နောက်ဆုံးသတင်း/ဆောင်းပါးများ

ဦးရှည်ကျ ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို ရခိုင်အစွန်းရောက် အုပ်စုက ဓါးဖြင့်ခုတ်




MYARF
RB News
8.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဦးရှည်ကျ ကျေးရွာ အုပ်စုမှ ပုဇွန်ကန်တဲတွင် အိပ်နေသည့် ရိုဟင်ဂျာ တစ်ဦးကို ရခိုင် အစွန်းရောက် အုပ်စု တစ်စုက ဓါးဖြင့်ခုတ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာအုပ်စု၊ ရေတွင်းကျွန်း ကျေးရွာမှ ဦးအာဘူအာမတ် (ဘ) ဦးဘော်နီ အာမီးန်သည် ၎င်းပိုင်ဆိုင်သည် ပုဇွန်ကန်ရှိ တဲ၌ ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် လင်းအားကြီး ၃း၃၀ နာရီတွင် အိပ်ပျော် နေစဉ် တုတ်၊ ဓါးများ ကိုင်ဆောင် ထားသော ရခိုင် အစွန်းရောက် (၇) ဦး ရောက်ရှိလာပြီး၊ လူမဆန်စွာ ရိုက်နှက်၍ ဓါးဖြင့် ခုတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မှောင်မိုက်နေသည့် အချိန် ဖြစ်သဖြင့် ရိုက်နှက်၍ ဓါးဖြင့် ခုတ်သည့် ရခိုင် အစွန်းရောက်များကို မည်သူမည်ဝါမှန်း မသိခဲ့ကြောင်း ဓါးဖြင့် အခုတ်ခံရသူက ပြောပါသည်။ ဦးခေါင်းတွင် ဓါးဖြင့် (၄) ချက် ခုတ်ခံခဲ့ရပြီး၊ ဘယ်လက်မှာ အရေပြား အထိကပ်၍ ခုတ်ခံခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

ရေတွင်းကျွန်း ကျေးရွာသည် ရခိုင်အစွန်းရောက် အများစု နေထိုင်သည့် ခြံပြင်ကျေးရွာနှင့် အနီးစပ်ဆုံး ရွာတစ်ရွာ ဖြစ်သည်။ မတ်လကုန်ပိုင်းမှ စ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂလီ-ရခိုင် ၁၂၀ ဦးထက် မနည်း ရခိုင်ပြည်နယ် မောင်တောမြို့သို့ ရောက်ရှိ လာပြီးနောက် အကြမ်းဖက်ရန် ကြိုးစားမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ဦးအာဘူအာမတ်ကို ဓါးဖြင့် ခုတ်ခံရခြင်း ဖြစ်သည်။

ယခု အခါ ဒေသခံ ရိုဟင်ဂျာများက ပုဇွန်ကန်တဲ၊ တောင်ယာတဲနှင့် စိုက်ခင်းတဲ များတွင် ညစောင့် အိပ်သောသူများကို သတိဝီရိယဖြင့် အိပ်ရန် နိုးဆော်ထားကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus