နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့မှ ပုဒ်မ ၁၄၄ သည် ရခိုင်လူမျိုးများ အတွက် အာဏာ မသက်ရောက်




RB News
14.4.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော်လည်း အဆိုပါ အမိန့်သည် ဒေသခံ အစ္စလာမ် ဘာသာဝင်များ အတွက်သာ သီးသန့် ထုတ်ပြန်သလို ဖြစ်နေပြီး ရခိုင်လူမျိုးများ အတွက် အကျိုးသက်ရောက်ရှိ မရှိဟု ဒေသခံများက ပြောပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ည ၉ နာရီမှ မနက် ၅ နာရီ အတွင်း အပြင်မထွက်ရ၊ လူ ၅ ဦးထက် ပို၍ မစုရဟု အမိန့် ထုတ်ပြန်ထားသည်မှာ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ဖြစ်သည်။ သို့သော်လည်း အဆိုပါ အမိန့်သည် ဒေသခံ အစ္စလာမ် ဘာသာဝင် များအတွက်သာ သက်ရောက်မှု ရှိနေပြီး ရခိုင် ဗုဒ္ဓဘာသာဝင် များအတွက် အကျုံးမ၀င်ဟု ဒေသခံများက RB News သို့ပြောသည်။

“အခုဆိုရင် ည ၁၂ နာရီ ကျော်နေပြီ၊ တစ်မြို့လုံး ဆူညံ နေတယ်။ သီချင်းသံတွေရော၊ အခြား ဆူညံသံတွေပါ။ ပုဒ်မ ၁၄၄ အရ ဆိုရင် ည ၉ နာရီကျော်ရင် ဘယ်သူ့မှ အပြင်ထွက်လို့ မရဘူး။ ဒါပေမယ့် အခုတော့ တစ်မြို့လုံးမှာ ကားတွေနဲ့ သွားလာပြီး ဆူညံနေတာ အာဏာပိုင်တွေက မသိချင်ယောင်ဆောင် နေတယ်။ အဲဒီတော့ အဲဒီ ပုဒ်မ ၁၄၄ က ရခိုင်တွေ အတွက် အကျုံးမ၀င်ဘူးလို့ ပြောရမှာပါ။ ဒီနေ့ တစ်ရက်ထဲ မဟုတ်ဘူး။ အမြဲတမ်း လိုလို ဆူညံ လျှောက်သွား နေတာ အာဏာပိုင်တွေက ဘယ်တုန်းကမှ အရေးမယူဘူး။” ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“တကယ်လို့ မွတ်စလင် တစ်ယောက်က ည ၉ နာရီကျော်မှာ အပြင်ထွက်တယ် ဆိုရင် ဖမ်းမသွားရင်တော့ အနည်းဆုံး ခြေလက်ကျိုးတဲ့ အထိ ရိုက်တယ်။ ပြဌာန်းထားတဲ့ ဥပဒေက လူမျိုးနဲ့ ဘာသာပေါ် မူတည်ပြီး ခွဲခြားတာ အခုဖြစ်ပျက် နေတာတွေက သက်သေပါဘဲ” ဟု ၎င်းက ဆက်လက် ပြောပါသည်။

Comment ရေးရန်

Rohingya Exodus