နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးဖမ်းသမား လူငယ်တစ်ဦးကို ရခိုင် အစွန်းရောက်များက ရိုက်နှက်၍ ငါးများ လုယက်




Rohingya Eye
RB News
16.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အထက်ပြူးမ ကျေးရွာမှ ငါးဖမ်းသမား ရိုဟင်ဂျာ လူငယ်တစ်ဦးကို ရခိုင်အစွန်းရောက် နှစ်ဦးက ရိုက်နှက်၍ ငါးများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၂) ရက်နေ့ ည ၇း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ အထက်ပြူးမ ကျေးရွာမှ ငါးဖမ်းသမား တစ်ဦး ဖြစ်သည့် ကိုအီလီယာစ် (ဘ) ဦးအဒူလ္လာ (အသက် ၂၅ နှစ်) သည် ငါးဖမ်း၍ ပြန်လာစဉ် ရွာ၏ အနောက်ဘက်ခြမ်းရှိ ကန်အနီးသို့ အရောက်တွင် တုတ်နဲ့ ဓါးရှည်များ ကိုင်ဆောင် ထားသည့် ရခိုင်အစွန်းရောက် နှစ်ဦးက ရိုက်နှက်၍ လက်ထဲရှိ ငါးများကို လုယက် ယူသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရခိုင်အစွန်းရောက် နှစ်ဦး၏ ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသည့် ကိုအီလီယာစ်သည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသိန်းထံ တိုင်ကြားခဲ့သော်လည်း စုံစမ်း စစ်ဆေး၍ အရေးယူ ဆောင်ရွက် ပေးခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။ ကိုအီလီယာစ်၏ ဒဏ်ရာများကို မြင်တွေ့သည့် အုပ်ချုပ်ရေးမှူး ဦးဘသိန်း၏ ဖခင်က သနားကြင်နာ၍ ဆေးကုသ ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ရွာအုပ်ချုပ်ရေးမှူး ဦးဘသိန်းသည် ၉၆၉ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကလည်း ရခိုင်အစွန်းရောက် အုပ်စု တစ်စုဖြင့် ပူးပေါင်းပြီး ဒေသခံ ရိုဟင်ဂျာ များကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့် အတွက် သင်္ကြန်ရက် အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus