နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလီ-ရခိုင် တစ်ဦးက မြားပစ်၍ တိုက်ခိုက်၊ ရိုဟင်ဂျာ လူငယ်တစ်ဦး မျက်လုံးထွက်




RB News
12.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ပိတ်ရွာမှ ရိုဟင်ဂျာ လူငယ်တစ်ဦးကို ဘင်္ဂလီ-ရခိုင် တစ်ဦးက မြားဖြင့် ပစ်ရာ မျက်လုံးထွက်သည့် အထိ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ပိတ်ရွာမှ မိုဟာမတ် အေကာရာမ် (ဘ) ဦးဒိလ်မာမတ် (အသက် ၂၂ နှစ်) သည် ပျောက်ဆုံးနေသည့် နွားတစ်ကောင်ကို ရှာဖွေရန် ရွာ၏ အရှေ့ဘက်တွင် ရှိသော န.တ.လ ရွာအနီးရှိ တောင်ပေါ်သို့ သွားနေစဉ် န.တ.လ ရွာမှ ဘင်္ဂလီ-ရခိုင် တစ်ဦး ဖြစ်သူ ဦးလှထွန်းက မြားဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မျက်လုံးကို ထိမှန်ပြီး မျက်လုံးထွက်သည့် အထိ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မိုဟာမတ် အေကာရာမ်သည် ဦးဘော်ဒေါလီဆလာမ် (ခ) ဦးမောင်မောင်တင် ထံတွင် အလုပ်လုပ်ကိုင် နေသူ တစ်ဦး ဖြစ်သည်။ မျက်လုံး ထွက်သည့် အထိ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သော်လည်း မောင်တော ပြည်သူ့ ဆေးရုံသို့ သွားရောက်၍ ဆေးကုသနိုင်ခြင်း မရှိသလို၊ ပြင်ပ ဆေးခန်းတွင်လည်း ကောင်းမွန်စွာ ဆေးကုသမှု ခံယူနိုင်ခြင်း မရှိသဖြင့် ပြင်းထန်စွာ ဝေဒနာ ခံစားနေရကြောင်း သိရှိရပါသည်။

မြားဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် ဘင်္ဂလီ-ရခိုင် ဦးလှထွန်းသည် ဒေသခံ တစ်ဦး မဟုတ်ဘဲ၊ လွန်ခဲ့သည့် စစ်အစိုးရ လက်ထက် န.တ.လ စီမံကိန်းတွင် တစ်ဖက်နိုင်ငံမှ လာရောက်၍ အခြေချ နေထိုင်သူ တစ်ဦး ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus