နောက်ဆုံးသတင်း/ဆောင်းပါးများ

လ.၀.က အရာရှိ ဦးတင်ဇော်လင်း၏ ဓါးပြသဖွယ် ငွေညှစ်မှုများကို စစ်ဆေးပေးရန် တောင်းဆို



RB News
5.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် စခန်းမှ လ.၀.က အရာရှိ တစ်ဦး ဖြစ်သူ ဦးတင်ဇော်လင်း၏ ဓါးပြ သဖွယ် ငွေညှစ်မှု များကို အထက် အာဏာပိုင်များမှ စစ်ဆေးပေးရန် မောင်တောမြို့ ဒေသခံများက တောင်းဆိုကြောင်း ဒေသခံ များက RB News သို့ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် စခန်းမှ လ.၀.က အရာရှိ တစ်ဦးဖြစ်သူ ဦးတင်ဇော်လင်း (လ၀က ၅၅၁၄) သည် မတ်လ လဆန်းပိုင်းမှ စ၍ ပတ်ဝန်းကျင် ကျေးရွာများ ဖြစ်သော မြင်းလွတ်၊ သပြေတော၊ ကျောင်းတောင်နှင့် ဥဒေါင်း ကျေးရွာများမှ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် မလေးရှားနိုင်ငံနှင့် အခြား နိုင်ငံများသို့ ထွက်ခွာသူများကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခဟု ဆိုကာ ဥဒေါင်းရွာမှ ဦးဖော်ယာဇူလာ (ဘ) ဦးဘော်ဆိရ်ကို အသုံးပြု၍ ကျန်ရစ်ခဲ့သော မိသားစုများထံမှ လူတစ်ဦး အတွက် ငွေကျပ် ၇ ထောင်မှ တစ်သောင်း အထိ ကောက်ခံ ခဲ့သည်။ ဦးတင်ဇော်လင်းသည် မိသားစုပေါင်း ၅၀၀ ကျော်မှ ငွေကျပ် ၄၂ သိန်း ရယူခဲ့ခြင်းနှင့် ပတ်သက်၍ RB News တွင် မတ်လ ၂၅ ရက်နေ့က ရေးသား ဖော်ပြခဲ့သည်။ ထို့နောက် ဦးတင်ဇော်လင်းကို အထက် အာဏာပိုင်များက ခေါ်ယူ စစ်ဆေးခဲ့ပြီး၊ မတ်လ ၂၉ ရက်နေ့တွင် ကျေးရွာ အုပ်စု (၄) စုမှ အုပ်ချုပ်ရေးမှူး များကို ခေါ်ယူ တွေ့ဆုံ၍ ငွေကောက်ခံ ခဲ့ခြင်း မရှိကြောင်း အတင်း အဓမ္မ ထောက်ခံချက် လက်မှတ်များ ရယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးတင်ဇော်လင်းသည် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခ ဟူ၍ ငွေကျပ် ၄၂ သိန်းကျော် ရယူခြင်း သာမက လွန်ခဲ့သည့် မတ်လ အတွင်းက ငါးဖမ်းလှေသမား ၁၀၀၀ ဦးခန့်မှ ငွေကျပ် ၁၀၀၀ နှုန်း၊ ငါးဖမ်းလှေသမား ၂၀၀ ဦးခန့်မှ ငွေကျပ် ၅၀၀၀ နှုန်း၊ ငါးဖမ်း စက်လှေ သမား ၃၀ ဦးထံမှ ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ဓါးပြသဖွယ် ငွေညှစ်ခဲ့ပြီး စုစုပေါင်း ငွေကျပ် ၂၃ သိန်းခန့် ရယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ငါးဖမ်းလှေနှင့် စက်လှေ သမားများကို ငွေမပေးပါက အချိန်မှန် ငါးဖမ်း ထွက်ခွင့် ပေးမည် မဟုတ်ကြောင်း ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒေသခံများက အဆိုပါ ကိစ္စရပ်များကို တိတိကျကျ စစ်ဆေးပါရန် အထက် အာဏာပိုင်များကို တောင်းဆိုကြောင်း RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus