နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ လူမိုက်အောင်နိုင်ကို ရဲစခန်းမှ အရေးမယူနိုင်ဟုဆို




RB News
22.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လူမိုက်ဆန်ဆန် သောင်းကျန်းလျက် ရှိသော လူမိုက် အောင်နိုင်အတွက် ရဲစခန်းတွင် အမှုဖွင့်ရန် တိုင်ကြားခဲ့သော်လည်း ရဲစခန်းမှ အရေးမယူနိုင်ဟု ဆိုကာ အမှုဖွင့် မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၀) ရက်နေ့ နေ့လည် (၂) နာရီတွင် ဘူးသီးတောင်မြို့နယ်မှ လူမိုက် အောင်နိုင်သည် အလယ်ချောင်း ကျေးရွာ အုပ်စု၊ လသာရွာမှ ဆိုင်ကယ် တက္ကစီ မောင်းနှင်သူ ဦးမိုဟာမတ်ရှာကဲရ် (ဘ) ဦးနော်ဇီရ်အာမတ် ထံမှ ဆိုင်ကယ် တောင်းခဲ့သည်။ ဦးမိုဟာမတ် ရှာကဲရ်က ၎င်း၏ ဆိုင်ကယ်သည် စားဝတ် နေရေးအတွက် ၀င်ငွေရှာသည့် ဆိုင်ကယ် ဖြစ်သည့် အတွက် မပေးနိုင်ဟု ကောင်းမွန်စွာ ပြောဆိုခဲ့သော်လည်း လူမိုက် အောင်နိုင်က ဦးမိုဟာမတ်ရှာကဲရ်ကို ထိုနေရာတွင်ပင် လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက် ခဲ့ရာ မျက်လုံးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး တစ်နာရီကျော်ကြာ သတိလစ် သွားခဲ့သည်။ ရိုက်နှက်ခဲ့သည့် နေရာသည် အမှတ် (၇) ရပ်ကွက် လမ်းဆုံတွင် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လူမဆန်စွာ ရိုက်နှက်ခံရသည့် ဦးမိုဟာမတ် ရှာကဲရ်သည် သတိပြန်ရသည့် အခါ ဘူးသီးတောင်မြို့နယ် ရဲစခန်းသို့ သွားရောက်၍ အမှုဖွင့်၍ တိုင်ကြားရန် ကြိုးစား ခဲ့သော်လည်း မြို့နယ် ရဲစခန်းက လူမိုက် အောင်နိုင်သည် လူမိုက် တစ်ဦး ဖြစ်ပြီး၊ အလွန် ရက်စက်သူ တစ်ဦး ဖြစ်သလို၊ RNDP ပါတီ ခေါင်းဆောင်း တစ်ဦး ဖြစ်သည့် အတွက် အရေးယူရန် မဖြစ်နိုင်ကြောင်း ပြောဆို၍ အမှုဖွင့် မပေးခဲ့ကြောင်း သိရှိရပါသည်။

လူမိုက်အောင်နိုင်သည် ဘူးသီးတောင်မြို့နယ် မူလတန်းလွန်ကျောင်းမှ ကာယ ဆရာ တစ်ဦးဖြစ်ပြီး၊ ယခင်ကလည်း ဆိုင်ကယ် တက္ကစီသမားများ ထံမှ ဆိုင်ကယ် ယူ၍ ရက်ပေါင်းများစွာ စီးသည့် အပြင် ပြန်တောင်းသည့် အခါတွင် ပိုင်ရှင်ထံမှ ငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည် များကို RB News တွင် ဖော်ပြခဲ့သည်။

Comment ရေးရန်

Rohingya Exodus