နောက်ဆုံးသတင်း/ဆောင်းပါးများ

၉၆၉ ဂိုဏ်းခေါင်းဆောင် မူ/အုပ် တစ်ဦးက သန်းခေါင်စာရင်း ဖြေဆိုသူများကို ခြိမ်းခြောက်




RB News
3.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စုရှိ မူလတန်း လွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်တင်ကြည်သည် သန်းခေါင်စာရင်း ကောက်ခံရာတွင်ပါ စာရင်းစစ် အဖြစ်ပါဝင်ပြီး ဖြေဆိုသူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စု မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်တင်ကြည်သည် ၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှ စ၍ ကျောင်းသို့ ပုံမှန် လာရောက်ခြင်း မရှိသည့် အပြင် လာသည့် အချိန်တွင်လည်း ကျောင်းသား လူမမယ်များကို မညှာမတာ ရိုက်နှက်ခြင်းများ အမြဲပြုလုပ်လေ့ ရှိသည်။ ၎င်းသည် ဇီးပင်ချောင်း အခြေစိုက် အမှတ် (၂) လုံထိန်း တပ်ရင်း စခန်းတွင် နေထိုင်ပြီး၊ စခန်းအတွင်းရှိ သက်သာ ချောင်ချိရေး လဘက်ရည်ဆိုင်ကို အရာရှိများအား လာဘ်ထိုး၍ ရယူခဲ့ပြီး၊ ယခုအခါ အရက်ဆိုင်နှင့် လဘက်ရည်ဆိုင် တွဲဖွင့်ကာ စီးပွားရေး လုပ်ကိုင်လျက် ရှိသည်။ မူလတန်း ကျောင်းအုပ်ကြီး တစ်ဦး အနေဖြင့် ကျောင်းတွင် အချိန်ပြည့် တာဝန် ထမ်းဆောင် ရမည်ဖြစ်သော်လည်း အရက်ဆိုင် လုပ်ငန်းသာ လုပ်ကိုင်နေခြင်းကြောင့် ကျောင်းသားငယ် များ၏ ပညာရေး ဆုံးရှုံးလျက် ရှိသည်။

ဦးအောင်တင်ကြည်သည် အစွန်းရောက် ၉၆၉ ဂိုဏ်းခေါင်းဆောင် တစ်ဦး ဖြစ်ပြီး၊ အမှတ် (၂) လုံထိန်း တပ်ရင်း အနီးရှိ ဆေးခန်းသို့ ဆေးကုရန် လာသူ တစ်ဦးကို ဆရာဝန်က ဆေးကုသနေစဉ် အဆိပ်ဆေး ထိုးပေးပါက ဤဘင်္ဂလီများ လူမျိုးတုံး သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဆေးကုသမှု ခံယူခဲ့သူက ဒေသခံများကို ပြန်လည် ပြောပြခဲ့သည်။ စခန်းတွင်းတွင်လည်း ၉၆၉ လှုပ်ရှားသူ များကို နေရာ ပေးထားပြီး ကျွေးမွေး စောင့်ရှောက် ထားသည်ကို ဒေသခံများက မြင်တွေ့ကြောင်း RB News သို့ပြောသည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ညပိုင်း အချိန်တွင် ရခိုင်လူမျိုး ၅ ဦးခန့်ဖြင့် လှည့်လည်လေ့ ရှိသော်လည်း အာဏာပိုင်များက တားမြစ်ခြင်း မရှိဘဲ၊ လွှတ်ပေးထားသည်ဟု ဒေသခံများက ဆိုသည်။

ယခု သန်းခေါင်စာရင်း ကောက်ယူသည့် အချိန်တွင်လည်း ဦးအောင်တင်ကြည်သည် စာရင်းစစ် အဖြစ် ပါဝင်လာပြီး၊ ဒေသခံ ရိုဟင်ဂျာများက ရိုဟင်ဂျာဟု ရေးသားလျှင်သာ ဖြေဆိုမည်ဟု ပြောသောကြောင့် နည်းမျိုးစုံဖြင့် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် နေသည်ဟု ဒေသခံများက ပြောပါသည်။ ယမန်နေ့ ဧပြီလ (၂) ရက်နေ့ နေ့လည်ပိုင်းတွင် ရေတွင်းပြင် ကျေးရွာ အုပ်စု၊ တောင်ရွာ၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကိုလင်းလင်းထိုက် (ခ) ကာလာမျာ (ဘ) ဦးအာမတ်သည် ဖခင် ရိုဟင်ဂျာ၊ မိခင် ကချင်လူမျိုး ဖြစ်သောကြောင့် သန်းခေါင်စာရင်းတွင် ကချင် လူမျိုးဟု မှတ်တမ်းတင်ရန် ပြောဆိုခဲ့သော်လည်း ကိုလင်းလင်းထိုက်က ပြောဆိုသည့် အတိုင်း မှတ်တမ်းမတင်သည့် အပြင် ရိုင်းပျစွာ ဆဲဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ကိုလင်းလင်းထိုက်၏ ဖခင်မှာ ယခုအချိန်ထိ မြန်မာ့ တပ်မတော်တွင် တပ်ကြပ်ကြီး အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus