နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားမြို့နယ်မှ စစ်သားများက ဒေသခံ နှစ်ဦးထံမှ အကြောင်းမဲ့ ငွေညှစ်




RB News
12.4.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေတမာ ကျေးရွာအုပ်စု၊ လက်မရွာ (ရခိုင်ရွာ) အခြေစိုက် ခလရ (၃၈၀) တပ်ရင်းမှ စစ်သားများက ဒေသခံ ရိုဟင်ဂျာ နှစ်ဦးထံမှ အကြောင်းမဲ့ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် စိုက်ခင်းထဲတွင် လယ်စိုက်ရန် သွားနေသော မင်းပြားမြို့နယ်၊ ရွှေတမာ ကျေးရွာ အုပ်စု၊ လက်မ ရိုဟင်ဂျာရွာမှ ဦးအဒူမိုတာလတ် (ဘ) ဦးဟာဘီအုလ္လာကို လက်မ (ရခိုင်ရွာ) အခြေစိုက် ခလရ (၃၈၀) မှ စစ်သားများက အကြောင်းမဲ့ ငွေညှစ်ခဲ့သည်။ ဦးအဒူမိုတာလတ်သည် လယ်စိုက်ရန် သွားနေခြင်း ဖြစ်ပြီး၊ ငွေမပေးပါက ရိုက်နှက်၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ခဲ့သောကြောင့် စစ်သားများကို ငွေကျပ် တစ်သောင်း ပေးခဲ့ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ဧပြီလ ၁၁ ရက် နေ့တွင်ပင် အဆိုပါ စစ်သားများကပင် လက်မ ရိုဟင်ဂျာရှိ ယောက္ခမ အိမ်သို့ အလည်လာနေသည့် ဦးနူရ်ဟာဆန် (ဘ) ဦးအဒူဇော်ဘော်ရ် ထံမှလည်း အကြောင်းမဲ့ ခြိမ်းခြောက်၍ ငွေကျပ် တစ်သောင်း ငါးထောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ခလရ (၃၈၀) တပ်ရင်းမှ စစ်သားများ၏ တာဝန်မှာ ကျေးရွာများ၏ လုံခြုံရေး တာဝန် ဖြစ်သော်လည်း ရိုဟင်ဂျာ ရွာများထဲသို့ မကြာခဏ ဆိုသလို ၀င်ရောက်၍ အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus