နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ရိုဟင်ဂျာ များကို ဆေးကုခွင့် ပိတ်ပင်ထား



RB News
8.4.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ မြို့နယ်ခွဲ ကျန်းမာရေး ဦးစီးဌာန လက်အောက်ခံ အစိုးရ ဆေးရုံတွင် ရိုဟင်ဂျာ လူမျိုး လူနာများကို ဆေးကုသခွင့် ပိတ်ပင် လိုက်ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၅) ရပ်ကွက်နေ ဦးဆယာဒ်နူးရ်၏ သားဖြစ်သူ မောင်ဟာမိတ်ဟူစိန်း (အသက် ၈ နှစ်) သည် ၀မ်းရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရသဖြင့် ဖခင်ဖြစ်သူက ထမ်း၍ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဆေးရုံသို့ ခေါ်သွားရာ ဆေးရုံ အထွေထွေ လုပ်သား ဦးလှမောင် (ဘ) ဦးနီရောလှ က ဤဆေးရုံသည် ရိုဟင်ဂျာ ဆေးရုံ မဟုတ်ကြောင်း၊ ရိုဟင်ဂျာ ဆေးရုံသည် ဘင်္ဂလားဒေ့ရှ်၊ ကူတူပါလောင်တွင် ရှိကြောင်း ပြောဆို ကြိမ်းမောင်း၍ ဆေးရုံသို့ ၀င်ခွင့် မပေးဘဲ မောင်းထုတ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကလေးငယ်၏ ဖခင်ဖြစ်သူက မြို့နယ်ခွဲ ကျန်းမာရေး ဦးစီးဌာနမှူး (ဆရာဝန်) ထံသို့ သွား၍ သားဖြစ်သူ ခံစားနေရသည့် ဝေဒနာနှင့် ဆေးရုံမှ အထွေထွေ လုပ်သား ဦးလှမောင် မောင်းထုတ် လိုက်ပုံများကို ပြောပြပြီး အကူအညီ တောင်းခံ ခဲ့သော်လည်း၊ မြို့နယ်ခွဲ ကျန်းမာရေးမှူးက ဆေးကုသ ပေးခြင်း မရှိဘဲ ဦးလှမောင် ပြုမှု ဆက်ဆံ သကဲ့သို့ပင် မောင်းထုတ်ခဲ့ကြောင်း သိရှိရပါသည်။

သန်းခေါင်စာရင်း ကိစ္စကို အကြောင်းပြ၍ အစိုးရ ဌာနများ၊ စစ်ဆေးရေး ဂိတ်များတွင် ရိုဟင်ဂျာကဒ် ပြပါဟု ပြောဆို၍ အနှောက် အယှက်မျိုးစုံ ပေးလျက် ရှိပြီး၊ အဆိုပါ ဆေးရုံတွင်လည်း ထိုနည်းတူစွာ ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus