နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒုမှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၃ ဦးက ငွေညှစ်၊ မတရား သိမ်းဆည်းမှုများ ပြုလုပ်




MYARF
RB News
7.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒု ကျေးရွာ အခြေစိုက် လုံခြုံရေး စခန်းမှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးက ငွေညှစ်ခြင်း၊ အတင်း အဓမ္မ သိမ်းယူခြင်းများကို အဆက်မပြတ် ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် ကျောက်ပန္ဒု ကျေးရွာ အခြေစိုက် လုံခြုံရေး စခန်းမှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးသည် ကျောက်ပန္ဒု ကျေးရွာကြီးမှ ဦးမူဘာရက်ကို တရားမ၀င် မိုဘိုင်းဖုန်း သုံးစွဲနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဦးမူဘာရက်သည် ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး အဆိုပါ ဓါးပြသဖွယ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ တောင်းသည့် ငွေကျပ် တစ်သိန်းကို မပေးနိုင်သဖြင့် ငွေကျပ် ၄၀၀၀၀ ကိုလက်ငင်း ပေးခဲ့ပြီး ကျန်သည့် ငွေကျပ် ၆၀၀၀၀ အတွက် ၀ါးဆိုင်မှ ၀ါးများ အကြွေးဝယ်၍ ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးတွင် ကျောက်ပန္ဒု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်၏ သားမက် ဖြစ်သူ စိုးသူလည်း ပါဝင်ကြောင်း သိရှိရပါသည်။

ဧပြီလ ၅ ရက်နေ့ ကလည်း ကျောက်ပန္ဒု ဈေးမှ ဈေးခေါင်း ဖြစ်သူ ဦးဆယာဒ်ကာဆီးမ်ကို ည ၁၀ နာရီ အချိန်တွင် ဈေးလုံခြုံရေး တာဝန် ထမ်းဆောင် နေစဉ် အဆိုပါ တပ်ဖွဲ့ဝင် ၃ ဦးက ဖမ်းဆီး၍ ငွေကျပ် ၄၀၀၀၀ ညှစ်ယူခဲ့ကြောင်း သိရှိ ရပါသည်။

ဧပြီလ ၄ ရက်နေ့တွင် ကျောက်ပန္ဒု ကျေးရွာရှိ စက်လှေများ ကမ်းဆိုက်သည့် နေရာသို့ သွားရောက်၍ ကံပူကျေးရွာမှ ဦးအေနာမုလ် ဟာဆောင်က စက်လှေ ပြုလုပ်ရန် စုဆောင်းထားသည့် သစ်များကို အကြောင်းမဲ့ သိမ်းဆည်း သွားခဲ့သည်။ နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးမှ မတရား သိမ်းဆည်း သွားသည့် သစ်များမှာ ငွေကျပ် ၅ သိန်းဖိုးခန့် တန်ဖိုး ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus