နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ ကျားခေါင်းတောင်ရွာ ကင်းစခန်းမှ ရဲများ လုယက်၊ ငွေညှစ်




MYARF & Sindi Khan
RB News
18.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ ရဲများသည် ဒေသခံ ရိုဟင်ဂျာများ ထံမှ လုယက်ခြင်း၊ ရိုက်နှက် နှိပ်စက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ ကိုအဘူကလာမ် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၇ နှစ်) နှင့် ကိုနူးရ်မိုဟာမတ် (ဘ) ဦးဆယာဒ်ဟူစိန်း (အသက် ၂၉ နှစ်) တို့သည် ငှက်ပျောသီး များနှင့် ထင်းများ ရောင်းချရန် သွားစဉ် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ ဒုရဲအုပ် အောင်အောင်က ငှက်ပျောသီး များနှင့် ထင်းများကို လုယက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် အဆိုပါ လူငယ် နှစ်ဦးကို သေနတ်ကိုင်ခိုင်းပြီး ဓါတ်ပုံ (၄) ပုံ ရိုက်ယူ၍ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရပါသည်။

ဒုရဲအုပ် အောင်အောင်သည် ငန်းချောင်း၊ ရေတွင်းကျွန်းမှ လမ်းသွား လမ်းလာသူများကို ခေါ်၍ အမျိုးမျိုး ဒုက္ခ ပေးလျက် ရှိပြီး၊ ဆိုင်ကယ်ဖြင့် သွားလာသူများကိုလည်း လေးခွဖြင့် ပစ်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။

ကျားခေါင်းတောင် ကျေးရွာမှ ဦးမိုဟာမတ် ဟာရှီမ် (ဘ) ဦးမိုဟာမတ်ဇော်လိလ် သည် ဆင်းရဲ နွမ်းပါးသူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ အိမ်သည် တောင်ကုန်းနှင့် ကပ်လျက် ရှိသည်။ ၎င်းမှ အိမ်သာနှင့် ရေချိုးခန်း ဆောက်လုပ်ရန် အတွက် အိမ်နှင့် ကပ်လျက်ရှိသည့် တောင်ကုန်းမှ သစ်အချို့ ခုတ်ထွင်း ခဲ့ရာ၊ ဧပြီလ ၁၇ ရက်နေ့တွင် ချောင်းဝ ကင်းစခန်းမှ ရဲများ လာရောက်၍ ကြက်ဖ တစ်ကောင် ပေးရန် တောင်းခဲ့သည်။ ဆင်းရဲနွမ်းပါးသည့် ဦးမိုဟာမတ် ဟာရှီမ်သည် ကြက်ဖ ၀ယ်ပေးရန် ငွေမရှိဟု ပြောဆိုခဲ့သော်လည်း ရွာသား တစ်ဦးထံမှ ငွေချေး၍ ၀ယ်ပေးခိုင်းသည့် အတွက် ၀ယ်ပေး ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus