၏ လယ်မြေများကို မတရား သိမ်းယူ၍ ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်ကိုလည်း ၁၉၉၇ ခုနှစ်တွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် မြေများကို မတရား သိမ်းပိုက်၍ ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

၂၀၁၁ ခုနှစ် မေလက မတရားသိမ်းဆည်း ခံရသည့် မြေပိုင်ရှင် များမှာ --

(၁) ဦးဆောယောဒ်ဟူစိန်း (ဘ) ဦးအိုင်ရ်ဟူစိန်း
(၂) ဦးဆောယောဒ်အာမတ် (ဘ) ဦးအော်လီအာမတ်
(၃) ဦးဖောယာစ် (ဘ) ဦးဟာဘာန်မျာ
(၄) ဦးအေဆာန်အုလောက် (ဘ) ဦးဟာဘာန်မျာ
(၅) ဦးကာဆိမ် (ဘ) ဦးမာမတ်ဇောလိလ်
(၆) ဦးအိန်ဒလိဖ် (ဘ) ဦးဟာမိတ်
(၇) ဦးအဘုလ်ကာဆိမ် (ဘ) ဦးအာမတ်
(၈) ဦးဒိလ်မာမတ် (ဘ) ဦးမျာဟူစိန်း
(၉) ဦးအာမရ်ဟူစိန်း (ဘ) ဦးအီမာန်ဟူစိန်း
(၁၀) ဦးဟာဘဲစ်အာမတ် (ဘ) ဦးဆုလ်တာန်
(၁၁) ဦးနူရ်ဆော်လမ် -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus