နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်မြေရဲများက ဒေသခံများ၏ ဆိတ်များကို မတရား ဖမ်းဆီး၍ စားသုံးနေ




Sindi Khan
RB News
14.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၆) နယ်မြေမှ ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများ၏ ဆိတ်များကို မတရား ဖမ်းဆီး၍ စားသုံးနေပြီး၊ နယ်မြေမှူးကို တိုင်ကြားသော်လည်း အရေးမယူသည့် အပြင် ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၆) နယ်မြေရုံးမှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံရိုဟင်ဂျာများ ပိုင်ဆိုင်သော ဆိတ်၊ ကြက်များကို မကြာခဏ ဆိုသလို ဖမ်းဆီး၍ စားသုံးလျက် ရှိကြောင်း ဒေသခံ များက ပြောပါသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ကျောက်လှေကား ကျေးရွာ အုပ်စု၊ သဲချောင်းရွာမှ ဦးမိုဂျီဘူရာမန် (ဘ) ဦးအီဆာခ် (အသက် ၃၃ နှစ်) ၏ ဆိတ် ၃ ကောင် အစာစားနေစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆိတ်များကို ဖမ်းဆီးရန် ကြိုးစားခဲ့ရာ ဆိတ်များ ထွက်ပြေး သွားခဲ့သော်လည်း တစ်ကောင်ကို ဖမ်းဆီး ရမိပြီး ထိုနေရာတွင်ပင် ရိုက်နှက် သတ်ဖြတ်၍ နယ်မြေစခန်းသို့ သယ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဆိတ်၏ ကာလတန်ဖိုးမှာ ငွေကျပ် ၃ သောင်း ၅ ထောင် ရှိသည်ဟု သိရှိရပါသည်။

ဧပြီလ ၉ ရက်နေ့ကလည်း ဦးရော်ဖိတ် (ဘ) ဦးဘူးဂါ၏ ဆိတ်တစ်ကောင်သည် လမ်းမှား၍ နယ်မြေစခန်းရုံးဝင်း ထဲသို့ ၀င်သွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ သတ်ဖြတ် စားသောက် ခဲ့သည်။ အဆိုပါ ဆိတ်၏ ကာလ တန်ဖိုးမှာ ကျပ် ၄ သောင်း ၅ ထောင်ခန့် ရှိကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၁၂ ရက်နေ့က ဖမ်းဆီး သတ်ဖြတ် ခံခဲ့ရသည့် ဆိတ်နှင့် ပတ်သက်၍ ပိုင်ရှင်ဖြစ်သူ ဦးမိုဂျီဘူရာမန်က နယ်မြေ စခန်းမှူး ဒုရဲမှူး စိုးမြင့် အိမ်သို့ ညနေ ၆ နာရီ အချိန်တွင် သွားရောက် တိုင်ကြားခဲ့ရာ နယ်မြေမှူးက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆို၍ မောင်းထုတ် ခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus