နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုရဲမှူးကြီး ဝေလင်းကိုက ဘင်္ဂလီ မရေးလျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်



RB News
30.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လိပ်ရကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို အမှတ် (၂) ရဲတပ်ရင်း၊ တပ်ရင်းမှူး ဒုရဲမှူးကြီး ဝေလင်းကိုက အကျပ်ကိုင်၍ ဒေသခံ ရိုဟင်ဂျာများကို ဘင်္ဂလီ မဖြည့်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

လိပ်ရ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို အမှတ် (၂) ရဲတပ်ရင်း၊ တပ်ရင်းမှူး ဒုရဲမှူးကြီး ဝေလင်းကိုက ၎င်း၏ ကျေးရွာ အုပ်စု အတွင်းရှိ ဒေသခံ ရိုဟင်ဂျာ များကို သန်းခေါင်စာရင်း ကောက်ရာတွင် ဘင်္ဂလီများ အဖြစ် ထွက်ဆိုခိုင်းခြင်း မပြုလုပ်နိုင်ပါက အလုပ်မှ ဖြုတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒုရဲမှူးကြီး ဝေလင်းကိုက အကယ်၍ ဒေသခံ ရိုဟင်ဂျာများက ဘင်္ဂလီဟု သန်းခေါင်စာရင်းတွင် မဖြည့်ပါက ၎င်းအနေဖြင့် အထက်အရာရှိများ ရှေ့တွင် မျက်နှာငယ် ရမည် ဖြစ်ကြောင်း၊ ၎င်း၏ မျက်နှာကို မကြည့်ပါက အားလုံးကို ပစ်သတ်ပြီး၊ ထကြွပုန်ကန်၍ သတ်ပစ်လိုက်ကြောင်း စာရေးပြီး အထက်သို့ တင်လိုက်လျှင် ပြီးပြီ ဖြစ်ကြောင်း၊ ကောင်းကောင်း မွန်မွန် နေချင်ပါက ကျွန်ကဲ့သို့ နေရန် လိုကြောင်း အမျိုးမျိုး ပြောဆို၍ လိပ်ရ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို ခြိမ်းခြောက် ခဲ့ကြောင်း သိရှိ ရပါသည်။

ဒုရဲမှူးကြီး ဝေလင်းကိုသည် အောင်သပြေ ကျေးရွာမှ ရခိုင် အမျိုးသမီး တစ်ဦးနှင့် လက်ထပ် ထားသူ တစ်ဦးဖြစ်ပြီး၊ ဒေသခံ ရိုဟင်ဂျာ များကို လူ့ဂုဏ်သိက္ခာ ကင်းမဲ့ သွားသည့် အထိ ရိုင်းပျစွာ ဆက်ဆံခြင်း များကို အမြဲတစေ ပြုလုပ်သူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus